@lintheidiaung: #ရောဂါပေါင်း ၆၁ မျိုးအတွက် ဆေးဘက်ဝင်တဲ့ ဆီးဖြူသီး ( တန်ဖိုးရှိတဲ့ ပို့လေးမို့သိမ်းထားလိုက်ပါ ) ( ၁ ) ဒူလာသွေးဝမ်းပျက်ရောဂါအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဥ့်နှင့် ချက်စားရသည် ၊ ( ၂ ) အရေးပြားတွင် ဖြစ်တတ်သော ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်ဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည် ။ ( ၃ ) ဆီးချိုရောဂါအတွက် ဆီးဖြူ(သို့)မြေဆီးဖြူ ပဉ္စငါးပါးပြုတ်သောက်ရသည် ၊ ( ၄ ) နှာခေါင်းသွေးလျုံလြင်းအတွက် ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည် ။ ( ၅ )ဆီးပုပ်ရောက်ဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကိုထန်းလျက်၊များရည်၊တကာနှင့်နယ်စားရသည် ။ ( ၆ )သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီးသံပုရာရည်နှင့် သောက်ရသည် ။ ( ၇ ) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်ရေစီးကမ်းပြိုခြင်းများအတွက် ဆီးဖြူသီးရွက်ကို ရေနှင့်သုံးခွက်တစ်ခွက်တင်ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည် ။ ( ၈ ) ဆီးဖြူသီးသည် ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည် ၊ ( ၉ ) မီးလှောင်နာ ၊ ရေနွေးပူလောင်နာ များအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်၍အမှုန့်ပြူပြီး ဖြူးပေးရသည် ၊ ( ၁၀ ) ကလေးများတွင် ဖြစ်တတ်သော ကျဗဟုံးနာ အတွက် ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ လိမ်း ရသည် ၊ ( ၁၁ ) ဝမ်းသက်ခြင်း ၊ အစာမကြေခြင်းများ အတွက် ဆီးဖြူရွက်နုများကိုပုန်းရည်နှင့် ကျွေးရသည် ။ ( ၁၂ ) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီးရေနွေးနှင့်ပြုတ်၍မျက်စိကို ဆေးကြောပေးရသည် ။ ( ၁၃ ) သွေးလွန်( ရာသီလွန်လျှင်) ဆီးဖြူသီးအလုံးကြီးကို စားရသည်။ ( ၁၄ ) သွေးဒူလာ အတွက် ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီတုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်သောက်သုံးပေးရသည်။ ( ၁၅ ) ဒူလာသရောနာ(ဆီးသွားသော အခါ ခါးကိုက်ပြီးအဖြူဖတ်များပါသောရောဂါ)တွက် ဆီးဖြူသီး၊နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်၊ ( ၁၆ ) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီးကို စားပေးရသည်။ ( ၁၇ ) သွေးဝမ်းလွန်ရောဂါများ အတွက် ဆီးဖြူရွက်ပြုတ်အရည်ကိုထန်းလျက်(သို့)သကြားနှင့်ဖျော်သောက်ရသည်။ ( ၁၈ ) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ဆင်သမနွယ်၊ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊အိပ်မွေ့သီး၊ ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍ သကြားနှင့်သုံးဆောင်ရသည်၊ ( ၁၉ ) လျှာကွဲခြင်း အတွက် ဆီုးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍ပလုတ်ကျင်းပေးရသည်၊ ( ၂၀ ) မက္ခရုရောဂါ အတွက် ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။ ( ၂၁ ) မီးယပ်ဖြူဆင်းခြင်း အတွက် ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍ ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။ ( ၂၂ )အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်ငါးရှဥ့်ပနီမီးကင်ခြောက်ကို ဆီးဖြူသီးခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်မကြာမကြာ ကြော်ချက်စားရသည်။ ( တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်းထိမှီဝဲရသည် ။ ) ( ၂၃ ) ဓါတ်ချူပ်ရောဂါအတွက် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။ဓါတ်ကို ပျော့စေပါသည်။ ( ၂၄ ) ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။ ယောကျာင်္ံးတို့၏ ခွန်အားကိုဖြစ်စေသည်။ကာမအားကို ဖြစ်စေပါသည်။ ( ၂၅ ) အသက်ရှည်၊ အဆင်းလှစေရန် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။ ( ၂၆ )ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန် ဆီးဖြူသီး အစိမ်းကို စားရသည်။ ( ၂၇ ) အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းလျှာများနှင့် ချက်စားရသည်။ ( ၂၈ ) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊ ပိုးများသေစေရန်ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းများတွင် ထည့်ချက်စားရသည်။ ( ၂၉ ) လေတင်တုန်းရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။ ( ၃၀ ) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊ အသံသာ အဆင်းလှရန်၊ ဓါတ်ချူပ်မူ့ကိုကာကွယ်၍ ဓါတ်ပျော့ရန် ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။ ( ၃၁ ) အတိသာရဝမ်းရောဂါ အတွက် ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍ချက်နားတွင် အုံပေးရသည်။ ( ၃၂ ) ကြို့ထိုးရောဂါအတွက် ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊ပျားရည်တို့ကို ရောကျွေးရသည်။အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။ ( ၃၃ ) ပြည်တုလာသရော ရောဂါများတွက် ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊ ပျားရည်နနွမ်းတို့ကိုရောကျွေးရသည်။ ( ၃၄ ) ဝမ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊ သည်းခြေရောဂါများတွက် ဆီးဖြူသီးကို(၁၂) နာရီခန့် ရေစိမ်ရသည်။ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။ အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍ယိုထုတ်ထား၇သည်။ ( ၃၅ ) ဆီးအောင့်ရောဂါများ အတွက် ဆီးဖြူသီးကြိတ်ညစ်ရည်ကို ဖာလာမှုန့်ရော၍သောက်ရ၏။ ( ၃၆ ) ဆီးလွန်ရောဂါအတွက် ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊ပျားရည်၊သကြားတို့ကို ရောပြီးလျှက်ရသည်။ ( ၃၇ ) ပိတ်ဝမ်းကိုက်ခြင်း၊ဝမ်းသက်ခြင်း၊ သွေးလျှုံ၊ သွေးအန်၊သွေးကျရောဂါဖြစ်ခြင်း အတွက်ဆီးဖြူသီးခြောက်ကို ပြ
လင်းသိဒ္ဓိအောင်အာရုံကြောအားဆေး
Region: MM
Thursday 22 August 2024 15:39:23 GMT
Music
Download
Comments
Zinzin Zinzin :
ဘာအတွက်ကောင်း
2024-08-23 11:14:59
1
Sapaiphyu1234 :
ဟုတ်
2024-08-22 15:43:07
1
祖辛昂 :
🥰
2025-01-31 08:54:45
0
Nyan Linn Aung :
😁
2025-01-25 10:04:58
0
khin zaw :
🥰🥰🥰
2025-01-16 13:53:32
0
nayminkoko :
🥰
2024-12-06 00:34:59
0
Mg Than :
👍👍👍
2024-09-11 10:37:15
0
Phyoe Phyoe :
💕💕💕
2024-09-03 11:42:44
0
To see more videos from user @lintheidiaung, please go to the Tikwm
homepage.