@stardust.singapore: စိန်တုံးမိဖုရားသည် မင်းတုန်းမင်း၏ မိဖုရား ၆၄ ပါးတွင် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးဖြစ်သည်။ ဖခင်မှာ လေးဦးဗိုလ်ဆိုင်ဖြစ်၍ မိခင်မှာ မင်းတုန်းမင်း၏ မယ်တော် တောင်ဆောင်တော်မိဖုရား ကျောက်မော်မြို့စား သီရိသုစန္ဒါ မလ္လာမဟေ ၏ ညီမတော် အာလကပ္ပမြို့စား ဖြစ်သည်။ တပယ်မင်းသားနှင့် မောင်နှမရင်း တော်စပ်သည်။ မင်းတုန်းမင်း၏ တစ်ဝမ်းကွဲညီမတော် လည်းဖြစ်သည်။ စလေမြို့နှင့် တလုပ်မြို့ကို စားရသည်။ မင်းတုန်းမင်း၏ သားသမီးမထွန်းကားသော မိဖုရား ၇ ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သင်္ဂဇာဆရာတော် နှင့် ဝိဇယရာမ ဆရာတော် ၂ ပါးလုံး၏ ကျောင်းအစ်မ တစ်ဦးလည်းဖြစ်သည်။ ခရစ်နှစ် ၁၈၇၈ ပြည့်နှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံခဲ့ရသည်။ မောင်ဖြစ်သူ တပယ်မင်းသား မောင်ဘမှာ ခရစ်နှစ် ၁၈၇၈ ခု၊ မြန်မာသက္ကရာဇ် ၁၂၄၀ခုနှစ် တပို့တွဲလပြည့်ကျော်(၈)ရက်တွင် နန်းတွင်းလူသတ်ပွဲ၌ အခြားမင်းသားများနဲ့အတူ စီရင်ဖျောက်ဖျက်ခြင်း ခံခဲ့ရသည်။ ယင်းနောက်တွင် စိန်တုန်းမိဖုရားသည် စုဖုရားလတ်၏ မယ်တော် ဆင်ဖြူမရှင်၏ အန္တရာယ်ကို ရှောင်တိမ်းသည့်သဘောဖြင့် ဗြိတိသျှပိုင်အောက်ပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။ စိန်တုံးမိဖုရားသည် ဗြိတိသျှအစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။ ခရစ်နှစ် ၁၈၉၂ ခု၊ မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်နောက်ပိုင်းတွင် မိဖုရာကြီး၏ ကျန်းမာရေး ချွတ်ယွင်းလာခဲ့သည်။ ခံစားနေရသော သွေးဝမ်းကျဝေဒနာကို ကုသရန် မန္တလေးမှ နန်းတွင်းသမားတော်များကို ကြေးနန်းရိုက်ပင့်ခဲ့သော်လည်း ရောက်မလာနိုင်သည့်အတွက် မော်လမြိုင်၊ ကျုံဒိုးရွာမှ သမားတော်ကြီး ဦးဖိုးလေက