@zinminko203: 💥 ဒိုအာအေ့အနတ်စ်၏အကျိုးထူးမှု 💥 တစ်ရက်... အာဏာရှင် ဟဂ်ျဂျာဂ်ျဘင်န်ယူစွဖ်က မိမိရဲ့ စီးတော်မြင်းတွေကို ပြပြီး ဆွဟာဗီကြီး ဟဇရသ်အနတ်စ်(ရ)ကို " တမန်တော်မြတ် (ဆွ)မှာ ဒီလို မြင်းတွေရှိလား"လို့မေးတော့.. ဟဇရသ်အနတ်စ်(ရ)က.... "တမန်တော်မြတ်(ဆွ)ဆီမှာ ရှိတဲ့ မြင်းတွေက ဂျေဟာဒ်လုပ်ဖို့အတွက်ဖြစ်တယ်။ ခင် ဗျားလို ဂုဏ်ပြိုင်ဖို့အတွက်ရှိတာ မဟုတ်ဘူး"လို့ အဖြေပေးလိုက်တယ်။ ဟဂ်ျဂျားဂ်ျက ဒီအဖြေကို ကြားတော့.... ဒေါသပုန်ထပြီး ဟဇရသ်အနတ်စ်(ရ)ကို " အကယ်၍ ခင်ဗျားဟာ တမန်တော်မြတ် (ဆွ)ရဲ့ ခါဒင်မ် ဝတ်ကြီး ဝတ်ငယ်ပြုလုပ်ခဲ့သူသာ မဟုတ်ခဲ့ရင် ခင်ဗျားကို ကျွန်တော် အခု တစ်ခုခု လုပ်မိလိမ့်မယ်"လို့ ပြန်ပြောတယ်။ ဟဇရသ်အနတ်စ်(ရ)က ..... အင်မတန် တည်ငြိမ်စွာနဲ့ ဟဂ်ျဂျာဂ်ျကို.. "ခင်ဗျား ကျွန်တော့်ကို မျက်စိနဲ့တောင် စွေမကြည့်နိုင်ပါဘူး။ ကျွန်တော် တမန်တော် မြတ် (ဆွ)ဆီကနေ ဒိုအာတစ်ချို့သင်ထားတယ်။ ဒီ ဒိုအာတွေကို ဖတ်လေ့ရှိတယ်။ ဒီ ဒိုအာတွေကို ဖတ်ထားရင် ဘယ်သူမှ ဘာမှ လုပ်လို့မရဘူး"လို့ အဖြေပေးလိုက်တယ်၊ ဟဂ်ျဂျာဂ်ျက ကြောက်ရွံ့တုန်လှုပ်ပြီး ... "ငါ့ကိုလည်း ဒီ ဒိုအာတွေ သင်ပေးပါ" လို့ တောင်းပန်ရှာတယ်။ ဟဇရသ်အနတ်စ်(ရ) က လုံးဝ မသင်ပေးခဲ့ဘူး။ နောက်ဆုံး ကွယ်လွန်ခါနီးမှာ.... ဟဇရသ် အနတ်စ်(ရ)ဟာ မိမိရဲ့တပည့် ​ အဗားန်ကို ဒီ ဒိုအာသင်ပေးခဲ့တယ်။ မနက် / ည ဒီဒိုအာကို ဖတ်ရွတ်ဖို့လည်း မှာ ခဲ့တယ်။ ဒီဒိုအာကို ဒိုအာအေ့အနတ်စ်လို့ခေါ်ပါတယ် မနက် / ည ဖတ်ပါက ....ဘေးဘလာ ဒုက္ခ အန္တရာယ် အပေါင်းကနေ အလ္လာဟ်အရှင်မြတ်မှ ထိန်းသိမ်းတော်မူပါမယ်။ သူတော်စဉ်တွေ မရှာအိခ်တွေဟာ မိမိတို့ရဲ့တပည့်တွေကို ဒီဒိုအာ စွဲစွဲမြဲမြဲ ဖတ်ဖို့မှာ ကြားလေ့ရှိပြီး ......မက္ကာမြို့က ဆရာကြီး ရှိုက်ခ်အဗ်ဒုလ်မန်နားန်ဆပ်ကတော့ ဒီဒိုအာကို အမြဲဖတ်ခိုင်းပါတယ်။ တကယ့်ကို အ ကျိုးထူးတဲ့ ဒိုအာဖြစ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်၊ လူတွေရဲ့တိုက်ခိုက်မှုခံရတဲ့အချိန်၊ တစ်ကိုယ်တည်းအထီးကျန်နေချိန်၊ ခရီးသွားခါနီး လာခါနီး နှင့် ယခုလို ကပ်ရောဂါတွေဖြစ်နေချိန်တွေမှာ အလွန် ဖတ်ရွတ်သင့်တဲ့ ဒိုအာလေးဖြစ်ပါတယ်။

💞Zin💞 Min💞 Ko💞
💞Zin💞 Min💞 Ko💞
Open In TikTok:
Region: MM
Sunday 12 November 2023 14:19:20 GMT
10109
1224
16
90

Music

Download

Comments

nainghtetshein
nainghtetshein :
အာမီန်း❤️❤️❤️❤️❤️❤️
2023-11-25 02:02:32
1
anmol.anmol3
Anmol :
Aameen.daily fajar sham1times❤inshaallah Aameen
2024-01-24 11:05:55
0
user1000822174059
شاگرہبی شاگرہبی :
❤❤❤❤❤❤❤❤
2023-11-27 08:37:13
1
user030856134
Myat Htet Yee Win :
🥰🥰🥰
2023-11-19 08:06:24
1
user1454939930481
သစွားပန်း :
😳😳😳😳😳😳😳😳😳😳
2023-11-12 18:18:30
1
islam.girl88
🕋အစ္စလာမ်နူးရ်🕋 :
🥰🥰🥰
2023-11-25 05:44:32
1
user473800858
Tun Tun :
❤❤❤
2024-01-28 14:55:41
0
kiiwii128
လမ်းမင်းသား :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2025-10-05 15:22:33
0
user2493449726273
ko ko Nying :
အလ္လာဟ်ဘရကာသ်ပေးပါစေ
2023-11-12 14:34:19
2
ayeaye138
Rahimarbi 💗💗 :
jeeမှတ်ထားပါမယ်ကျေးဇူးပါဖတ်လို့အရမ်းကောင်းတယ်လိုက်တာ🥰🥰🥰ဆောင်ရွက်နိုင်အောင်ကြိုးစားရမယ်အင်ရှာလာဟ်🥰🥰🥰
2023-11-12 15:39:39
2
septembersong7
Swe Swe :
❤❤❤
2023-11-21 14:42:46
0
sein.win.sein.win5
မုဆိုးဖိုးလေးကျတော် :
❤Allah❤ho❤Allah❤
2024-01-22 17:32:59
0
user9562581751996
user9562581751996 :
🥰🥰🥰
2025-08-14 17:04:31
0
htetpaing.soe76
htetpaing soe :
🥰
2025-08-15 11:39:28
0
coral120coral
💞s💞tc,💞 :
♥️
2025-08-25 16:58:15
0
To see more videos from user @zinminko203, please go to the Tikwm homepage.

Other Videos


About