@nelima114: #fypシ゚viral #fypシ゚ #trendingvideos #kenyantiktok🇰🇪 #foreveryone #fypシ゚viral🖤video🤗foryou

@Neli-ma✨
@Neli-ma✨
Open In TikTok:
Region: KE
Wednesday 07 August 2024 11:34:25 GMT
433
67
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @nelima114, please go to the Tikwm homepage.

Other Videos

ကျွန်တော်လမ်းလျှောက်သည့် ယနေ့ခရီးကဝေးသည်။ ဆည်ဘောင်ပေါ်တွင် ရှုခင်းလည်းကြည့်၊ လေကောင်း လေသန့်လည်းရှူ၊ လမ်းလည်းလျှောက်လိုသောကြောင့် ဖြစ်သည်။ လမ်းလျှောက်ပြီးနောက် ထိုဆည်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် အကြော်ဝင်စားသည်။  “ဟေး ဆရာ” ကျွန်တော်က သူ့ကိုကြည့်လိုက်မိသည်။ “ဟာ ကိုကျော်လှ” “ဆရာ ဒီဘက်တောင် ရောက်လာတယ်” “အေးဗျာ ... တစ်ခါတစ်လေပါ” မိတ်ဆွေအချင်းချင်းတွေ့ကြ ဆုံကြသည့်အခါ မေးကြသည်မှာ မတွေ့တာ မဆုံတာကြာပြီဖြစ်သော သူများ အကြောင်းကိုဖြစ်သည်။ “သူဘယ်ရောက်နေသလဲ” ထိုစကားလေးတွေနှင့် ချစ်ရခင်ရသူတွေကို သတိတရ တမ်းတကြသည်။ “ဆုံးသွားပြီလေ” ထိုအသံကို မကြားချင်သော်လည်း ကြားနေရသည်။ စိတ်မကောင်းရုံမှတစ်ပါး ဘာမျှမတတ်နိုင်ပြီ။  “ဟေ့ ဒါနဲ့ ကိုလှစိုးတစ်ယောက် ပျောက်နေတယ်။ လိုင်းပေါ်လည်း တက်လာတာမတွေ့ဘူး” “ရှိပါတယ်” “အေးဗျာ လာမယ့် တနင်္ဂနွေနေ့မှ သူ့အိမ်ကို သွားလည်ဦးမယ်” “မသွားနဲ့တော့” “ဘာဖြစ်လို့လဲ” “သူ့အိမ်ရောခြံရော ရောင်းသွားပြီ” “ဟာ ... ဘယ်ပြောင်းသွားလဲ” “အဲဒီအိမ်နဲ့ ခြံက အမွေဆိုင်တွေလေ။ မောင်နှမတွေ ရောင်းရတဲ့ငွေလေးတွေ ခွဲယူလိုက်ကြပြီး လက်ရှိက လက်မဲ့ ဖြစ်ကုန်ကြတယ်။ ကိုလှစိုးလည်း ၁၀ သိန်းလောက်တော့ ရလိုက်တယ် ကြားတာပဲ” “ဒီခေတ်မှာ ငွေ ၁၀ သိန်းနဲ့ ဘယ်လိုလုပ်ပြီး နေစရာတစ်ခု ရှာနိုင်မလဲ” “သူလည်း တစ်လ ငါးသောင်းလောက်ပေးတဲ့ အခန်းလေးတစ်ခုမှာ မိသားစုနဲ့ ဆင်းဆင်းရဲရဲ သွားနေရရှာတယ်။ လူတွေများ လက်ထဲ ငွေရှိလာတော့ ကြောက်စရာကောင်းတယ်” “ဘာဖြစ်လို့လဲ” “မိန်းမနဲ့ သားသမီးတွေပေါ့ ... မလိမ္မာကြဘူးလေ” “ဘာတွေများ ဖြစ်ကုန်လို့လဲဗျာ” “လက်ထဲ ပိုက်ဆံရှိလာတော့ အရင်ကလို မဟုတ်ကြတော့ဘူး။ စားရယ် သောက်ရယ် သုံးရယ်ဖြုန်းရယ်နဲ့ ငွေ ၁၀ သိန်း ဘယ်လောက်ခံမှာလဲ။ ကုန်တော့တာပဲ။ ကုန်တာကလည်း ပြောဦးမယ်။ မိန်းမက ချဲဒိုင်ကိုင် တယ်ဆိုပြီး ပေါက်ဂဏန်းကို ဆွဲစားမိလို့ အိတ်ထဲက စိုက်လျော်ရတယ်။ သားဖြစ်သူက အရက်မူးပြီး သွားဆဲလို့ အချုပ်ထဲရောက်တာ ပိုက်ဆံနဲ့သွားထုတ်ရတယ်။ သမီးကလည်း သူများဆိုင်ကယ်ကိုရောင်းတာ ကြားက ပွဲစား သွားလုပ်တယ်လေ။ အဲဒီဆိုင်ကယ်က ခိုးရာပါပစ္စည်းဖြစ်နေလို့ အမှုဖြစ်နေတယ်။ ကဲ ဘယ်မှာလဲ ပိုက်ဆံဆိုတဲ့ဟာ လက်ထဲရှိလာရင်” “အေးဗျာ ကြားရတာ စိတ်မကောင်းလိုက်တာ။ ဒါနဲ့ ခု ကိုလှစိုးတစ်ယောက် ဘယ်ရောက်နေသလဲ” “သားတွေ၊ သမီးတွေနဲ့ မိန်းမကို စိတ်ကုန်လို့ ဘုန်းကြီး ဝတ်သွားတယ်လေ” “အေးတာပဲဗျာ” “မအေးနဲ့ ... ဘုန်းကြီးဝတ်မှ ကိုယ့်လူလည်း လေဖြတ်တော့ ဒုက္ခရောက်ရပြန်ရော” “ဟုတ်လား ... ဘယ်ဘုန်းကြီးကျောင်းလဲ။ သွားကြရအောင်” ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေနှစ်ယောက် သူ့ထံသွားရန် ရက်ရွေးနေကြသည်။ သည်ကြားထဲက မိုးတွေကလည်း အဆက်မပြတ်ရွာနေသောကြောင့် အိမ်ကမထွက်ဖြစ်။ တစ်ပတ်ခန့်ကြာမှ ဖုန်းဆက်ပြီး ချိန်းကြသည်။ “ဘုန်းကြီးကျောင်းမှာ မရှိတော့ပြန်ဘူး” “ဘယ်ရောက်သွားပြန်ပြီလဲ” “ဆေးရုံတင်ထားရတဲ့” “ဆေးရုံလိုက်သွားကြတာပေါ့” ကျွန်တော်တို့နှစ်ယောက် ဆေးရုံကို ရောက်လာကြသည်။ ဆေးရုံတွင် ဟိုမေးသည်မေး နောက်ဆုံးမှ သိလိုက်ရသည်မှာ “ညကပဲဆုံးပြီ” မေးမြန်းစုံစမ်းရင်းက နေ့ခင်းတွင် အသုဘချမည်ဟုသိလိုက်ရပြန်သည်။ ထို့ကြောင့် သင်္ချိုင်းကို ကျွန်တော်တို့နှစ်ယောက် တက္ကစီငှားကာ လိုက်ကြရပြန်သည်။ ကျွန်တော်တို့ သုသာန်သို့ရောက်သည့်အခါတွင် အလောင်းတွေ တစ်လောင်းပြီးတစ်လောင်း တန်းစီနေသည့် ကြားက ကိုလှစိုးအလောင်းကို ရှာကြရပြန်သည်။  တစ်နေရာတွင် သူ့မိန်းမကို တွေ့လိုက်ရသဖြင့် “ကိုလှစိုးအလှည့် ဘယ်တော့လဲ” ဟု မေးလိုက်မိသည်။ “ကိုလှစိုးအလောင်းကို မီးသင်္ဂြိုဟ်ပြီးသွားပြီ” “ဟင် ဟုတ်လား ... ငါတို့က နေ့လယ်မှဆိုလို့” “သိဘူး ... သူနေတဲ့ကျောင်းက လာပြီး စီစဉ်သွားတာ။ ကျွန်မတစ်ယောက်ပဲမီတယ်။ ကလေးတွေတောင် ခုထိ ရောက်မလာကြသေးဘူး” မကြာမီ အရပ်ထဲက အသုဘလိုက်ပို့သူများ၏ကား ရောက်လာသည်။ “အမလေး အဖေရယ့်” ဟုဆိုကာ သမီးဖြစ်သူက ပြေးဆင်းလာပြီး ငိုသည်။ သားဖြစ်သူကလည်း “အဖေ” တဲ့။ သို့သော် သူတို့အဖေကား ပြာဖြစ်သွားလောက်ပြီ။  တင်ညွန့် ၁၈.၁၀.၂၀၂၃

About