@phonemyataung396: မယူသင့်တဲ့ မိန်းမ( ၁၀ )မျိုး " လက်ထပ်ဖို့ လုံးဝ မရွေးချယ်သင့်တဲ့ မိန်းမ ၁၀ မျိုး " အများအားဖြင့် လက်ထပ်ဖို့ မရွေးသင့်တဲ့ ယောက်ျားတွေအကြောင်းပဲ ပြောလေ့ရှိတာကြောင့် ဒီတစ်ခါမှာတော့ လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမတွေအကြောင်းကို ဖော်ပြပေးပါမယ် ။ အားလုံး ပြီးပြည့်စုံတဲ့သူဆိုတာတော့ မရှိပါဘူး ။. သို့သော်လည်း မိမိရဲ့ ဇနီးမယားအဖြစ် ရွေးချယ်တော့မယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ မိန်းမ ၁၀မျိုးကိုတော့ အထပ်ထပ်အခါခါ စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ ၁။ဒေါသကြီးတဲ့မိန်းမ အမြဲတမ်းလိုလို စိတ်တို၊ဒေါသထွက်နေတဲ့ မိန်းမကို မြင်ဖူးပါလိမ့်မယ် ။ ဒီလိုမိန်းမမျိုးကို ဇနီးအဖြစ် ရွေးချယ်မိမယ်ဆိုရင်တော့ ပူလောင်နေရမှာ အမှန်ပါပဲ။ ၂။အတ္တကြီးတဲ့မိန်းမ အတ္တကြီးတဲ့မိန်းမတစ်ယောက်ကို ရွေးချယ်မိမယ်ဆိုရင်တော့ နားလည်မျှဝေပေးခံချင်တဲ့ စိတ်လေး လုံးဝမရှိမှ ဖြစ်ပါမယ် ။ သူတို့ဟာ သူတို့ရဲ့ ပျော်ရွှင်မှု၊သာယာမှုကိုသာ ပထမဦးစားပေး ရွေးချယ်လုပ်ဆောင်တတ်ပါတယ် ။ ဒီလိုမိန်းမမျိုးကို ယူမယ်ဆိုရင်လည်း စိတ်ညစ်ရမှာပါပဲ။ ၃။ဥစ္စာပစ္စည်းမက်သောမိန်းမ မိန်းကလေးအတော်များများကတော့ ဥစ္စာငွေကြေးကို နှစ်သက်လေ့ရှိပါတယ်။ ဒါဟာ သဘာဝကျသလို အမှားတစ်ခုလည်း မဟုတ်ပါဘူး ။ သို့သော် မိသားစု ၊ ခင်ပွန်း ၊ သစ္စာတရား ၊ ဆင်ခြင်တုံတရားတို့ကို ကျော်လွန်ကာ ဥစ္စာပစ္စည်းးကို ခင်တွယ်နေတတ်တဲ့ မိန်းမကတော့ ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ၄။ယောက်ျားတွေနှင့် ပလူးပလဲ သောက်စားလောင်းကစားလုပ် နေတတ်သောမိန်းမ သွက်သွက်လက်လက်ရှိတာနဲ့ စပ်စလူးထတာ ၊ ဂဏှာမငြိမ်ဖြစ်တာ မတူပါဘူးနော်။ အထူးသဖြင့် ဒီလိုမိန်းကလေးတွေဟာ ယောက်ျားတွေနဲ့ ပလူးပလဲ နေရတာကို ပျော်ရွှင် နှစ်သက်နေတတ်ကြပါတယ်။ ဒီလိုအကျင့်စရိုက်ရှိတဲ့ မိန်းကလေးမျိုးကို ရွေးချယ်မိရင်တော့ လက်ထပ်ပြီးတဲ့အခါမှာလည်း ပြဿနာတွေ များစွာ ကြုံရနိုင်ပါတယ် ။ ၅။ပါတီကြိုက်သောမိန်းမ သရုပ်ပျက်အဝတ်အစားတွေဝတ်ပြီး ပါတီမှန်သမျှ အကုန်တက်တဲ့ မိန်းကလေးမျိုးကို သင့်အနေနဲ့ တသက်တာ ဇနီးမယားအဖြစ် ရွေးချယ်နိုင်ပါသလား ။ ဒီလို party girl တွေဟာ အပျော်အပါး အလွန်မက်တတ်တဲ့ မိန်းကလေးတွေ ဖြစ်ပါတယ် ။ ၆။စဉ်းစားဆင်ခြင်ဥာဏ်မရှိသောမိန်းမ တုံးအသော မိန်းမ သင်ဟာ ဒီလိုမိန်းကလေးကို ရွေးချယ်မိပြီး ဘယ်လောက်ပဲ သူ့အပေါ်နားလည်မှု ပေးနိုင်သည်ဆိုဆို သားသမီးရလာတဲ့အခါမှာတော့ သင့်ရဲ့သားသမီးတွေကို ကောင်းစွာ သွန်သင်ဆိုဆုံးမမှု ပေးနိင်မှာ မဟုတ်ပါဘူး ။ ကိုယ်လက်ထပ်မယ့် မိန်းကလေးဟာ အမေကောင်းတစ်ယောက် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။ ၇။လူစိတ်ဝင်စားမှုကိုခံချင်သောမိန်းမ မိန်းကလေးအချို့ဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံယူချင်ကြပါတယ်။ ဒါဟာ ပုံမှန်ပါပဲ ။ ဒါပေမဲ့လည်း အတိုင်းထက်အလွန် ကျော်ကြားချင်တာ ၊ စိတ်ဝင်စားခံချင်တာမျိုးကတော့ အမျိုးသားတွေအတွက် နားလည်ရ ခက်လာစေနိုင်သလို အမြင်မကြည် စိတ်ပျက်မှုတွေ ဖြစ်လာနိုင်ပါတယ် ။ ၈။အတင်းအဖျင်းပြောလွန်းသောမိန်းမ အမျိုးသားတွေဟာ အတင်းအဖျင်း ပြောလွန်းတဲ့ မိန်းမတွေကို မနှစ်သက်ကြပါဘူး ။ တော်ရုံအားဖြင့် အမျိုသားရော အမျိုးသမီးပါ သူတစ်ပါးအကြောင်းကို ရံဖန်ရံခါ ပြောလေ့ရှိကြပါတယ် ။ ဒီလိုမဟုတ်ဘဲ တွေ့သမျှလူနဲ့ သူတစ်ပါးရဲ့ အကြောင်းကို အပုပ်ချ၊ အတင်းအဖျင်းပြောရင်းနဲ့ အချိန်ကုန်နေတတ်တဲ့ မိန်းမတွေကတော့ အလွန်ကို စိတ်ပျက်ဖွယ် ကောင်းလွန်ပါတယ် ။ ၉။ကတိမပေးတတ်သောမိန်းမ ကတိမတည်သောမိန်းမ👈 ဒီလိုမိန်းမတွေဟာ ကိစ္စတစ်ခုခု (ဥပမာ – အလုပ် ၊ ကျောင်း၊ သူငယ်ချင်း ၊ ချစ်သူ ၊ စသဖြင့်) မှာ ကတိပေးဖို့ ခဲယဉ်းတတ်ပါတယ် ။ ကတိပေးပြီးရင်လည်းမတည်တတ်ဘူး ဘာလို့လဲဆိုတော့ သူတို့ဟာ ကိစ္စရပ်တစ်ခုအပေါ် စိတ်ဝင်စားမှုဟာ ကျလွယ်ပြီး အခြားတစ်နေရာသို့ ကူးလွယ်၊ ပြောင်းလွယ်တတ်တာကြောင့် ဖြစ်ပါတယ် ။ ဒီလို စိတ်ဓါတ်မခိုင်မာတဲ့ မိန်းကလေးနဲ့ အိမ်ထောင်ပြုမိရင် စိတ်အနှောင့်အယှက်တွေ များစွာ တွေ့လာနိုင်ပါတယ် ။ ၁၀။မိုက်ရိုင်းသောမိန်းမ သူက တော့ အဆိုးဆုံးပါပဲ ။ တော်ရုံအားဖြင့်တော့ လက်မထပ်ခင်မှာ မသိကြပါဘူး ။ ဒါ့ကြောင့် လက်မထပ်ခင်မှာ ထိုမိန်းကလေးရဲ့ မိသားစုအပေါ် ၊ သူငယ်ချင်းအပေါ် ၊ ပတ်ဝန်းကျင်အပေါ် ပြောဆိုဆက်ဆံပုံတွေကို လေ့လာထားဖို့ လိုပါတယ် ။ အနေအထိုင် အပြောအဆို လေးစားသမှုရှိတဲ့ မိန်းကလေးမျိုးမှသာ မိမိအပေါ်လည်း လေးစားမှု ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်ထိုမိန်းမ(၁၀)မျိုးကို မယူသင့်ဘူးလက်မထပ်သင့်ဘူး 👆👆👆👆👆👆👆👆👆👆 🖕🖕🖕🖕🖕🖕🖕🖕🖕🖕 #Credit မေတ္တာ ဖြင့်🙏 ပန်းပျိုးလက် ✍️ #နလုံးသားအဟာရစာစုလေးများ
ပန်းပျိုးလက် (ကျွန်မဖတ်ဖို့)
Region: MM
Tuesday 30 April 2024 06:57:55 GMT
Music
Download
Comments
Libra♎(ÿ£m<✝☪ :
ဆယ်ချက်လုံးနဲ့ကိုက်ညီတဲ့ကောင်မကြီးပါ😆
2024-05-01 16:06:06
102
Wine Su :
လူပျိုကြီး ပဲလုပ်ပါ😁😁😁
2024-05-05 02:12:34
10
@ 29448. :
ေအဲတာရွေချယ်ပီးရှာရင်..ငါမိန်းမရအုံးမလား😂
2024-05-04 01:43:16
1
khun maung pay😍 :
စိတ်ညစ်စရာတွေ လူတိုင်းလူတိုင်းရှိကြပါတယ်🥰🥰
2024-05-05 06:24:02
1
🍀小玉🍀00后女孩 :
