@khincham: ကင်းမြီးကောက်တစ်ကောင်ဟာ သူနေတဲ့ကျွန်းကလေးတစ်ခု ကနေ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့နောက် ကျွန်းတစ်ခုကိုသွားချင်တယ်။ ဒါပေမဲ့ ကင်းမြီးကောက်ဟာရေမကူးတတ်လို့မြစ်ကိုဖြတ်ဖို့ရာ အခက်အခဲဖြစ်နေတယ်။ မြစ်ကမ်းဘေးမှာလျှောက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်းရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့ ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။ "ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီးဟိုဖက်ကမ်းကိုပို့ပေးပါလား။ကျေးဇူးမမေ့ပါဘူးဗျာ" "ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်း နဲ့ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်ငါရေနစ်သေသွားမှာပေါ့ " ကင်းမြီးကောက်က "ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကို လုပ်ရက်ပါ့မလားဗျာ နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။ ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ" ဖါးလည်းစဉ်းစားတယ်။ ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။ သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့ သဘောတူလိုက်တယ်။ ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။ မြစ်လယ်ရောက်တော့ ဖားဟာသူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ် ။ နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။ ဖားလည်း နာကျင်တဲ့ဝေဒနာခံစားရင်းပြော လိုက်တယ်။ ''ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။ မင်းပဲ စောစောကပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။ အခုငါ့မှာအဆိပ်တက်နေပြီ။ ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလား " ကင်းမြီးကောက်ကဘာပြန်ပြောသလဲဆိုတော့ " ''ခင်ဗျားသေရင် ကျနော်လည်း ရေနစ်သေမှာသိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါတစ်ကောင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့ ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ" နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲနစ်မြုပ်သေဆုံးသွား ကြပါတော့တယ်။ ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။ ကလေးပုံပြင်မဟုတ်ပါဘူး။ လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။ “သနားလို့ကူညီပေမဲ့လည်း အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင် ကူညီသူပါဒုက္ခရောက်တတ်တယ်” ဆိုတဲ့ သတိပေးသင်ခန်းစာလေးပါ။ Credit 🙏 #စိတ်နှင့်တန်သောဘဝများရရှိကြပါစေ #onthisday
ချမ်းBrand
Region: TH
Tuesday 16 July 2024 11:00:45 GMT
Music
Download
Comments
Sandar San :
😍😘😘😘😘😘😘
2024-07-16 11:57:36
1
Lightroom :
Nice song❤
2024-07-18 23:30:50
2
ရွှေဝိုင်းလေး(winpapanwefan) :
🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩
2024-07-18 10:19:31
1
Zin Zin Lay :
မှတ်သားစရာလေးတစ်ခု🥰🥰🥰
2024-07-17 13:46:06
1
Yee Yee Win :
တီချယ်ကိုယ်လုံးလေး အားကျ😁
2024-07-17 03:50:59
1
Zin Htwe Nge :
❤❤❤❤❤❤❤❤❤❤🥰🥰🥰🥰🥰
2024-07-17 00:02:07
1
May Lay :
♥️♥️♥️♥️♥️
2024-07-16 17:41:56
1
Ma Naw Sandar Myint :
🥰🥰🥰
2024-07-16 16:17:34
1
Daw Sandar Soe :
ကြွေ🥰
2024-07-16 13:21:37
1
Aye Khing :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2024-07-16 12:52:11
1
dawsanthuzarkh939 :
🥰🥰🥰
2024-07-16 11:41:11
1
Ńýęiñ...☘☘ :
❤❤❤
2024-07-16 11:32:51
1
Ro Nar Lay :
🥰🥰🥰
2024-07-16 11:27:27
1
PhyuPhyuKhaing :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2024-07-16 11:20:08
1
Daw Khin Mar :
❤️❤️❤️
2024-07-16 11:19:32
1
My life :
❤❤❤❤❤❤❤
2024-07-16 11:17:42
1
phyu lay :
♥️♥️♥️
2024-07-16 11:16:26
1
user6329536532600 :
🥰🥰🥰🥰🥰🥰🥰🥰
2024-07-16 11:11:29
1
Zu Zue Chan Myae :
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
2024-07-16 11:10:54
1
thinthinaye6317 :
😻😻😻😻😻
2024-07-16 11:09:19
1
Tiny Tint Soe :
🥰🥰🥰
2024-07-16 11:08:52
1
🌹ချမ်း Brand🌹 :
🥰😘🌹
2024-07-16 11:08:34
1
ဘေတီမလေး :
အရမ်းချစ်မမ
2024-07-16 11:07:27
1
user2239070344554 :
🫶🫶🫶🫶🫶🫶🫶
2024-07-16 11:06:13
1
🌹လမင်း🌹 :
🥰🥰🥰🥰🥰
2024-07-16 11:05:54
1
Zin zin Myo :
❤️❤️❤️
2024-07-16 11:05:05
1
🖤MAY🖤 :
❤️❤️❤️
2024-07-16 11:03:47
1
yoon✈✈ :
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
2024-07-26 12:22:18
0
Ma Nge :
🥰🥰🥰🥰🥰🥰🥰🥰
2024-07-24 14:29:36
0
tgi tar :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2024-07-24 01:20:21
0
To see more videos from user @khincham, please go to the Tikwm
homepage.