ကုသပေးခဲ့ရသည်။ ရောဂါပျောက်ကင်းသောအခါ ငွေးကြေးချို့တဲ့နေပြီဖြစ်၍ မိဖုရားကြီးသည် သမားတော်ကြီးကို ပုဝါတစ်ပိုင်းသာ ဆုချနိုင်ခဲ့သည်။ မိဖုရားကြီးသည် ခရစ်နှစ် ၁၈၉၄ ခု၊ စက်တင်ဘာလ ၃၀ ရက်တွင် မော်လမြိုင်မြို့က ဆရာကြီး ဦးရန်၊ ဘုရားဒါယကာ ဦးစိတ္တ၊ ကျောင်းဒါယကာ ဦးပန်းနှင့် စာရေးမောင်ထွန်းတို့ရှေ့တွင် သေတမ်းစာ ရေးခဲ့သည်။ သေတမ်းစာကို မန်ကျည်းတောကျောင်းဆရာတော်၊ ကော့လှာကျောင်းဆရာတော်၊ ကမာကျီကျောင်းဆရာတော်၊ ဇာတိပ္ဖိုလ်ကျောင်းဆရာတော်၊ ဒီပါရုံကျောင်းဆရာတော်၊ ရွှေတောင်ကျောင်းဆရာတော်၊ ကျောက်တန်းကျောင်းဆရာတော်၊ သီဟိုဠ်ကျွန်းမှ ရတနာဘုံမြင့်ကျောင်းသို့ အဘိဓမ္မာသင်ကြားရန် ပြောင်းရွှေ့သီတင်းသုံးတော်မူကြသော ဆရာတော်တို့ကို လျှောက်ထားသည့် ပုံစံမျိုးဖြင့် ရေးသားခဲ့သည်။ သေတမ်းစာတွင် သူမရှိတော့သည့်နောက် သူပိုင်မြေ အရှေ့အနောက် ၁၅၇ တောင်၊ တောင်မြောက် ၁၁၄ တောင်ထဲမှ မြေပေါ်သစ်ပင်များမှ ရရှိသော ငွေကြေးများကို သင်္ဂဇာဆရာတော်ဘုရားကြီး၏ ပြာသာဒ်စေတီ၊ ရတနာဘုံမြင့်ကျောင်းနှင့် အိမ်တော်ရာကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းသံဃာတော်များ၏ ပစ္စည်းလေးပါးအတွက် လှူဒါန်းကြောင်း ဖော်ပြထားသည်။ မိမိနေအိမ်ကိုလည်း ကျောင်းအဖြစ်၊ အိမ်တွင်း ပရိဘောဂများကိုလည်း ကျောင်းသုံးအဖြစ်၊ မိမိအိမ်၏ တောင်ဘက် အလျား ၁၉၇ တောင်ရှိသည့် ကျောက်တန်းတံတားကိုလည်း ဖြတ်လမ်းတိုအဖြစ်၊ အိမ်ဝင်းအတွင်းရှိ ရေတွင်း ၂ တွင်းကိုလည်း အများပြည်သူများ သုံးရန်အဖြစ် လှူဒါန်းခဲ့သည်။ စိန်တုံးမိဖုရားကြီးသည် ဘဝနေဝင်ချိန်တွင် သီလရှင်အဖြစ် ကူးပြောင်းခဲ့ပြီး ခရစ်နှစ် ၁၉၀၅၊ မတ်လ(မူကွဲ ၁၈၉၉)တွင် မော်လမြိုင်၌ ကံကုန်တော်မူခဲ့သည်။ သူနေထိုင်ရာ သီလရှင်ကျောင်းတွင် ရုပ်ကလာပ်ကိ ဂူသွင်း သင်္ဂြိုဟ်ထားသည်။

