@divanshutomar2: @vansh_chauhan_39 #fyu #4u #foru #loveu #foryoupage #fusestatus #shayari #relateble #tiktokindia #tiktok #foryou #treand #crush @tiktok_india #viral

DivanshuTomar24
DivanshuTomar24
Open In TikTok:
Region: IN
Thursday 04 June 2020 18:28:48 GMT
741
57
0
12

Music

Download

Comments

There are no more comments for this video.
To see more videos from user @divanshutomar2, please go to the Tikwm homepage.

Other Videos

ထိုင်းနိုင်ငံတွင် ရာဇဝတ် တရားခံပြေး တရုတ်နိုင်ငံသားက မြန်မာနိုင်ငံသားအဖြစ် အမည်ပြောင်းလဲကာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ထိုင်းဘတ်သန်း ၆၀၀ တန် ကုမ္ပဏီများ ဖွင့်လှစ်ထားမှု ဖမ်းဆီးစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ ၁၆  ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံ၌ ရာဇဝတ်မှုဖြင့် အလိုရှိနေသည့် တရုတ်နိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံသား Mr. Myo အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အသုံးပြုကာ ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော် နေထိုင်ခဲ့ပြီး ဘတ်သန်း ၆၀၀ ခန့်တန်ဖိုးရှိသည့် ကုမ္ပဏီ ၃ ခုနှင့် မြေ ၇ ကွက် ပိုင်ဆိုင်ထားမှုကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း Matichon သတင်းတွင် ဖော်ပြထားသည်။ စက်တင်ဘာ ၁၆ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဦးဆောင်သည့် အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်တွင်းရေးရာဌာနနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာန (AMLO) တို့ ပူးပေါင်း၍ စမွတ်ဆာခွန်ခရိုင်ရှိ တာယာထုတ်လုပ်ရေးစက်ရုံနှင့် ဆက်စပ်ကုမ္ပဏီများကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ Mr. Myo အမည်ဖြင့် နေထိုင်သူသည် ထိုင်းနိုင်ငံသားများကို အမည်ခံရှယ်ယာရှင် (Nominee) အဖြစ် အသုံးပြုကာ စမွတ်ဆာခွန်ခရိုင်၊ ကထုံဘန်မြို့နယ်၊ အွမ်နွိုင်ဒေသရှိ ကုမ္ပဏီ ၃ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။  အဆိုပါကုမ္ပဏီ ၃ ခု၏ မှတ်ပုံတင်အရင်းအနှီးမှာ စုစုပေါင်း ဘတ် ၁၉၁ သန်း ရှိပြီး နေအိမ်၊ စက်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသည့် မြေ ၇ ကွက်ကို ပိုင်ဆိုင်ထားကာ စုစုပေါင်းတန်ဖိုးမှာ ဘတ်သန်း ၆၀၀ ခန့် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ Mr. Myo သည် ကုမ္ပဏီ ၃ ခုစလုံးတွင် တိုက်ရိုက်ရှယ်ယာပိုင်ဆိုင်သူအဖြစ် မှတ်ပုံတင်ထားသည့်အပြင် ကုမ္ပဏီအားလုံး၏ လုပ်ပိုင်ခွင့်ရှိ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားကြောင်း သိရသည်။ ထိုင်းနိုင်ငံသားများအဖြစ် မှတ်ပုံတင်ထားသည့် ရှယ်ယာရှင်များကို စစ်ဆေးရာတွင် အချို့မှာ အငှားယာဉ် မောင်းများဖြစ်ပြီး ကုမ္ပဏီများတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ရှယ်ယာပိုင်ဆိုင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ထို့နောက် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို၏ Facial Recognition စနစ်ဖြင့် စစ်ဆေးရာ Mr. Myo သည် တရုတ်နိုင်ငံသား Mr. Li နှင့် လူတစ်ဦးတည်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုင်းအာဏာပိုင်များက တရုတ်ရဲတပ်ဖွဲ့ထံ အချက်အလက်ပေးပို့စစ်ဆေးခဲ့ရာ Mr. Li သည် တရုတ်အစိုးရက အလိုရှိနေသည့် တရားခံတစ်ဦးဖြစ်ပြီး အစိုးရစီမံကိန်းများနှင့် ဆက်စပ်သည့် အကျင့်ပျက်ခြစားမှုကို အားပေးကူညီမှုဖြင့် အမှုဖွင့်ထားသူဖြစ်ကြောင်း သိရသည်။ Mr. Li သည် တရုတ်နိုင်ငံမှ ထွက်ပြေးပြီးနောက် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်/ထွက်ခွာမှု ၁၄ ကြိမ် ပြုလုပ်ခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ်မှစတင်၍ Mr. Myo အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို အသုံးပြုကာ ထိုင်းနိုင်ငံသို့ ၄၈ ကြိမ် ထပ်မံဝင်ရောက်/ထွက်ခွာခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့သည် အထောက်အထားများ စုဆောင်းပြီးနောက် စမွတ်ဆာခွန်ခရိုင်တရားရုံးထံမှ ဖမ်းဝရမ်းရယူကာ ကုမ္ပဏီ ၃ ခုကို ဝင်ရောက်ရှာဖွေခဲ့သည်။ ရှာဖွေမှုအတွင်း မြေယာပိုင်ဆိုင်မှုလက်မှတ်များ၊ အရေးကြီးစာရွက်စာတမ်းများနှင့် ဘတ် ၉ သန်းတန် မြေယာအရောင်းအဝယ်စာချုပ် အပါအဝင် သက်သေခံပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် Mr. Li ကို ထိန်းသိမ်းကာ ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေကြောင်း၊  ရဲတပ်ဖွဲ့၏ ထပ်မံစစ်ဆေးချက်အရ Mr. Myo သည် ယခင်က တရုတ်နိုင်ငံသူတစ်ဦး ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ပစ္စည်းဖျက်ဆီးမှုနှင့် ဓားဖြင့်ခြိမ်းခြောက်ကာ ဘတ် ၁၅ သန်းတန် အကြွေးဝန်ခံစာ လက်မှတ်ရေးထိုးခိုင်းမှုတို့ဖြင့်လည်း တိုင်ကြားခံထားရကြောင်း သိရသည်။  ထို့အပြင် အဆိုပါအမျိုးသမီး၏ နေအိမ်အတွင်း ဝင်ရောက်ကာ ငွေကြေးနှင့် အရေးကြီးစာရွက် စာတမ်းများ ယူဆောင်ခြင်း၊ လက်နှင့် ခြေများကို တိပ်ဖြင့်ချည်နှောင်ခြင်း၊ ဦးခေါင်းကို ပလတ်စတစ်အိတ်ဖြင့် ဖုံးအုပ်ခြင်း၊ ရေတွင်းထဲသို့ ဦးခေါင်းနှိပ်ချခြင်းနှင့် ကိုယ်ခန္ဓာကို မီးဖြင့်လောင်ကျွမ်းစေသည့် လုပ်ရပ်များ ပြုလုပ်ခဲ့သည်ဟု တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါအမျိုးသမီးသည် ထွက်ပြေးလွတ်မြောက်ပြီး ကထုံဘန်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မှတ်ပုံတင်အတုအယောင်အသုံးပြုမှု၊ အမည်ခံရှယ်ယာပိုင်ဆိုင်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #မြန်မာသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ် #zayartbz #ပြည်တွင်းသတင်း

About