အချက်10ချက်ထက် ေတာင်သာလွန်ပြည့်စုံနေတဲ့ငါတောင်လင်ရတာပဲ🙂
2024-05-27 15:16:22
13
추바카 :
ဒီခေတ်ကြီးမှာ ၁၀ချက်လုံးနဲ့ကင်းတဲ့ မိန်းခလေးဆိုလို့ မရှိသလောက်ပါပဲ အ့လိုမိန်းခလေးသာ ရှာယူမယ်ဆိုရင် ဘုန်းကြီးသာဝတ်လိုက်ပါတော့ Broရယ်✌
2024-05-17 06:08:42
9
K❤️ :
ဒို့မှာတချက်မှမရှိပါဘူးကွယ်☺️☺️☺️
2024-04-30 09:18:43
134
🌸 Lîñ ẞáñdär🌸 :
ဘယ်လိုမိန်းခလေးမျိုးမှမဟုတ်ပါဘူးရှင့် 🫢
2024-05-02 11:59:58
15
Khin may myint :
ယောက်ျားရောမိန်းမရောအလုံးစုံပြည့်ဝတဲ့သူမရှိပါဘယ်သူမှပြီးပြည့်စုံမနေပါဘူး
2024-05-01 02:31:30
12
A Soe Nar :
မယူနဲ့တော့မိန်းမဘုန်းကြီးသာ၀တ်လိုက်တော့😁
2024-07-15 19:11:06
1
Fmc :
အိမ်မှာနေရင်ဝင်ငွေရချင်သူများအတွက် အချိန်ပိုင်းလေးလုပ်ရုံနဲ့အမြတ်တေအများရီးရမဲ့အလုပ်ကြိုးစားရင်ကြိုးစားသလောက်ရမယ်ဝင်ကျေးတော့ရှိဝင်ကျေးကဘေဖိုးတောင်မရှိပါဘူးလိမ်မယ်ထင်ရင်မလာပါနဲ့tg @w_s_z123
2024-07-15 08:00:56
1
သူရအောင် :
ဝေးသွားတာဘဲကောင်းပါတယ်
2024-05-16 08:43:30
1
@NadiNadi998346 :
တစ်ယောက်ထဲပါ
2024-07-11 11:35:13
2
👑 Queen 👑 :
အဲ့ဆိုမယူကြနဲ့တော့
ဘယ်သူမှအဲ့ဆယ်ချက်လုံးညီမနေဘူးလေ👍
2024-07-12 05:51:52
2
Prysilar Khin :
ကျေးဇူး🥰ဘာ
2024-06-06 12:42:32
3
🇲🇲 မိုင် 🇲🇾 { Monywa } :
အဲ့လိုအချက်တွေ
တစ်ခုမှ မရှိခဲ့တဲ့
မင်းကိုမှ
ဆုံးရှုံးခဲ့ရပြီ
ငယ် 💔😢
2024-06-03 13:40:20
3
Lay Nwe :
၁၀ချက်မကဘူး ပြည့်စုံပါတယ် လင်မရ တေးပူးဟ😁
2024-06-01 11:44:45
3
Ko Soe :
အဲ10ချက်ထဲမှာအရေးကြီးဆုံးအချက်ကိုယ်ကျင့်တရားကောင်းဖို့ပါပဲ
2024-06-11 10:26:41
3
Thu Zar :
ဘယ်လောက်ဆိုးဆိုး ကိုကြီးဆုံးမရင် လိမ်မာမဲ့ ကလေးလေးပါ🥺
2024-05-02 07:30:27
22
Yoon Nge :
တချက်နဲ့မှမကိုက်ညီလို့ တော်သေးတာပေါ့😁😁
2024-07-09 13:00:56
5
Myo Kyawthu :
မှန်တယ်ကိုယ်တိုင်ခံစားပြီးမှသိတဲ့အသိ ချစ်နေတော့လဲမသိကျိုးကျင်ပြုလိုက်ရတာဘဲ
2024-04-30 10:41:50
3
Kyaw Zin Htet :
တကယ် ချစ်၇င် အ၇ာအားလုံးကိုလက်ခံနိုင်ပါတယ် ဗျာ🥺
2024-05-01 05:56:30
2
Sanlin Htun :
အစောထဲက တင်ပါလားဗျာ
2024-05-01 13:36:14
4
T :
နံပါတ် 1 မှာတင် ဇာတ်သိမ်းသွားပါပြီရှင်😂
2024-05-02 10:35:29
4
🤍Tသည်း🤍 😘1991😘 :
လူတိုင်းမယ်ပစ်နာစာကိုယ်စီရှိကြတာပဲ ဒေါ်သထွက်စရာရှိရင်ဒေါ်သကြီးမှာ အတ္တကြီးစရာရှိရင်အတ္တကြီးမယ်ထို့တူနေရာတိုင်းမယ်တိုက်ဆိုင်တဲ့ချက်တေရှိတတ်ကြတာငါအချက်အကုန်ငြိတယ်🤣🤣🤣
2024-05-02 13:37:16
2
To see more videos from user @phonemyataung396, please go to the Tikwm
homepage.