@ayecho1323: " စွန်းလွန်းဆရာတော်ကြီးဟောကြားသော ပဋ္ဌာန်းတရားတော် " ................................................................................. ပဋ္ဌာန်းတရားတော်ကြီးကို ဟောကြားတော်မူပါဟု ဝန်ကြီးချုပ်ဦးနုက လျှောက်ထားရာ သခင်နု ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံမြို့စွန်းလွန်းဂူကျောင်း ဘုန်းတော်ကြီး ဦးကဝိ ရှိတယ်လို့ မကြားဘူးလား။ ကြားပါ၏ဘုရား။ အဲဒါ ဟိတ်ခတ်တာ၊ ဟေတုပစ္စယော-လို့ ခေါ်တယ်။ ၎င်းနောက် သွားအုံးမှပါလေလို့ အာရုံက မဆန့်ဘူးလား။ ဆန့်ပါ၏ဘုရား။ အဲဒီ အာရုံဆန့်တာကို အာရမ္မဏ ပစ္စယော-လို့ ခေါ် တယ်။ နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ခြေရင်းသို့ မရောက် ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံကဆွဲလာ၍ ယခု ဘုန်းတော်ကြီး ခြေရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာမဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိ တပ်၍ဆွဲလာခြင်းကြောင့် အဓိပတိပစ္စယော-လို့ခေါ်တယ်။ မှန်လှပါဘုရား။ အဲဒါ ဘာကြောင့် လာရတာလဲဆိုလျှင် ရှေးက ဘုန်းတော်ကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင်တယ်။ ခုတွေချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။ ဒကာကြီး ဝက်သားများ စားဘူးသလား။ စားဘူးပါ၏ဘုရား။ အဲ ရှေးက ဝက်သားကို စားဘူးလို ခုစားချင်တယ်၊ ခုစားချင်လို့ စားရပြန်တယ်။ နောင်ကိုလဲ စားရလေအုံးမယ်။ ခွေးသားကော စားဘူးပါသလား။ မစားဘူးပါဘုရား။ အဲ ရှေးက ခွေးသား မစားဘူးလို ခုမစားချင်ဘူး၊ ခု မစားချင် ခု မစားဘူး။ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။ ရှေးက သည်တရားမျိုးကို နာခဲ့ရဘူးလို့ ခု နာချင်တယ်။ ခု နာချင်လို ခု နာရပြန်တယ်။ နောင်ကိုလဲ နာရလေအုံးမယ်။ အနန္တရ, သမနန္တရ, သဟဇာတ, အညမည ပစ္စည်း ဆက်မသွားပေဘူးလား။ သွားပါ၏ဘုရား။ ဘုန်းကြီး၏ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ အမျှဝေ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့်မယ်။ သိတဲ့အပေါ် သတိထားရမယ် ပြောတော့ နိဿယပစ္စယော၊ ဥပနိဿယ ပစ္စယော-လို့ ခေါ်တယ်။ မှန်လှပါဘုရား။ အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကကော တောင် ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။ မကြည့်ပါဘုရား။ နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။ မထောင်ပါဘုရား။ နှာခေါင်းကကော ဟိုရှူ သည်ရှူ ရှူသေးရဲ့ လား။ မရှူပါဘုရား။ ပါးစပ်ကကော ဟိုစားချင် သည်စားချင်ရှိသေးရဲလား။ မရှိပါဘုရား။ ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် သည်သွားချင် ရှိသေးရဲ့လား။ မရှိပါဘုရား။ အဲ-စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ ဆိုတဲ့ ဣန္ဒြေငါးပါး မလုံဘူးလား။ လုံပါ၏ဘုရား။ အဲဒါ ဣန္ဒြိယပစ္စယော-လို့ ခေါ်တယ်။ မိမိနှာသီးဖျားမှာ လေတိုးတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန်၏သတ္တိ ဖြစ်ပေါ်၍ လာလိမ့်မည်၊ ဈာန်ဆိုတာ ကိလေသာ လောင်ကျွမ်းခြင်းကို ဈာန်ဟုခေါ်သည်။ အဲဒါ ဈာနပစ္စယော-လို့ ခေါ်တယ်။ မှန်လှပါဘုရား။ ဘုန်းကြီးက ခန္ဓကိုယ်တွင် ပူမှန်း သိတဲ့ အပေါ်မှာ သတိထား၊ ပူမှုနှင့် သိမှု ချုပ်လိမ့်မယ်။ အေးမှန်းသိတဲ့အပေါ် သတိထား၊ အေးမှုနှင့် သိမှုချုပ် လိမ့်မယ်ဆိုတော့ မဂ်ခရီးရောက်ခြင်းကြောင့် မဂ္ဂပစ္စယော- လို့ခေါ်တယ်။ မှန်လှပါဘုရား။ ၎င်းမဂ်ခရီးသို့ သွားပါများ၍ သမာဓိ ကြီးထွားလာသော် ဥဒယဗ္ဗယဉာဏ် အမြင်သန်၍လာခြင်းကြောင့် မရှိတာကို ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း, ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားပဲ။ ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကိုလဲကျေးဇူးပြုလိမ့်မယ်။ မကင်းတာက-သင်္ခတဓာတ်၊ ကင်းတာက-အသင်္ခတဓာတ် မဟုတ်လား။ ဟုတ်ပါ၏ဘုရား။ အဲဒါ အတ္ထိပစ္စယော, နတ္ထိပစ္စယော, ဝိဂတပစ္စယော, အဝိဂတပစ္စယော- လို့ခေါ်တယ်။ * ၎င်းပဋ္ဌာန်းဒေသနာတော်ကို လိုရင်းပစ္စည်းလောက် ဖော်ပြလိုက်သည်။ စွန်းလွန်းဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိကထာစာအုပ်မှ ကူးယူဖော်ပြသည်။ crd: ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည် #စွန်းလွန်းဆရာတော်ဘုရားကြီးဉီးကဝိ #တရားတော်များ

