@i.am.su9: 📌၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပမယ့် ”ထိုင်းပွဲတော် ၂၀၂၄၊ ရန်ကုန်” မှာ ပါဝင်ခံစားနိုင်မယ့်အရာများ 🎉ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး စားစရာတွေ၊ အသုံးအဆောင်တွေ၊ အလှကုန်တွေ၊ ခရီးသွားစရာနေရာတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို လာရောက်မြည်းစမ်းခံစားကြည့်ပါ။ 😍ပွဲတော်နေ့တိုင်း ညနေ ၆:၀၀ နာရီတိတိမှာ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်လည်း ရှိမှာပါ။ ဆုတွေကတော့ ရန်ကုန်-ဘန်ကောက်အသွားအပြန် လေယာဉ်လက်မှတ်၊ တီဗွီ၊ ဟိုတယ်ကြီးတစ်ခုမှာတည်းခိုခွင့်နဲ့ အခြားသော အဖိုးတန်ဆုမဲပေါင်း ၁၀၀ ကျော်ပါဝင်ပါတယ်။ 🎬နာမည်ကြီးထိုင်းရုပ်ရှင် (၃) ကားကိုလည်း အခမဲ့ကြည့်ခွင့်ရဦးမှာပါ။ 🍲အတော်ဆုံးစားဖိုမှူးကြီးတွေရဲ့ ဟင်းချက်လက်ရာကို ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်မယ့် ထိုင်းဟင်းလျာချက်ပြုတ်နည်းပြပွဲလည်း ပါဝင်ပါတယ်။ 🤩 ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်များဖြစ်ကြတဲ့ Lula, Gun Napat, Sea & Keen, Aun & Ashi, Palaphol တို့ရဲ့ ဖျော်ဖြေမှုတွေ၊ မြန်မာပြည်ရဲ့ ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ ဟိန်းသစ်နဲ့ Kira တို့ရဲ့ဖျော်ဖြေမှုတွေကို ကိုယ်တိုင်ကြည့်ခွင့်ရမယ့်အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ပါ။ 🎶မြန်မာပြည်ရဲ့ အကြီးကျယ်ဆုံး ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge, Myanmar https://m.facebook.com/profile.php?mibextid=LQQJ4d မှာ 🎤နောက်ဆုံးယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်တွေကို "T-Pop Star Challenge, Myanmar" ရဲ့ ဂရမ်းဖိုင်နယ်ပွဲမှာ အခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်မယ့် အထူးအခွင့်အရေးလည်းရှိပါတယ်။ 💕မွေထိုင်း၊ ထိုင်းရိုးရာအကအလှများအပါအဝင် ထိုင်းရိုးရာဖက်ရှင်ပြပွဲနဲ့ အခြားစိတ်လှုပ်ရှားဖွယ်အစီအစဉ်များလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီနေ့တွေကို သင့်ရဲပြက္ခဒိန်မှာမှတ်ထားလိုက်တော့နော် 📅 ရက်စွဲ - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့ထိ၊ ၀၉:၃၀ - ၁၉:၀၀ နာရီ။ 📍နေရာ: Junction City၊ ရန်ကုန်မြို့။ 🎟️ ဝင်ကြေး - အခမဲ့ @Paing Takhon #paingtakhon🖤 #paingtakhon #ပိုင်တံခွန် #paingtakhonkalicosthailand #paing_takhon_myanmar🇲🇲 #paing_takhon_kalicos

SU Supranee
SU Supranee
Open In TikTok:
Region: TH
Sunday 01 September 2024 02:17:32 GMT
3124
68
6
0

Music

Download

Comments

faaa1111k
faaa1111k :
❤️❤️
2024-09-01 12:49:46
1
dy87u4m9pj7s
dy87u4m9pj7s :
❤❤❤❤❤
2024-09-01 11:57:27
1
moe.lay6858
Moe Lay :
💝💝💝
2024-09-01 10:35:36
1
user4y3etqsne
🌹susier4y3etuqsne🌹 :
♥️♥️♥️
2024-09-01 03:39:18
1
i.am.su9
SU Supranee :
งานที่ย่างกุ้ง วันที่27-29 กันยายน นี้ 🖤🥰
2024-09-01 02:23:38
1
To see more videos from user @i.am.su9, please go to the Tikwm homepage.

Other Videos


About