@sayarnaunggyi: . Auto suggestions ကျင့်စဥ်(သိမ်း) ....ကိုယ်ပိုင်စွမ်းအားတည်ဆောက်ခြင်း .....ဒီကျင့်စဥ်ဟာ လွယ်ပေမဲ့ ဝီရိယရှိဖို့တော့လိုပါတယ်။တိမ်မယောင်နဲ့နက်သလို လွယ်မယောင်နှင့်ခက်ပါတယ်။အဲ့ဒါကတော့ အာနာပါန ဝင်လေထွက်လေပါဘဲ။လူတွေက ခုခေတ်မှာ အာနာပါနဆိုရင် အထင်သေးတတ်ကြပါတယ်။အဲ့ဒါက စာရေးသူလေ့လာမိသလောက် အာနာပါနရဲ့အကျိုးတွေကို မသိကြလို့ အာနာပါနရဲ့အစွမ်းကြီးမှုကိုမသိကြလို့ပါ။စာရေးသူကိုအာနာပါန နည်းစနစ် သင်ပေးသော ဆရာကြီးဦးခင်မောင်ပြောဖူးသောစကားလေးရှိသည်။လူတွေက လောကီရဲ့အစွမ်းကိုဘဲ အဟုတ်ကြီးထင်နေကြတာ။လောကုတ္တရာသမားတွေစွမ်းရင်လောကီဆရာတွေနေခဲ့တော့ငါ့သား .....အောင်မြင်ချင်တဲ့သူတွေ ပါဝါကြီးချင်တဲ့သူတွေ သိဒ္ဓိပေါက်ချင်တဲ့သူတွေ ဒီအာနာပါနကိုသာပွား အောင်မြင်ပါတယ်ကွာ။အာနာပါနတရားကြီးဆိုတာ လူတိုင်းနဲ့ကိုက်ညီတဲ့တရားပါကွာ...လူတိုင်းအသက်မရှုရဘူးလား...အသက်ရှုရတဲ့ လေကိုအာရုံပြုကြည့် လောကမှာသိလိုတဲ့အရာတွေဒီထဲမှာရှိတယ်။သိလာရလိမ့်မယ်တဲ့...ဘုရားရှင်တိုင်းဒီအာနာပါနကမ္မဠာန်းနဲ့ဘုရားဖြစ်ကြတာပါ။အာနာပါနကမ္မဠာန်းက ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါသည်။စာရေးသူ၏ ဆရာကြီး ဦးခင်မောင်သည် ယခုအသက်၇၀ကေျာ်ပါပြီ တစ်ခါတုန်းက ဘကြီးဦးခင်မောင် မိုးတွင်းကာလ လမ်းမှာခရီးသွားရင်းမိုးမိတော့ ခန္ဓာကိုယ်ကြီးက လေဖြန်းချင်သလိုဖြစ်သွားတော့ အာနာပါန အရူစျာန်ကို လမ်းမှာ မှတ်ထည့်လိုက်တာ အဲ့မှာ ဝါယောဓာတ်က တေဇောဓာတ် ကိုတွန်း တေဇောဓာတ်က အာပေါဓာတ်ကိုတွန်းပြီး ချွေးတွေပြန်ပြီး ပထဝီဓာတ်တွေမှန်လာကာ ဓာတ်တွေကိုပြုပြင်ပေးလိုက်ပါတယ်။ .......ပုသိမ်သက်တော်ရှည်ဆရာတော်ကြီးဆိုလျှင်ပင် တရားဟောရင်းအသံဝင်သွားရင် အခန်းထဲပန်ပြီး အာနာပါန အရှုစျာန်ကို သုံးချက်ခန့် ရှည်ရှည်ရျုလိုက်ရာ အသံများပြန်လည်ကောင်းသွားပါသည်။ ထိုအကြောင်းအရာသည်အများအပြား အကျိုးကျေးဇူးများရှိသဖြင့် စိတ်တန်ခိုးကျင့်စဥ်ဆိုတဲ့အကြောင်းတွင်သီးသန့်ရေးသားပေးပါမည်။ သဲအင်းဂူဆရာတော်ကြီးက လူတွေက ငွေကုန်တဲ့ကုသိုလ်ကျလိုချင်တယ် ငွေမကုန်ဘဲ အကျိုးကျေးဇူးကြီးတဲ့ကုသိုလ်ကျ မလိုချင်ကြဘူး ဝင်လေထွက်လေ တစ်ရှုတစ်ရှိုက်ကုသိုလ်ဟာ ဘယ်လောက်တောင်အကျိုးကျေးဇူးကြီးလဲမေးရင်အသက်တစ်ရာမျှ ဘာမှမသိဘဲ နေသွားရခြင်းထက် တစ်ရှုတရှိုက်မျှရှုမှတ်ရခြင်းသည်မြတ်တယ်လို့ ဘုရားဟောဖူးတယ်။ .....