@ak47si: #everyone #ပအိုဝ်းပေးဒျားသြ😘😘 #" J Mindset " ဘဝမှာ ကိုယ့်ကို သူတို့ထက် အမြဲတမ်း နိမ့်ကျ နေစေချင်တဲ့ လူတွေနဲ့လည်း ကြုံတွေ့ရ တတ်တယ်။ အဲဒီလိုလူတွေက အမျိုးတွေ အထဲမှာလည်း ရှိတတ်သလို ၊ သူငယ်ချင်း မိတ်ဆွေတွေ ထဲမှာလည်း ရှိတတ်တယ်။ ကိုယ်က သူတို့ထက် အရာရာ နိမ့်ကျနေရင် သနားကြမယ်။ ကူနိုင်တာရှိရင်လည်း ကူညီကြလိမ့်မယ်။ ဒါပေမယ့် ကိုယ်က သူတို့ထက် တနေရာရာမှာ နည်းနည်းလေး သာသွားပြီ ဆိုရင်တော့ ဂျေဝင်ပြီး အကြောင်းမဲ့တိုက်ခိုက် လာတတ်တယ်။ အပုတ်ချ လာတတ်တယ်။ အဲဒီလို ကောင်းနေတဲ့လူတွေက ရုတ်တရက် ကိုယ့်အပေါ် ပြောင်းလဲ သွားတဲ့အခါ ... ငါ ဘာများ အမှား လုပ်မိလို့ ငါအပေါ်ဒီလို ဖြစ်သွားတာဲ ဆိုပြီး ဝေခွဲမရ ဖြစ်လာလိမ့်မယ်။ အဓိက ပြသနာက " ဂျေ " ဝင်တာ။ ကိုယ့်ထက် သာသွားတာကို မကြိုက်တာ။ " လူတချို့ရဲ့ စိတ်ဓာတ်က သူတို့ထက် နိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့ လူတွေကို တသက်လုံး သူတို့အောက်မှာဘဲ ရှိနေ စေချင်တာ။ " သာ သွားတာ မလိုချင်ဘူး။ ငါ့လောက် မချမ်းသာတဲ့ ကောင်၊ ငါ့လောက် ပညာ မတတ်တဲ့ကောင်၊ ငါ့လောက် အတွေ့အကြုံ မရှိတဲ့ကောင်၊ ငါ့လောက် အသိုင်းဝိုင်း မရှိတဲ့ကောင်က ငါ့ထက် ဘာကိစ္စ သာသွားရတာလဲ ဆိုတဲ့ J စိတ်ဖြစ်လာတတ်တာ။ ကိုယ်အဆင်ပြေလာတဲ့ အချိန် ကိုယ့်ဘက်ကလည်း ဘဝမေ့တာ၊ မောက်မာတာမျိုး မရှိပေမယ့် ကိုယ့်အပေါ် ပြောင်းလဲသွားတဲ့သူတွေ ရှိလာခဲ့ရင် ဘာကြောင့် ဘာကြောင့် ဆိုပြီး အဖြေလိုက်မရှာပါနဲ့။ တခုခုမှားမိလို့လားဆိုပြီး Fix လုပ်ဖို့လည်း မတွေးနဲ့။ မရနိုင်ဘူး။ အဲဒါ လူတချို့ရဲ့ J Mindset ပဲ။ သူတို့အဲလို J ဝင်တာကိုလည်း မဝင်တော့အောင် လုပ်လို့မရဘူး။ သူတို့ထက် ပြန်နိမ့်ကျ သွားတဲ့အခါ ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။ အဲဒီ Mindset နဲ့ လူတွေကို သွားပြင်ပေးလို့မရဘူး ။ ဒါပေမယ့် ကိုယ်တိုင်တော့ အဲလိုလူစား ထဲမပါဖို့ ဆင်ခြင်လို့ရတယ်။ ကိုယ်တိုင်လည်း အဲဒီထဲမပါအောင် မကောင်းရင်တောင် မယုတ်မာမိဖို့ ကြိုးစားနေဆဲပါပဲ။ ကိုယ့် အနားကလူတွေ အဆင်ပြေလာ၊ အောင်မြင်လာတဲ့အခါ ဂျေဝင်တဲ့သူထက် လက်ခုပ်တီးတတ်တဲ့ မိတ်ဆွေကောင်း ဆွေမျိုးကောင်းများ ဖြစ်နိုင် ကြပါစေဗျာ။#?

AK&47
AK&47
Open In TikTok:
Region: TH
Sunday 30 June 2024 23:52:43 GMT
6922
337
14
5

Music

Download

Comments

yi.mon145
yi mon :
လိုချင်တယ်ဆိုပေးပြစ်လိုက်မယ်ကိုယ်ကချမ်းသာတယ်လေ😁
2024-07-01 12:55:11
1
htoolay6601
Htoo :
🤝🤝🤝👍👍👍
2024-07-01 13:54:06
1
oppaoppa5900
🌈Phyu 🏳️‍🌈👌 :
🥰🥰
2024-07-01 10:15:13
1
aungzay2896
Aungzay :
🥰🥰🥰
2024-07-01 03:00:25
1
67625820swfgsyuehwyeidj
user63000843379797 :
👍👍👍
2024-07-01 00:12:05
1
nwenwe5046
Nway :
🥰🥰🥰
2024-07-01 14:53:32
1
soeminaung292
soeminaung292 :
🥰🥰🥰🥰
2024-07-01 01:03:52
1
To see more videos from user @ak47si, please go to the Tikwm homepage.

Other Videos


About