Ayecho1323
Ayecho1323
Open In TikTok:
Region: MM
Wednesday 17 July 2024 10:38:49 GMT
233739
14972
273
1121

Music

Download

Comments

user48412194762
သိန်း နိုင် :
ဒါကိုဖတ်မိသူတွေ ဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာပါ။ဒါကဘာကိုညွှန်သလဲဆိုရင် မိမိပြုတဲ့အရာကို ဂဃနဏသိခြင်းသည် ကောင်း၏။မြင်းမစီးမှီ အောက်သို့ငုံ့ကြည့်မိက ခရီး၌အနှောက်အယှက်နည်း၏။နုတ်မှရွတ်ယုံမျှဖြင့်အကျိုးမကြီးပါ
2024-07-18 04:12:03
95
ko.amt26
Ko AMT 🍓 :
စာသား copy ရလိုပါတယ်ဗျ.. သာဓုပါ
2024-07-18 05:49:10
6
usergoldwhite018
usergoldwhite018 :
စွန်းလွန်းဂူဆရာတော်ကြီးဟောကြားသော ပဌာန်းအကျိုးနာကြားရ၍ဝမ်းမြောက်သာဓု အနုမောဓနာခေါ်ဆိုပါသည်ဘုရားယနေ့စောင့်တည်ရသောသီလကုသိုလ်ကြောင့် မြန်မာပြ ည်ကြီးကပ်သုံးပါးအမြန်ကင်းဝေးကြပါစေ
2024-07-20 07:34:33
9
o..g..l.7
ไหยแลนค์ :
အိုး..🙏ကောင်းလိုက်တာ ရင်ထဲအေးမြသွားတာပဲ ငါ့တို့လို ပညာနည်းတဲ့သူတွေအတွက် ပါဠိကို ဗမာစကားပြန်ပြီးတော့ရှင်ပြတာ မှတ်သာရ အဆင်ပြေတယ် သာဓု သာဓုသာဓုပါဘုရာ🙏🙏🙏
2024-07-18 11:34:07
28
user143666883
koko ( new acc) :
ခုမှဘဲ သိတော့တယ် ရွတ်နေတာကြာပြီ သာဓု သာဓု သာဓု
2024-07-18 00:18:29
9
yanlo202467
Maw Maw Zaw🌺🕊️ :
ကျေးဇူးတင်ပါတယ်စိတ်ကြည်လင်တဲ့အချိနန်ရယ်နေ့စဉ်ပဋာန်းရွတ်ရတဲ့အကျိုးရယ်ကြောင့်အခုလိုအခွင့်ထူးကိုရရှိတာအလွန်ဝမ်းမြောက်မိပါတယ်🙏🙏🙏🥰
2024-07-18 13:57:22
7
aung.thu.linn5
aung thu lin :
စာသားလေး ကူးယူချင်ခွင့်ြပုပါ ဘယ်လိုယူရမလဲဆိုတာလဲ ပြောြပပေးပါဗျ....🙏🙏🙏
2024-07-21 15:17:08
1
kmm255161
Khin Moe Myint615 :
သာဓု သာဓု သာဓုပါဘုရား။
2024-07-28 06:17:04
1
user7011071112874
user7011071112874 :
သာဓုသာဓုသာဓု
2024-07-28 04:56:22
1
user9382216208295
ခတောက္ကန်ဆရာတော် :
သာဓုသာဓုသာဓုပါ
2024-07-27 14:57:47
1
ooooyemin88
ooooyemin88 :
သာဓုသာဓုသာဓုပါ
2024-07-27 01:39:24
1
aung.min2181
Aung Min :
သာဓုသာဓုသာဓု
2024-07-26 06:03:49
1
u.win.htaik
U Win Htaik :
သာဓု သာဓု သာဓု ပါ
2024-07-26 00:46:20
1
user926624713924
ဦးဖြိုး :
ကောင်းလိုက်တာကွာ ကျေးဇူးတင်ပါတယ် အားပေးနေပါတယ်
2024-07-17 15:25:45
3
goodmindfirst
Alien :
သာဓု သာဓု သာဓု
2024-07-21 06:34:17
2
user9610915765981
user9610915765981 :
သာဓု သာဓု သာဓု ပါ ဘုရား🙏🙏🙏🙏...
2024-07-24 16:28:22
1
user4260522561281
user4260522561281 :
သာဓုသာဓုသာဓုပါ။
2024-07-24 12:02:40
1
myonyunt687
Rich100% :
မှန်ပါ၏
2024-07-24 07:44:17
1
than.htay4025
Than Htay :
သာဓု သာဓု သာဓု
2024-07-19 09:11:57
2
daw.hnin.wai40
Daw Hnin Wai :
သာဓု သာဓု သာဓုပါ
2024-07-24 01:51:11
1
pyonedawkhin
Daw Pyone :
ရှင်းလိုက်တာဘုရား 🙏🙏🙏
2024-07-19 07:20:51
2
user886196617379
ကိုကို :
ကျေးဇူးကြီးမာလှပါတယ် ဘုရား သာဓု သာဓု သာဓုပါဘုရား
2024-07-18 14:31:15
2
soemyatthiri10
သစၥာ သစၥာ :
တင်ပေးတဲ့သူလေးကိုကျေးဇူးအထူးတင်ပါတယ်။ဒိုလိုသိခွင့်ရတာလေးကို၊သာဓု၊သာဓု၊သာဓုပါ။
2024-07-18 11:48:04
2
thu.zar.aung479
Thu Zar Aung :
မှတ်ရတာလွယ်သွားတယ် သာဓု သာဓု သာဓု ပါ ဘုရား
2024-07-18 06:45:05
2
nay.zar.lin6
Nay Zar Lin :
သာဓုသာဓုသာဓုပါ
2024-07-18 02:14:15
2
To see more videos from user @ayecho1323, please go to the Tikwm homepage.

Other Videos


About