@shonimarisha:

Shoni 💙💙
Shoni 💙💙
Open In TikTok:
Region: UG
Thursday 22 August 2024 12:32:06 GMT
182
30
1
1

Music

Download

Comments

kalulejo
Kalule Jo :
kyekyo mwanyina
2024-08-22 19:05:56
0
To see more videos from user @shonimarisha, please go to the Tikwm homepage.

Other Videos

အောင်မြင်ချင်ရင် ပါးစပ်ပိတ်ထားပါ တကယ့်ဆရာကြီးတွေ ဘယ်လို အသံတိတ် အနိုင်ယူသွားလဲ သိချင်လား ဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် မက်ခီယာဗယ်လီ (Machiavelli) ရဲ့  လက်တွေ့ အသုံးအဝင်ဆုံး နည်းဗျူဟာ (၇) ရပ်ကို ပိုပြီး နားလည်ရလွယ်အောင် ရှင်းပြပေးမယ်။ တိတ်တိတ်လေး ယူလို့ရတာကို အကျယ်ကြီးအော်မနေနဲ့ လူတွေက ကိုယ်လိုချင်တာတွေ့ရင်
အောင်မြင်ချင်ရင် ပါးစပ်ပိတ်ထားပါ တကယ့်ဆရာကြီးတွေ ဘယ်လို အသံတိတ် အနိုင်ယူသွားလဲ သိချင်လား ဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် မက်ခီယာဗယ်လီ (Machiavelli) ရဲ့ လက်တွေ့ အသုံးအဝင်ဆုံး နည်းဗျူဟာ (၇) ရပ်ကို ပိုပြီး နားလည်ရလွယ်အောင် ရှင်းပြပေးမယ်။ တိတ်တိတ်လေး ယူလို့ရတာကို အကျယ်ကြီးအော်မနေနဲ့ လူတွေက ကိုယ်လိုချင်တာတွေ့ရင် "ငါတော့ ဒါလုပ်တော့မယ်" ဆိုပြီး ကြွားတတ်ကြတယ် အဲ့လိုပြောလိုက်တာက သူများတွေကို ကိုယ့်ကိုလာတားဖို့၊ အပြိုင်လုပ်ဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားတယ် ချမ်းသာတဲ့စိတ်ဓာတ်ရှိသူတွေ၊ တကယ်အောင်မြင်တဲ့သူတွေက ဘယ်သူ့ကိုမှ စစ်မကြေညာဘူး တိတ်တိတ်လေး ကြိတ်လုပ်တယ်။ အရာအားလုံး ကိုယ့်လက်ထဲရောက်ပြီး အကုန်ထိန်းချုပ်နိုင်ပြီဆိုမှ အပြင်ကို ထွက်ပြတယ် ဒါကြောင့် ကိုယ့်အစီအစဉ်တွေကို လိုက်ကြွားနေတာ ရပ်လိုက်ပါ တိတ်တဆိတ် တည်ဆောက်ပြီး ရလဒ်နဲ့ပဲ သက်သေပြပါ ပါးစပ်နဲ့ လိုက်ငြင်းနေတာ အလကားပဲ၊ အမြဲရှုံးမယ့်ပွဲ ပြဿနာတစ်ခုမှာ ခင်ဗျား ဘယ်လောက်ပဲ မှန်နေပါစေ၊ စငြင်းလိုက်တာနဲ့တင် ခင်ဗျား ရှုံးသွားပြီ ဘာလို့လဲဆိုတော့ ငြင်းလိုက်တဲ့အတွက် ခင်ဗျားရဲ့ အဖိုးတန်အချိန်တွေ၊ စိတ်ခံစားချက်တွေကို တစ်ဖက်လူက လွှမ်းမိုးသွားလို့ပဲ လူအများစုက အမှန်တရားကို လိုချင်လို့ ငြင်းနေကြတာ မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ ဆရာကြီးလုပ်ချင်လို့၊ အရေးပါချင်လို့ ငြင်းနေကြတာ ဒါကြောင့် စကားလုံးတွေနဲ့ အနိုင်မယူပါနဲ့။ ခင်ဗျားရဲ့ အောင်မြင်မှုရလဒ်တွေကပဲ အကောင်းဆုံး အဖြေဖြစ်ပါစေ ခင်ဗျားကို အထင်သေးပါစေ၊ ဒီအတိုင်း လွှတ်ထားလိုက် လူတွေက ခင်ဗျားကို အထင်သေးသွားရင် သူတို့ဘက်က သတိထားမှုတွေ၊ ကာကွယ်မှုတွေ အကုန်လျော့ကျသွားပြီး အမှားတွေ လုပ်တတ်ကြတယ် ကိုယ်ဘယ်လောက်စွမ်းလဲဆိုတာ အကုန်ထုတ်ပြလိုက်ရင် ရန်သူကို ပစ်မှတ်ပြလိုက်သလိုဖြစ်ပြီး ခင်ဗျားကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လာကြလိမ့်မယ်။ ဒါကြောင့် ဘာအန္တရာယ်မှမရှိတဲ့ သာမန်လူတစ်ယောက်လို ဟန်ဆောင်နေပါ လူတွေက ခင်ဗျားကို သတိမထားမိတော့တဲ့အချိန်ကျမှ ကိုယ့်အကွက်ကို စရွှေ့ပါ ခင်ဗျားကို သာမန်ပဲလို့ ထင်ထားရင် ဘယ်သူမှ လာယှဉ်ပြိုင်မှာ မဟုတ်ဘူးလေ အမြဲတမ်း ဇွတ်လုပ်နေတာထက် 'Timing' ကိုက်ဖို့က ပိုအရေးကြီးတယ် အချိန်အခါ မရွေးတတ်ရင် ဘယ်လောက်ကြိုးစားကြိုးစား အလကားပဲ အင်အားအကြီးဆုံးသူက အမြဲနိုင်တာမဟုတ်ဘူး၊ ဘယ်အချိန်မှာ လှုပ်ရှားရမလဲဆိုတဲ့ 'အကောင်းဆုံးအချိန်' (Timing) ကို ရွေးတတ်သူကသာ အမြဲနိုင်တာ အခွင့်အရေးဆိုပြီး တွေ့သမျှ လိုက်လုံးမယ့်အစား အခြေအနေကို သေချာစောင့်ကြည့်ပါ မှန်ကန်တဲ့ အချိန်ရောက်ပြီဆိုမှ အမြန်ဆုံး လှုပ်ရှားလိုက်ပါ အချိန်အခါမဟုတ်ဘဲ ရမ်းကြိုးစားနေတာက လူပင်ပန်းတာပဲ အဖတ်တင်မယ် မှန်ကန်တဲ့ အချိန်မှာ Smart ကျကျ လှုပ်ရှားတာကမှ တကယ့် စွမ်းအားအစစ်ပါ။ ကိုယ့်ရဲ့ အတ္တ က ကိုယ့်ကို ပြန်မသတ်ခင် သူ့ကို အရင်ရှင်းပစ် ကိုယ့်ရဲ့ အကြီးမားဆုံး ရန်သူက အပြင်မှာမရှိဘူး၊ ကိုယ့်ခေါင်းထဲက Ego (အတ္တ) ပဲ အဲ့ဒီ Ego က မလိုအပ်တဲ့ ပြဿနာတွေဆီ ဆွဲခေါ်သွားတတ်ပြီး၊ အကျိုးမရှိတဲ့လူတွေဆီက အသိအမှတ်ပြုခံရဖို့ အချိန်ကုန်ခံ တိုက်ခိုက်စေတတ်တယ် တကယ့် အောင်ပွဲအစစ်ဆိုတာ ရေရှည်အတွက်ပါ။ ဒါကြောင့် ဩဇာအာဏာရှိတဲ့သူတွေက Ego ကို ထိန်းချုပ်ပြီး စိတ်ရှည်သည်းခံမှုကိုပဲ ရွေးချယ်ကြတယ် ဆုံးဖြတ်ချက်ချတဲ့အခါ Ego ကို ဘေးဖယ်ထားနိုင်မှ၊ ကိုယ်မပါဝင်သင့်တဲ့ ပွဲတွေကနေ ကင်းဝေးပြီး အေးအေးဆေးဆေး အနိုင်ယူနိုင်မှာပါ ခေါ်တိုင်းရ၊ တွေ့တိုင်းရတဲ့လူ မဖြစ်ပါစေနဲ့ လူတိုင်းကို အမြဲတမ်း အချိန်ပေးနေရင် ခင်ဗျားရဲ့တန်ဖိုးက ကျသွားလိမ့်မယ် အလွယ်တကူ ရနေတဲ့အရာကို ဘယ်သူမှ တန်ဖိုးမထားတတ်ကြဘူး ဒါကြောင့် ခင်ဗျားကို လွယ်လွယ်ကူကူ ဆက်သွယ်လို့မရအောင် နေထိုင်ခြင်းက ခင်ဗျားတန်ဖိုးကို ပိုမြင့်တက်စေတယ် နေရာတိုင်းမှာ ပါဝင်မနေပါနဲ့ တကယ် အရေးကြီးတဲ့ အချိန်၊ အရေးပါတဲ့ နေရာတွေမှာပဲ ခင်ဗျားကိုယ်ခင်ဗျား ပေါ်ထွက်ခွင့်ပေးပါ လောကကြီးကို လိုက်ရှာနေတဲ့သူ မဖြစ်ပါစေနဲ့၊ လောကကြီးကနေ လိုက်ရှာရတဲ့ တန်ဖိုးရှိသူတစ်ယောက်လို နေထိုင်ပါ။ ဝင်မတိုက်ပါနဲ့၊ သူတို့ဘာသာ ပြုတ်ကျသွားအောင် လွှတ်ထားလိုက်ပါ အကြီးမားဆုံး အောင်ပွဲတွေဟာ ကိုယ်တိုင်ဝင်တိုက်ခိုက်တာထက်၊ ရန်သူတွေ သူတို့ဘာသာ ပြိုလဲသွားအောင် လွှတ်ထားရာကနေ ရလာတာများတယ် ခင်ဗျားကို ဒုက္ခပေးတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အမှားတွေ၊ မကောင်းတဲ့ ရွေးချယ်မှုတွေကြောင့်ပဲ သူတို့ဘာသာ ပြန်ကျရှုံးသွားတတ်ကြတယ် လက်တုံ့ပြန်ဖို့ မကြိုးစားပါနဲ့ ခင်ဗျားဘဝတိုးတက်ဖို့ကိုပဲ အာရုံစိုက်ထားရင်၊ အချိန်တန်တဲ့အခါ ရန်သူတွေ အလိုလို ပျက်စီးသွားပါလိမ့်မယ် မတိုက်ခိုက်ဘဲ စိတ်ရှည်ရှည်နဲ့ သူတို့ထက် ပိုကြာကြာ ရပ်တည်နိုင်တာဟာ အမြင့်မားဆုံး စွမ်းအားပါပဲ။ ဒီ ၇ ချက်ထဲက ဘယ်အချက်ကို အကြိုက်ဆုံးလဲ? ခင်ဗျားရဲ့ အမြင်ကို Comment မှာ ရေးသွားပေးပါ။ လက်တွေ့အသုံးကျတယ်ထင်ရင် မိတ်ဆွေတွေ သိအောင် Share သွားလို့ရပါတယ် #TopTen_Team #everyone #myohlaingwin #knowledge #Crd

About