@thinggyan_naing: ☸🙏ဒုတိယအကြိမ် သာသနာ့အမွေခံယူခြင်း 🙏 ☸ ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားဓမ္မများနှင့် သာသနာတော်အား မညှိုးနွမ်းမပျောက်ပျက်စေရန် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပေးနေကြတာက သံဃာတော်များဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း သာသနာတော်တည်တံ့ပြန့်ပွားရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်တဲ့ သံဃာဦးရေထိန်းသိမ်းဖို့၊ ပိုမိုတိုးပွားဖို့အတွက် စာသင်တိုက်များက ခံတပ်သဖွယ်အရေးပါပါတယ်။ ပစ္စည်းလေးပါး ပြည့်စုံမှုမရှိခြင်းကြောင့် သံဃာဦးရေနှင့် သာသနာ့ခံတပ် စာသင်တိုက်များ လျော့ပါး​ပြိုလဲမှုမရှိရလေအောင် ဝိုင်းဝန်းလှူဒါန်းထောက်ပံကြရမှာ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အနော်ရထာဖောင်ဒေးရှင်း က ယနေ့ကျင်းပတဲ့ ၁၅ ကြိမ်မြောက် သာသနာ့အမွေခံယူပွဲကြီးမှာစာသင်သား သာမဏေ တစ်ပါးအား (၁၀)နှစ်စာ စာသင်စရိတ်နှင့်တကွ ပစ္စည်းလေးပါးထောက်ပံ့ခွင့် ထပ်မံရရှိခဲ့ပါတယ်။ ကိုရင်​လေးက ကဝမြို့နယ်ဇာတိဖြစ်ပြီးမင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်တွင် သာမဏေကျော်ပထမအဆင့် စာပေများကိုသင်ယူလျှက်ရှိပါတယ်။ ဤသို့ ကောင်းမှုပြုခွင့်ရအောင် စီစဥ်ကြသူများ၊ နိဗ္ဗာန်ဆော်ကြသူများ၊ ကူညီပေးကြသူများနှင့် ကျနော်နိဗ္ဗာန်ဆော်သတင်းပေးတဲ့အခါ ဝမ်းသာအားရ တက်တက်တက်ကြွကြွ ပါဝင်လှူဒါန်းကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်းလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ဤကောင်းမှုကိုလည်း မိတ်ဆွေများအားလုံးကို ကုသိုလ်အမျှပေးဝေပါတယ်။ #myanmartiktok #buddhist @Ⓣⓗⓘⓝⓖⓖⓨⓐⓝ

Ⓣⓗⓘⓝⓖⓖⓨⓐⓝ
Ⓣⓗⓘⓝⓖⓖⓨⓐⓝ
Open In TikTok:
Region: MM
Monday 15 July 2024 03:44:51 GMT
53
17
1
0

Music

Download

Comments

aung.thu3245
aung thu :
🙏🙏🙏
2024-07-16 20:33:34
0
To see more videos from user @thinggyan_naing, please go to the Tikwm homepage.

Other Videos


About