@xc6005403kt: Handlebar extension mount bicycle handlebar bracket extender

articles for daily use
articles for daily use
Open In TikTok:
Region: PH
Saturday 26 August 2023 22:10:35 GMT
11467
35
2
15

Music

Download

Comments

xc6005403kt
articles for daily use :
🥰🥰🥰
2023-08-26 22:10:47
0
baobaohaowu
Maternal and child supplies :
🥰🥰
2023-08-26 22:11:52
0
To see more videos from user @xc6005403kt, please go to the Tikwm homepage.

Other Videos

နိဗ္ဗာန်ဆိုတာ ကောင်းကင်ဘုံကိုပြောတာ မဟုတ်ဘူး။ လူတွေရဲ့သဏ္ဍာန်မှာ ဖြစ်တဲ့ကိလေသာတွေ  အားလုံးငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲပေါ့။  နိဗ္ဗာန်ဆိုတာ တကယ်ရှိသလားဆိုတော့  ဒါက ဘုန်းကြီးအနေနဲ့ ဖြေရမှာမဟုတ်ဘူ့း ဗုဒ္ဓဘာသာအနေနဲ့ ဖြေရမယ်ဆို  နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်။ 🔥သေခြင်းတရားရှိတယ်ဆိုရင်  မသေတဲ့တရားလဲရှိတယ်နော်။ 🔥လောကမှာအပူရှိရင် အအေးရှိတယ်။ အဲ့တော့ သင်္ခါရတရားတွေက ဖန်တီးထားတာ ရှိသည့်အတွက်ကြောင့် အကြောင်းတရားတွေက မဖန်တီးတဲ့ အရာတွေလဲရှီတယ်။ ဒီလို မြတ်စွာဘုရားက  နိဗ္ဗာန် တကယ်ရှိတယ်ဆိုတာကို  သက်သေပြထားတာရှိတယ်နော်။ နိဗ္ဗာန်သည် ဘယ်အရပ်မှာတည်ရှိပြီး  ၄င်းတည်ရှိကြောင်းကို ဘယ်နည်းနဲ့ သိနိုင်ပါသနည်း။  ဆိုတော့ နိဗ္ဗာန်ဆိုတာ ဘယ်အရပ်မှာရှိတယ်လို့  ပြောလို့မရဘူး။ ပြောချင်လို့ရှိရင်ပြောရမှာက  သင်္ခါရတရားတွေရဲ့ ချုပ်ရာသည်  နိဗ္ဗာန်ဖြစ်သောကြောင့်…
နိဗ္ဗာန်ဆိုတာ ကောင်းကင်ဘုံကိုပြောတာ မဟုတ်ဘူး။ လူတွေရဲ့သဏ္ဍာန်မှာ ဖြစ်တဲ့ကိလေသာတွေ အားလုံးငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲပေါ့။ နိဗ္ဗာန်ဆိုတာ တကယ်ရှိသလားဆိုတော့ ဒါက ဘုန်းကြီးအနေနဲ့ ဖြေရမှာမဟုတ်ဘူ့း ဗုဒ္ဓဘာသာအနေနဲ့ ဖြေရမယ်ဆို နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်။ 🔥သေခြင်းတရားရှိတယ်ဆိုရင် မသေတဲ့တရားလဲရှိတယ်နော်။ 🔥လောကမှာအပူရှိရင် အအေးရှိတယ်။ အဲ့တော့ သင်္ခါရတရားတွေက ဖန်တီးထားတာ ရှိသည့်အတွက်ကြောင့် အကြောင်းတရားတွေက မဖန်တီးတဲ့ အရာတွေလဲရှီတယ်။ ဒီလို မြတ်စွာဘုရားက နိဗ္ဗာန် တကယ်ရှိတယ်ဆိုတာကို သက်သေပြထားတာရှိတယ်နော်။ နိဗ္ဗာန်သည် ဘယ်အရပ်မှာတည်ရှိပြီး ၄င်းတည်ရှိကြောင်းကို ဘယ်နည်းနဲ့ သိနိုင်ပါသနည်း။ ဆိုတော့ နိဗ္ဗာန်ဆိုတာ ဘယ်အရပ်မှာရှိတယ်လို့ ပြောလို့မရဘူး။ ပြောချင်လို့ရှိရင်ပြောရမှာက သင်္ခါရတရားတွေရဲ့ ချုပ်ရာသည် နိဗ္ဗာန်ဖြစ်သောကြောင့်… "သင်္ခါရတရားချုပ်သည့်နေရာပင်လျှင် နိဗ္ဗာန်လို့ ဒီလိုမျိုးပြောရမှာ” ဘာလို့ဆို မီးလောင်လို့ရှိရင် မီးငြိမ်းရင် တခြားနေရာမှာသွားငြိမ်းတာမဟုတ်ဘူး လောင်တဲ့နေရာမှာပဲငြိမ်းတယ်လေ။ တဏှာဖြစ်တဲ့နေရာသည်ပင်လျှင် တဏှာငြိမ်းတာပေါ့။ ဥပမာမယ် အဆင်းအာရုံကို အာရုံပြုပြီး တဏှာဖြစ်လို့ရှိရင် အဲ့ဒီတဏှာငြိမ်းတဲ့နေရာဟာလဲ ဒီအာရုံပေါ်မှာပဲငြိမ်းတာပဲ။ အဲ့တော့ နေရာအနေနဲ့ပြောမယ်ဆိုရင် အဲ့သလိုပဲပြောလို့ရမယ်ပေါ့နော်။ မြတ်စွာဘုရား သစ္စာလေးပါးတရားကို ခန္ဒာကိုယ်ထဲမှာပဲ သတ်မှတ်တယ်ဆိုတော့ ဟောဒီ့ကိုယ်ရဲ့ခန္ဒာကိုယ်ထဲမှာပဲ လောကဒုက္ခဆိုတာလဲ ရှိတယ်။ လောက သမုဒယဆိုတဲ့ အကြောင်းတရားလဲရှိတယ် လောကနိရောဓဆိုတဲ့ ချုပ်ရာလဲရှိတယ်။ လောကနိရောဓဂါမိဏီ ဆိုတာလဲရှိတယ်ဆို နိဗ္ဗာန်က ဘယ်မှာရှိတုန်းဆိုတော့ ကိုယ့်သဏ္ဍာန်မှာပဲရှိတယ်လို့ ပြောလို့ရတယ်ပေါ့။ နောက်တနည်းအားဖြင့် ပြောမယ်ဆိုရင် မင်းသဏ္ဍာန်မှာ ဖြစ်တဲ့လောဘက ဘယ်မှာချုပ်တာလဲ။ မြတ်စွာဘုရားရဲ့ ကိလေသာတွေ ဘယ်မှာချုပ်သလဲ ဆိုတော့ မြတ်စွာဘုရားသဏ္ဍာန်မှာပဲချုပ်တာ အဲ့ဒီ့ ကိလေသာတွေရဲ့ နောက်ဆုံးချုပ်ရာက နိဗ္ဗာန်ပဲပေါ့။ နိဗ္ဗာန်ရှိကြောင်းကို ဘယ်လိုသိနိုင်ရမလဲဆိုတော့ အပူရှိတယ်ဆိုရင် အအေးဟာရှိတယ်ပေ့ါ။ မီးလောင်တာရှိရင် မီးငြ်ိမ်းတာလဲရှိတယ်ပေါ့။ အဲ့သလို ရှိတာကိုသိခြင်းဖြင့် နိဗ္ဗာန်ရှိတယ်ဆိုတာ သိနိုင်တယ်။ နောက်သိနိုင်တာကတော့ တကယ်ကတော့ ကျင့်စဉ်တွေပေါ့။ ရှိတယ်လို့တင် ပြောတာမဟုတ်ဘူး။ မြတ်စွာဘုရားက ရှိပြီးတော့ ဘယ်လမ်းကသွား ဘယ်လို ရောက်နိုင်တယ်ဆိုတဲ့ ကျင့်စဉ်တွေရှိတယ်။ နိဗ္ဗာန်ရှိတယ်ပြောပြီး လမ်းစဉ် မပေးဘူးဆိုရင် ပြောစရာရှိတာပေါ့။ အခုနိဗ္ဗာန်ကိုသွားချင်သလား သွားချင်ရင် ဒီလမ်းကသွားဆိုပြီး မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်သွားတဲ့လမ်းပဲလေ။ တကယ် မြတ်စွာဘုရား ကတိတိကျကျ ဟောတာနော်။ ကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ မင်းသဏ္ဍာန်မှာ ဒေါသလုံး၀မရှိတော့ဘူးဆိုရင် ဒေါသငြိမ်းရာ နိဗ္ဗာန်ပဲပေါ့။ တခြားကိုရှာစရာမလိုဘူး။ နိဗ္ဗာန်ဆိုတာ ကောင်းကင်ဘုံကို ပြောတာ မဟုတ်ဘူး။ 🌺လူတွေရဲ့သဏ္ဍာန်မှာ ဖြစ်တဲ့ကိလေသာတွေ အားလုံးငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲပေါ့🌺 ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ🙏🙏 #ပါချုပ်ဆရာတော်ဘုရာကြီး🙏🙏🙏 #ပါချုပ်ဆရာတော်ဘုရားကြီး၏အဆုံးအမ #တရားတော်များ #တရားတော်များနာယူနိုင်ပါစေ🙏 #ဗုဒ္ဓံသရဏံဂစ္ဆာမိပါဘုရား

About