𝐈'𝐦 𝐬𝐭𝐚𝐫𝐝𝐮𝐬𝐭
𝐈'𝐦 𝐬𝐭𝐚𝐫𝐝𝐮𝐬𝐭
Open In TikTok:
Region: MM
Sunday 29 October 2023 12:56:02 GMT
300653
15843
96
143

Music

Download

Comments

user9011921223972
နွေနဒီ လှိုင်း :
ရှိမှန်းကိုမသိတာ လက်ရာမြောက်ပီးကောင်းလိုက်တဲ့ကျောင်းကြီရှေးကဗိသုကာပညာရှင်တွေကတော့ချီးကျူးလောက်တယ် မသိတာမမြင ်ဖူးတာသိရလို့ကျေးဇူးပါ..
2023-10-29 16:35:23
18
jove982
JOVE :
bro မကွေးတိုင်း သွားပါလား အဲမယ်ဆို ရှေ့ဟောင်းအမွေနှစ်တွေ အများကြီး
2023-10-30 01:08:41
0
ma_thandar123
❤️❤️ Thandar💫🌌 :
ရောက်ဖူးချင်လိုက်တာ ။ ဒီဘဝအတွက်တော့ တခြားနိုင်ငံတေမရောက်ဖူးချင်နေပါစေ ကိုယ့်မြန်မာနိုင်ငံအနှံ့တော့ ရောက်ဖူးချင်မိတယ်။
2023-11-29 09:06:12
0
kyawmyonaing2806
ကျော်ကြီးတို့ကချစ်တတ်တယ် :
မော်လမြိုင်မှာ ကျောင်းမှာညအိပ်ဖူးတယ်အရမ်းထူးခြားတယ်မြတ်စွာဘုရား သွားတော်ရှိတယ် စွယ်တော်လို့မရေးကောင်းဘူး
2023-11-25 03:36:51
0
taifgccvhvv
AJ THEBOLD :
ငါကိုတော်လာပြိးဟော့🗿🗿
2024-05-06 13:57:05
0
monnoii91
Daw Hla win🗣💅 :
သွားဖူးတယ်
2023-11-04 03:41:12
0
arm.j2
Arm j2 :
မော်လမြိုင် မြို့ခံတွေတောင် ကျောင်းထဲမရောက်ဖူးတဲ့သူအများကြီး
2024-05-01 09:31:21
0
nanncherry240
Daw Nann Nann :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2023-11-04 07:01:43
1
wailinaung_2k
W🤍 :
😁
2025-05-19 17:51:59
0
paing.lay349
😈👻မင်းတုန်းမင်း😁☠️😈 :
🤭
2025-04-11 17:13:16
0
phyuphyuwin750
phyuphyuwin750 :
😁
2024-12-22 12:12:36
0
tunu39835
TUN TUN :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2023-12-11 18:43:10
0
wailinaung_2k
W🤍 :
😆
2025-05-19 17:52:18
0
dkhinhtaykyu
D Khin Htay Kyu :
ကောင်းလိုက်တဲ့ကျောင်းကြီး လိုက်ပါကြည့်ခွင့်လည်းရ သမိုင်းကြောင်းလည်းသိရလို့ ကျေးဇူးပါ အမြဲကံကောင်းပါစေ
2023-10-29 13:08:47
6
kml.065
Myo :
မော်လမြိုင်မြို့ ကျိုက်သံလံဘုရားစောင်းတန်းအလည် ရတနာဘုံမြင့်ကျောင်းတိုက်မှာရှိတယ်
2023-10-30 13:39:44
4
aungsoe7106
aungaung :
မန္တလေး မှာလားအကိုရေ
2023-10-29 23:34:21
4
usercofvnmjrz4
usercofvnmjrz4ကျိုက်လောကပါလ :
@❤❤❤❤❤@
2023-11-04 07:14:17
1
kotint89
ko tint :
ထိန်းသိမ်းစောင့်ရှောက်တဲ့သူ တွေကိုလေးစားဂုဏ်ပြုပါတယ်
2023-12-04 16:50:05
1
manwe3624
Ma Nwe :
ကျေးဇူးပါရှင့်
2023-10-29 17:08:29
1
nan.lay611
Nan Lay🥰🥰 :
မော်လမြိုင်မာ၁၇နှစ်နေတာ အဲ့လောက်ထိမရောက်ဘူး
2024-01-21 02:47:55
1
.winpapanwe.fan
𝑀𝓎𝑜 𝐿𝒶𝓎 wppn fan🌈 :
အကို postေတြက shareမရ
2023-10-29 14:24:07
1
shinkk444
𝓢𝓱𝓲𝓷𝓚𝓴 :
@💮Sumiko💮 @Solo Boy ငါတို့ကျောင်းသွားရင်အမြဲဖြတ်သွားတဲ့ဘုန်းကြီးကျောင်း🗿
2023-10-30 07:31:20
1
manilarwin79
