@mg_koe_1: . ဆရာကြီးအောင်သင်းက ဆရာဝန်လောင်းတွေကိုစာသင်ခန်းထဲမှာမေးတာ "မင်းတို့လူနဲ့တိရစ္ဆာန်ဘယ်သူကသာသလဲကွ" သူတို့လဲဘယ်ညံ့မလဲ တဲ့ "ဒါတော့ဆရာရယ် လူကသာတာပေါ့" တဲ့ "နေရာတကာသာသလား"? ဆိုတော့ သူတို့ငိုင်သွားကြတယ် "ကောင်းပြီ လူကသာတယ်ဆိုရင် မင်းတို့ ဆင်နဲ့ ဘယ်ကောင်လွန်ဆွဲရဲသလဲ ငါးနဲ့ ဘယ်ကောင်ရေကူးပြိုင်မလဲ မြင်းတို့သမင်တို့နဲ့ ဘယ်ကောင်အပြေးပြိုင်ဝံ့လဲ" ဆိုတော့ ငြိမ်နေကြတယ်တဲ့၊ "အေး လူမှာ တိရစ္ဆာန်ထက်သာတဲ့အချက် (၃)မျိုးရှိတယ် ၁။ အလှအပကိုဖန်တည်းတတ်ခြင်း ခံစားတတ် ခြင်း ၂။ ကိုယ်ကျင့်တရားရှိခြင်း ၃။ ကြောင်းကျိုးဥာဏ်ပညာကြီးခြင်း (၃) ကနေပြန်ပြောမယ် ကြောင်းကျိုးဥာဏ်ပညာဆိုရာမှာ ဘယ်တိရစ္ဆာန်မှာမှမရှိဘူး လူမှာဘဲရှိတယ်၊ (၂) ကိုယ်ကျင့်တရားမှာလဲ လူမှာဘဲရှိတယ် ကျားတစ်ကောင်က သမင်မကြီးကို "ငါဒီသမင်မကြီးကိုသတ်စားလိုက်ရင် သူ့သားသမီးလေးတွေ မိတဆိုးဖြစ်ရှာရဲ့လို့ ဘယ်တော့မှမတွေးဘူးကွ" အလှအပကိုဖန်တည်းတတ်တာလဲ လူဘဲ အလှအပကိုခံစားတတ်တာလဲ လူဘဲ ရယ်တတ်တာလဲ လူဘဲ ရယ်စရာကောင်းတာလဲ လူဘဲ ဘယ်တိရစ္ဆာန်မှ မရယ်တတ်ဘူး တီကောင်တို့ ပက်ကျိတို့ မရယ်တတ်ဘူး ခွေး အမြီးနှံ့ခြင်နှံ့မယ် မရယ်တတ်ဘူး လူမှာ အဲ့သလိုကြောင်းကျိုးဥာဏ်ပညာရှိလို့ အားကြီးပါတယ်ဆိုတဲ့ဆင်ကို ထူးခတ်ပြီးတော့ ပေါက်ချွန်းနဲ့ပေါက်ပြီး သစ်ဆွဲ ခိုင်းတယ် ရေကူးတော်တဲ့ငါးကို မျှားပြီးတော့ ဖမ်းပြီးစား တယ် သမင်ကို ဖမ်းပြီးစားတယ် မြင်းကို ကြိုးတပ်ပြီးတော့ တက်စီးတယ် ပြောခြင်တာက လူမှန်ရင် ကြောင်းကျိုးဥာဏ်ပညာရှိရတယ်။ လွန်ခဲ့သော နှစ် ၂၀ ခန့်မှ ဆရာအောင်သင်းရဲ့ ယနေ့လူငယ်နှင့်ယနေ့ရသစာပေအခွေမှ crd #thinkb4youdo #fypシ゚viral #fyppage #youpage #viral #tiktokuni #official #tiktok

𝙺𝙾𝙴✰
𝙺𝙾𝙴✰
Open In TikTok:
Region: MM
Wednesday 24 April 2024 13:51:59 GMT
1135333
139824
960
1793

Music

Download

Comments

banban7005
ban ban :
ရေထဲမှာနေပီး ရေကူးမညံ့ဘူးဆိုတော့ လူတွေလဲ ကုန်းပေါ်နေပီး အသက်ရှုမညံ့ဘူးလေ 😊
2024-04-26 04:57:09
3652
the_awakened_one1
Dorian__ :
ဖမ်းစား ခံရတဲ့ ငါးတွေကလဲ ရေကူးမညံ့သလို ကျရှံးသွား တဲ့ လူသားတွေ ကလဲ အရည်အချင်း မရှိတဲ့သူ တစ်ယောက်မှ မပါဘူး (There u go) ...............................
2024-04-27 05:29:13
3182
crystal04303
crystal :
လူတိုင်းကိုအထင်မသေးဖို့ ပြောချင်တာ😎
2024-04-26 08:37:20
1017
senku77877
Owen The King :
အဲ့ကောင်တွေကို လမ်းလျှောက်ပြိုင်မလားမေးလိုက်🤣
2024-04-26 05:11:17
183
erenn9701
Erenn :
ပေးချင်တဲ့မက်ဆေ့ကဘာလဲ
2024-04-26 07:12:52
2
To see more videos from user @mg_koe_1, please go to the Tikwm homepage.

Other Videos


About