@amine_tlm0: #الجزائر🇩🇿 #قطاع الصحة #infirmiere militaire ❤💪 #اكسبلورexplore #tiktok

القناص 🪯
القناص 🪯
Open In TikTok:
Region: DZ
Sunday 15 May 2022 11:55:52 GMT
1432
70
4
44

Music

Download

Comments

otman_tlm13
ØTMÃN_🇩🇿 :
❤❤
2022-05-15 17:00:33
1
amirachahinaze1
Amira chahinaze :
Allah y3awnk zamili🥰
2022-05-16 20:35:32
1
To see more videos from user @amine_tlm0, please go to the Tikwm homepage.

Other Videos

ကျောင်းဆရာမလေး မဇာဇာခိုင်တို့ မိသားစု နောက်ဆုံးအနေနဲ့ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့တဲ့ ကထိန် အလှူပွဲလေး ဖြစ်ပါတယ်။ အဲ့ဒီ ကထိန်ပွဲမှာ ကျောင်းသားကျောင်းသူ တချို့က ဦးရွှေရိုး အက ကပြ ကြပါတယ်။ မိုးကြိုးပစ်တာထက် ပိုဆိုးရွားတဲ့ ကံကြမ္မာဆိုးကြီး မကြာခင် သူတို့ရွာအပေါ် ကျရောက် လာတော့မယ် ဆိုတာကို မသိကြဘဲ တစ်ရွာလုံးက ကထိန်ပွဲလေးမှာ ပျော်ပျော်ပါးပါး၊ သိုက်သိုက်ဝန်းဝန်း ဆင်နွှဲလို့ပါ။ နိုဝင်ဘာလ ၅ရက် မွန်းလွဲပိုင်း ၃ နာရီက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်၊ ပုလဲမြို့နယ်ထဲက အိုင်းမကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ပါတယ်။ အိုင်းမရွာရဲ့ ကထိန်အလှူပွဲဟာ ကြီးကြီးကျယ်ကျယ်ကြီး မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှစ်စဉ်ကျင်းပမြဲ ရိုးရာဓလေ့ အလှူပွဲလေးပါ။ စစ်အုပ်စုက ကြဲချသတ်ဖြတ်တဲ့ ဗုံးတွေဟာ ကထိန်ပွဲ လုပ်နေတဲ့ ဘုန်းကြီးကျောင်း လူအုပ်ထဲသာ ကျရောက် ပေါက်ကွဲပါက ကျေးရွာအတွင်း အလောင်းကောက် သင်္ဂြိုဟ်မယ့်သူတောင် ကျန်မှာ မဟုတ်ဘဲ အများအပြား သေကြေနိုင်တယ်လို့ အိုင်းမကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ကျေးရွာ ပအဖ တာဝန်ခံက ပြောပါတယ်။ ကထိန်အလှူပွဲကို ဗုံးကြဲ သတ်ဖြတ်တာဟာ ရိုးရိုးဓလေ့ကို ဖျက်ဆီးတာလို့လည်း ကျေးရွာ ပအဖ တာဝန်ခံက ဆိုပါတယ်။ ပုလဲမြို့နယ် အိုင်းမကျေးရွာဟာ အိမ်ထောင်စု ၆၀၀ နဲ့ လူဦးရေ - ၂၇၀၀ ဝန်းကျင် နေထိုင်တဲ့ ရွာ ဖြစ်ပါတယ်။ ကျေးရွာအတွင်း PDF စခန်း၊ PDF တွေ စုဝေးနေထိုင်တာ မရှိဘဲ စစ်အုပ်စုက ဗုံးကြဲသတ်တာလို့ ဆိုကြပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လအထိ ရှစ်လတာကာလ၊ ရက်ပေါင်း ၂၄၀ အတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၆၀၀ ကျော် ကျူးလွန်ခဲ့ပါတယ်။ အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၁၄ ဦးနဲ့ ဒဏ်ရာရသူ ၁၅၀၀ ကျော် ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသန အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် စစ်အုပ်စု က နိုင်ငံတဝန်း တစ်နေ့ကို အနည်းဆုံး ခြောက်ကြိမ်နှုန်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေကာ တစ်နေ့ကို လူ ၁၀ ဦးနှုန်း သေဆုံး၊ ဒဏ်ရာရနေတာပါ။ အညာကျေးလက်က ကထိန်အလှူပွဲကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ သား၊သမီး၊ မိခင် စတဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအကြောင်း MFP က တင်ဆက်ထားပါတယ်။ ရိုက်ကူး - TT၊ တင်ဆက် - မှူးအိန်ဂျယ်လ်၊ တည်းဖြတ် - ကျားကြီး @Zayar TBZ 10(X) @ZayarTBZ ေမာင္သံဒိုး #myanmarcelebritytiktok #အရေးတော်ပုံအောင်ရမည် #ပြည်သူများဘေးကင်းကြပါစေ #တော်လှန်ရေးရဲဘော်များဘေးကင်းကြပါစေ #စစ်အာဏာရှင်စနစ်ကျရှုံးပါစေ #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #myanmarnews

About