@dilmil_: POV: When you’re dreaming about your perfect guy 💭 @rezaandpuja #dilmil #desi #brown #internationaldanceday

Dil Mil
Dil Mil
Open In TikTok:
Region: US
Thursday 29 April 2021 15:14:29 GMT
3443
125
3
1

Music

Download

Comments

victoriousvibez24
Victorious Vibez :
She looking at my dick pcs lol
2025-08-19 18:54:54
0
To see more videos from user @dilmil_, please go to the Tikwm homepage.

Other Videos

#မိန်းမရဲသခင်မတောင်သမိုင်း မိန်းမရဲသခင်မ တောင်တော်ဟာ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ထဲမှာ တည်ရှိတဲ့ ဝမ်းနည်းရင်နင့်ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်ခဲ့တဲ့ နေရာလေး တစ်ခုပါပဲ။  ဒီနေရာလေးကို သွားရောက်လည်ပတ်သူတွေ များပေမယ့် သမိုင်းကြောင်းကို သိသူတွေတော့ ရှားပါးလိမ့်မယ် ထင်ပါတယ်။ သမိုင်းကြောင်းလေးက ဒီလိုပါ။ နာမည်က နန်းဧကရီမွှေး။အချောအလှ ဘုရင့် သမီးတော် တစ်ပါးပေါ့။အချစ်ဆိုတာက ဆန်းကျယ်တယ်လေ။သူချစ်မိတာက အညတရ ကျေးတောသားလေး ကုမ္မာရ တဲ့။သူတို့နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွှေနားတော်နား ပေါက်ကြားလို့ ဘုရင်ထီးဘုရား အမျက်တော် ပွားစေခဲ့ပါသတဲ့။ အမဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူ့ငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်ချမှတ်လိုက်ပါသတဲ့။ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ခံစားရတယ် ထင်ပါရဲ့။ ချစ်သူမောင့်ကို စိတ်ပူလို့ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ်ဆိုပါတော့။ အညတရ ကုမ္မာရ ကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ဝေးရာ ထွက်ပြေးရှာပါတော့တယ်။အခု မိန်းမရဲတောင်ရဲ့ အရှေ့ဘက်မှာ ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာလေးကို ဖြတ်သန်းဖို့ အဖိုးခ ငွေတွေတောင်းတော့ ပေးစရာငွေက ဗလာနတ္ထိ ဘာမှမရှိတော့ ကုမ္မာရ ကျေးတောသားလေး သွေးပျက်ပြီထင်ပါရဲ့။ အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်းခွန်တော် မဆောင်နိုင်လို့ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်တဲ့လေ။  ဘုရင့်သမီးတော်လေး နန်းဧကရီမွှေးအတွက် အားကိုးစရာ မရှိ။ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ
#မိန်းမရဲသခင်မတောင်သမိုင်း မိန်းမရဲသခင်မ တောင်တော်ဟာ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ထဲမှာ တည်ရှိတဲ့ ဝမ်းနည်းရင်နင့်ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်ခဲ့တဲ့ နေရာလေး တစ်ခုပါပဲ။ ဒီနေရာလေးကို သွားရောက်လည်ပတ်သူတွေ များပေမယ့် သမိုင်းကြောင်းကို သိသူတွေတော့ ရှားပါးလိမ့်မယ် ထင်ပါတယ်။ သမိုင်းကြောင်းလေးက ဒီလိုပါ။ နာမည်က နန်းဧကရီမွှေး။အချောအလှ ဘုရင့် သမီးတော် တစ်ပါးပေါ့။အချစ်ဆိုတာက ဆန်းကျယ်တယ်လေ။သူချစ်မိတာက အညတရ ကျေးတောသားလေး ကုမ္မာရ တဲ့။သူတို့နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွှေနားတော်နား ပေါက်ကြားလို့ ဘုရင်ထီးဘုရား အမျက်တော် ပွားစေခဲ့ပါသတဲ့။ အမဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူ့ငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်ချမှတ်လိုက်ပါသတဲ့။ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ခံစားရတယ် ထင်ပါရဲ့။ ချစ်သူမောင့်ကို စိတ်ပူလို့ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ်ဆိုပါတော့။ အညတရ ကုမ္မာရ ကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ဝေးရာ ထွက်ပြေးရှာပါတော့တယ်။အခု မိန်းမရဲတောင်ရဲ့ အရှေ့ဘက်မှာ ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာလေးကို ဖြတ်သန်းဖို့ အဖိုးခ ငွေတွေတောင်းတော့ ပေးစရာငွေက ဗလာနတ္ထိ ဘာမှမရှိတော့ ကုမ္မာရ ကျေးတောသားလေး သွေးပျက်ပြီထင်ပါရဲ့။ အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်းခွန်တော် မဆောင်နိုင်လို့ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်တဲ့လေ။ ဘုရင့်သမီးတော်လေး နန်းဧကရီမွှေးအတွက် အားကိုးစရာ မရှိ။ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ "ဒီနေရာကို အတွဲလာ ကွဲစေ" ဆိုတဲ့ ကျိန်စာကိုဆိုပြီး ခုန်ချသွားရှာပါသတဲ့။ ဘုရင့်သမီးတော်လေးက အချစ်ကို ဦးစားပေး ကုမ္မာရကို ရွေးခဲ့တာတောင် အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ကာ ချစ်သူကိုထားပြီး နောက်ဆုတ်လှည့်ပြန် ထွက်ပြေးသွားတော့ ဘုရင့်သမီးတော်လေးခမျာ အချစ်ကို အရမ်းစိတ်နာသွားရှာမှာပါပဲ။ အရင်ကတော့ ဒီတောင်ကို မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ အချိန်ကာလတွေ ရွေ့လျားလာတော့ မိန်းမရဲတောင်အဖြစ် လူသိထင်ရှားလာတော့တာပါပဲ။ ဘယ်လိုဖြစ်ပြီး အခုလို မိန်းမရဲတောင် ဖြစ်လာသလဲဆိုတော့ ယောက်ကော်ဘရသေ့ကြီးပေါ့။ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေးက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါဆိုပြီး ဘရသေ့ကြီးကို အိမ်မက်ပေးခဲ့ပါတဲ့။ ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင်း တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့ပါသတဲ့။ကားဆရာက ကြိုးစားပြုပြင်ပေမယ့်မရပါဘူးတဲ့။ ဒီလိုနဲ့ ညနေ နေညိုစောင်းချိန်လေးမှာ ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက် ထွက်လာပါသတဲ့။ ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့တောင်ပါလို့ ပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားပါတော့သတဲ့။ ဪ...ဘုရင့်သမီးတော်လေး နန်းဧကရီမွှေးကတော့ ဒီတောင်ကြီးနားမှာ မကျွတ်မလွတ်သော အစိမ်းသေတစ်ယောက်အဖြစ် ရှိနေလေဦးမလားလို့တွေးရင်း တောင်ခြေက ဦးလေးကြီး ပြောပြချက်တွေကို နားထောင်ရင်း ကြက်သီးမွှေးညင်းတွေ ထနေမိသလို အခုဒီစာကို ရေးနေရင်းလည်း ကြက်သီးမွှေးညင်းတွေ ထနေတော့တာပါပဲ။ ဘုရင့်သမီးတော်လေး နန်းဧကရီမွှေးရေ အစိမ်းသေဘဝက မကျွတ်မလွတ်သေးဘူးဆိုရင်လည်း ပြုခဲ့ဖူးသမျှသော ဒါနကုသိုလ်၊ကျင့်သုံးဆောက်တည်ခဲ့ဖူးသော သီလကုသိုလ်၊ပွားများအားထုတ်ခဲ့ဖူးသော ဘာဝနာကုသိုလ် ကောင်းမူ အစုစုတို့ကို အမျှအတမ်းပေးဝေပါတယ်။အမြန်ဆုံးကျွတ်လွတ်လို့ ဖြစ်လေရာဘဝ ဘုံဌာနမှာ ရဲရင့်သော၊သစ္စာရှိသော၊အချစ်အတွက် ထပ်တူစွန့်စားရဲ့သော အချစ်တွေနဲ့ ဆုံဆည်းရပါစေ။ ဖြစ်လေရာဘဝဆက်တိုင်းမှာ အခုလိုရင်နာစရာ အချစ်မျိုးတွေနဲ့ မကြုံဆုံရပါစေနဲ့လို့ အမျှဝေဆုတောင်းပေးရင်း....! #ရောက်ပီးပီးလား #myanmartiktok #မိန်းမရဲသခင်မတောင်

About