manilarwin79 :
တန်ဘိုးမဖြတ်နိူင်တဲ့ရှေးအမွေအနှစ်ကျောင်းဆောင်ကြီးတွေတွေ့ခွင့်ရလို့ကျေးဇူးပါရှင်🥰🥰🥰🥰🥰
2023-11-02 16:16:12
1
mghap4
N :
အိမ်နားမာဘဲ
2023-10-30 05:15:28
1
lay.nyo4
STRAWBERRY. 🍓🍓🍓🍓 :
🥰🥰🥰
2023-11-10 14:14:27
0
shawtylolipop
blue :
ကျေးဇူးပါ မရောက်တာကြာပြီလေအလွမ်းပြေပေါ့အိမ်ကို
2023-11-10 06:32:37
0
user93312242842974
user93312242842974 :
မော်လမြိုင်
2023-11-21 01:33:35
0
user6106336125681
နေ ဝန်းရံ ကို :
လှူခဲ့တဲ့ကျောင်းလား သို့မဟုတ် မင်းသမီး နေခဲ့တဲ့နေရာလား
2023-11-10 01:43:18
0
eisan951
🌷Ei San🌷♍️ :
အခုဆို သူတို့လည်းလူဝင်စားလောက်ပီပေါ့
2023-11-10 15:51:16
0
user2396133816523
nohanleng :
တောင်ပေါက်ကျောင်းမှာလဲးသွားရိုက်ပြပါအစကို
2023-11-09 23:00:43
0
user1678904267
💞𝒩𝒶𝓌🦧𝓈𝓊🪰𝓂𝓎𝒶𝓉💞 :
🥰🥰🥰
2023-11-09 13:32:16
0
mimizon1
Ⓜ︎Ⓘ︎♡🍀♒ :
မသိလို့မေးပါအုံးမယ် မင်းတုံးမင်းကဒီလောက်မိန်းမများတာ Aမဖြစ်ဘူးလားသူက😬
2023-11-07 04:56:44
0
moe.lay7369
moe lay :
တို့မော်လမြိုင်
2023-11-05 03:48:52
0
user5076129556218hello
c💟🎶 :
ကျေးဇူးပါ အကိုရာအခုမှမြင်တာ🥰🥰🥰
2023-11-05 02:04:34
0
dawmomoaung
Mo Mo Aung :
သိရလို့ကျေးဇူးတင်🥰
2023-11-05 01:51:21
0
dawmomoaung
Mo Mo Aung :
🥰
2023-11-05 01:50:55
0
dawsawmonaye
dawsawmonaye :
🥰🥰🥰🥰🥰
2023-11-05 01:32:17
0
wuttyicho020
တင်တင်အေး :
အယ်ကျောင်းတော်အဆောင်တေံကောင်းလိုက်တာ
2023-12-22 07:22:59
0
a9chou035
📿 :
😁
2024-12-08 11:03:03
0
user2421558439386
Ĥ£áíñĝ Lâÿ Ñwë :
@black1152713
2024-08-09 00:36:52
0
user56908498176991
Ajax :
မော်လမြိုင် မြို့သူ မြို့သား တွေတောင် တော်တော်များများမဝင်ဖူးဘူး
2023-11-12 08:39:24
0
user9cnhtkszai
LMA289 :
ဘားအံမြို့နယ် ကော့ကျိုက်ကျောင်းနဲ့ လက်ယာတူတယ်
2023-12-12 21:07:22
0
user5377825979549
ကူမူးချီ အားကီမူးချီ :
၆၄ပါး😆
2023-11-02 03:34:50
0
khinmaung956
🤗khinmg :
😅😂😂🤣🤣🤣
2023-11-16 03:32:02
0
user9041413489225
သစ်ရွက်ဝေ :
ဗဟုသုတရလို့အမြဲတမ်းစောင့်ကြည့်မိပါတယ်ရှင့်
2023-11-12 11:17:45
0
user3012925363381
Sue Hini Si :
ခုလိုလေးတွေတင်ပြပေးတာ ကျေးဇူးပါ☺️☺️☺️☺️☺️
2023-10-29 14:55:09
0
mamawce2
Naw Shee Lar :
ဗဟုသုတများစွာရပ၏
2023-10-29 22:33:53
0
skystar722
Skystar518 :
🥰🥰🥰
2023-10-29 21:55:58
0
moemoe.74
moe moe :
ကျေးဇူးပါ
2023-10-29 17:43:29
0
phwint
Zin Mar Aung :
ဒါမျိုးလေးတေ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင့်😊😊
2023-10-29 17:40:13
0
To see more videos from user @stardust.singapore, please go to the Tikwm homepage.

Other Videos


About