စာရေးသူအသိတစ်ယောက် ညီလေးဉာဏ်လင်းအောင်ဆိုသူသည် သူ့အတိတ်ဘဝအား သူပြန်ပြောဖူး၏ သူသည်ရှေးယခင်ဘဝက မုဆိုးကြီးတစ်ဦး၏သမီးဖြစ်ခဲ့ဖူးပါသည်။သူအဲ့အတိတ်ဘဝက အာနာပါနတရားကို နာရီဝက်ခန့်သာ တစ်ဘဝလုံးတွင် တစ်ကြိမ်သာအားထုတ်ဖူးပါသည်။ဒီကုသိုလ်ကြောင့် သူနောင်ဘဝ လူပြန်ဖြစ်ဖြစ်ရပြီး ယောက်ကျားဘဝကိုရရှိကာ ယခုမဟာစည်တရားရိပ်သာတွင် အားထုတ်လျက် ယခုတိုင်ရှိနေပါသည်။ .....ဒီ့ထက်မကအကျိုးထူးတဲ့အာနာပါနကျင့်စဥ်ကို ဝေဘူဆရာတော်ကြီးက ဘာပြောလဲ အောင်မြင်ချင်ရင် ဒီတရားလေးသာ အားထုတ်ကြည့်ပါဗျာ။တောထဲနေတာတောင် ထွက်ပြေးရလောက်အထိ လူတွေလာကြပါလိမ့်မယ်တဲ့ဗျ။နောက်ပြီး ဝေဘူဆရာတော်ဘုရားကြီးဝေဘူချောင်မှာသီတင်းသုံးခိုက် ဝေဘူဆရာတော်ကြီးနားမှာ အာဂန္တုတစ်ပါးက လာရောက် ဝတ္ထုပစ္စည်းလှူတော့ ဆရာတော်ကြီးက ကိုယ်တော် ရှေ့လျောက် ဘာဆက်လုပ်မလဲ မေးတော့ ကိုယ်တော်က တပည့်တော် သီဟိုလ်ကျွန်းနဲ့ ဗုဒ္ဓဂါယာဘက်ကို ခရီးထွက်ချင်ကြောင်း သို့သော် ဒကာမရှိသေးကြောင်းပြောတော့ ဆရာတော်ကြီးကဒါဆို ဦးဇင်း တစ်လဆိုင်းဦးပြောပြီး။အာနာပါန အားထုတ်ခိုင်းလေရဲ့ တစ်လတိတိပြည့်တော့ ဆရာတော်ကြီးက အဲ့ဦးဇင်းကိုခွင့်ပြုလိုက်တာ မကြာပါဘူး ဒကာတွေပေါ်လာပြီး ခရီးစရိတ်လှူလိုက်ကြတာ ဆန္ဒတွေပြည့်ဝသွားကြတာပေါ့။ ....အဲ့တော့ အာနာပါနတရားကို များများရှုပွားကြပါ သွားရင်း လာရင်းသတိကပ်ပါများလာရင် ဥာဏ်စဥ်တွေဆိုတာရှိပါတယ်ဗျာ....အာနာပါနနည်းက သုံးနည်းဘဲရှိပါတယ်။အဲ့ဒါက အရှည် ၊ရေတွက်၊အတို ရယ်ဖြစ်ပါတယ်။စာရေးသူကတော့ အတိုနည်းလေးကိုဘဲ ကြိုက်လို​့ အတိုနည်းဘဲ ရှုမှတ်ပါတယ်။ .....အဲ့တော့ ကိုယ့်နှာခေါင်းက ဝင်လေထွက်လေလေးကို အာရုံစိုက်ပြီး အောင်မြင်ပေါက်ပါစေကြောင်း ရေးသားရင်း နိဂုံးချုပ်လိုက်ပါသည်။အာနာပါနကျင့်စဥ်က စိတ်တန်ခိုးအားလေ့ကျင့်ခြင်း ဆိုသည့် အကြောင်းရေးသားလျှင် ဖော်ပြပေးပါမည်။ကျေးဇူးတင်ပါသည်။ Naung G Yi ဂမ္ဘီရပညာရှင် .....နာမည်ဖျောက်ခြင်း ခွင့်မပြု။

Naung
Naung
Open In TikTok:
Region: MM
Saturday 18 May 2024 09:53:46 GMT
339738
28934
121
1119

Music

Download

Comments

nanlay9244
nanlay9244 :
ကျေးဇူး တင်လျက်ပါရှင့် တခုတော့မေးကျင်ပါသဖြင့်နှာခေါင်းနဲ့ပဲဝင်လေထွက်လေရှူရင်ရပါသလားရှင့်
2024-05-19 12:54:30
9
pa.pa.win850
PA PA WIN :
အာနာပါန အဓိပ္ပာယ် ရှင်းပြပေးပါလား
2024-05-19 23:55:54
11
user1645343699717
user1645343699717 :
ကိုတွေ့ဖြစ်ဘူးတယ်ခုလဲအသုံးပြုနေပါတယ်ပူတဲ့အချိန်မှာခန္တာကိုယ်ကအေးပြီးအေးတဲ့အချိန်မှာဆိုအပူစွမ်းအင်အသုံးပြုလို့ရတယ်
2024-05-20 09:23:30
8
khinmyoswe78
myominthu :
လုပ်လာတာ ခုနှစ်လ လောက်ရှိပြီ ဘာမှ တက်မလာပါ နေစဉ် မပျက်မကွက် လုပ်ပေမဲ့ထူးမလာပါ အချိန်လည် တိကြတယ် အနည်းဆုံး မိနစ် 30 ကျော် တခါတလေ တစ်နာရီကျော် ကြာတယ်
2024-06-12 03:09:14
2
maungthingyanlay
Maung ThinGyan :
အာနာပါနကိုသိချင်ပါတယ်အကို
2024-05-19 16:28:02
4
stevenhein89
Ote Soe Khant :
သာဓုသာဓုသာဓုပါဘူရား🙏🙏🙏 မြတ်စွာဘုရားရဲ့ကျင့်စဉ်တွေသိသမျှလေးမျှဝေပေးပါ။တင်ပေးတဲ့သူအကျိုးကျေးဇူးရရှိနိုင်ပါစေ
2024-05-30 03:44:29
3
kyi.lin.oo6
Kyi lin Oo :
ကျေးဇူးပါဗျာ 🥰🥰
2024-05-19 06:10:49
2
10aungmin
Aung Min :
အရမ်းမှန်ပါတယ်ဗျာ ကျနော်ကောင်းကောင်းသိပါတယ် 🥰
2024-05-20 10:37:06
2
aks8469
AKS :
ကျေးဇူးပါဗျာ
2024-05-19 12:23:59
1
yuu.jin.cho
Ren :
ဆာနောင်ကြီး ခုမှတွေ့တယ်👍👍👍
2024-05-20 13:48:12
1
yeyaintzaww
YeYaintZaw :
အာနပါနစိုတာဝင်လေထွက်လေကိုခေါတါမလားဗျ🥰
2024-05-20 12:51:27
1
oozaw1353
oozaw1353 :
မဂ်လပါ
2024-05-21 07:47:08
1
myominthetthet
myominthetthet :
ကျနော်ငယ်စဉ်ကအဖွားနဲ့ထိုင်တာဒီနေရာဖြစ်တော့မယ်နေရာသိနေသလိုအရင်ကဖြစ်ပီးပီလိုလိုနဲ့နောက်တော့မလုပ်ဖိတော့ဘူး
2024-05-20 13:28:28
1
dylvaq6e5jj8
ကဇပမမ506 :
ကျေးဇူးတင်ပါတယ် ဗျာ
2024-05-20 14:23:41
1
aungaung84
Aung Aung :
ကျေးဇူးတင်ပါတယ် ဆရာ
2024-05-20 14:24:59
1
kay.khaing.oo251
Kay Khaing Oo :
မဂ်လာပါ ကျေးဇူးပါ
2024-06-04 08:26:57
1
zinkooo061
zinkooo :
မတ်သားလောက်ပါတယ်
2024-05-20 07:09:52
1
kyisoetun.kyisoet4
yar zuu :
ဟုတ်ကဲ့
2024-05-19 08:53:27
1
syeyint7
@saii lay :
အရင်ထက်စာရင်တော့အတော်လေးမကျိုးပြုပါတယ်❤️🥰
2024-05-20 09:41:00
1
hantint6
hantint6 :
သာဓု သာဓု သာဓု ပါ
2024-05-20 09:16:49
1
htet.wai.yan.oo93
Htet Wai Yan Oo :
အာနာပါနဆိုတာ ဝင်လေထွက်လေကိုဆိုတယ်
2024-05-28 09:34:15
1
skin.aldous
(':')🖕🏿bAlA bAlA🖕🏿(':') :
4နာရီးထိုင်းမှာထူချာမှာတစ်နေ4နာရီးဝင်လေးထွက်လေထိသိမှာပါ
2025-07-06 05:14:01
0
do776229
Do :
အရှည် ၊ ရေတွက် ၊ အတို ဆိုတဲ့ အဓိပ္ပါယ်ရှင်းပြပါအုန်း
2025-08-10 16:52:19
0
zaw.hein6045
zaw hein :
hi
2026-04-08 00:46:13
0
zaw.zaw93776
z a w 🥰🥰🥰🥰🥰 :
တကယ်ဖစ်လာ
2024-05-20 13:56:13
0
To see more videos from user @sayarnaunggyi, please go to the Tikwm homepage.

Other Videos


About