@transform.naylin: စပါးရွက်များရှိ လက္ခဏာများကိုကြည့်၍ ပိုးမွှားရောဂါပြဿနာများကို စနစ်တကျ နှိုင်းယှဉ်ခွဲခြားဖြေရှင်းခြင်း မြန်မာပြည်အတွင်းဖြစ်လေ့ရှိတဲ့ စပါးအရွက်များတွင် ကျလေ့ရှိတဲ့ ရောဂါများ ဖြစ်ပါတယ်။ ယခု လတ်တလောဖြစ်ပေါ်နေတဲ့ စပါးရောဂါအသစ်တွေ၊ အရွက်မှာ ပိုးကျတဲ့လက္ခဏာတွေနဲ့ အရွက်မှာ မကျတဲ့ တစ်ချို့ရောဂါတွေ ဥပမာ-စပါးရွက် ဖုံးခြောက်၊ စပါးပင်စည်ပင်ခြေပုတ်၊ အမြစ်ဖု နီမတုတ် စတာတွေတော့ ပါမှာ မဟုတ် ပါဘူး။ (၁) စပါးဘတ်တီးရီးယားရွက်ခြောက်ရောဂါ နှင့် ပိုတက်ဆီယမ်ဓါတ် ချို့တဲ့ခြင်း စပါးရွက်ထိပ်တွေဝါတယ် ခြောက်တယ်ဆိုရင် လူတွေတော်တော်များများက ဘတ်တီးရီးယားလို့ဆိုပြီး ကော့ပါးဆေးတွေ အရမ်းပေးကြပါတယ်။ ဒီလိုဆို မလိုလား အပ်တဲ့ ဆေးဖိုးတွေနဲ့ ပတ်ဝန်းကျင်အဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ စပါးခင်း ထဲက ငါးတွေ ဖားတွေ ပုစွန်လုံးတွေသေကုန်နိုင်ပြီး ဒါတွေကိုဖမ်းယူ စားတဲ့လူတွေလည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သေချာခွဲခြားတတ်ဖို့ဖော်ပြပေးလိုက်ပါတယ်။ ဘတ်တီးရီးယားရွက်ခြောက်ဟာ အရွက်ရဲ့ထိပ်ဖျားကော ဘေးဘက်ကကော စတင်ပါတယ်။ ကောက်ရိုးရောင် ခြောက်နေတဲ့ နေရာနဲ့ စိမ်းနေတဲ့နေရာကြားမှာ လှိုင်းတွန့်လို့ကောက်ကွေးပါတယ်။ တစ်ပြေးတည်း မဟုတ်ပါ။ တစ်ရွက်လုံးခြောက် ပါတယ်။ အပြည့်အဝခြောက်တယ်ပေါ့။ ရောဂါဖြစ်တာမို့လို့ တစ်ပင်ကနေ တစ်ပင် ကူးစက်လာပါမယ်။ မိုးတွင်းဆို အရမ်းဆိုးပါတယ်။ အဝါရောင်အစေ့ သေးသေးလေးတွေ ထွက်ပေါ်တတ်ပါတယ်။ စပါးဘတ်တီးရီးယားရွက်ခြောက် ကာကွယ်နိမ်နှင်းနည်း ကော့ပါးပါတဲ့ဆေးများဖျန်းပါ။ ပုလဲမြေဆီ အချိုးလျှော့ပါ။ ပိုတက် နဲ့ ဆီလီကာပါ မြေဆီအချိုး များများကျွေးပါ။ ဆီလီကာပါသော မြေဆီ ရှာရမလွယ်ရင် သဲပက်နိုင်ပါ တယ်။ ပိုတက်မြေဆီ (ဓါတ်ဆားအနီမြေဆီ) ချို့တဲ့ရင်တော့ ရွက်ထိပ်တွေမှာ အစက် လေးတွေပေါ်ပါတယ်။ ပြီးတော့ ခြောက်တာက ဟိုးအရွက်အောက်ဆုံးထိလိုက်ပြီး မခြောက်ပါဘူး။ ပြောမယ်ဆို ထိပ်ပိုင်းခြောက်ပေါ့။ မခြောက်တခြောက်လေး လိမ္မော်ရောင် အဝါရောင်ရောင်ပြေးတွေ တသားတည်း ပြသပါတယ်။ လှိုင်းတွန့်ပုံ မပြသပါ။ တစ်ခင်းလုံး (သို့ ) တစ်နေရာမှာ စုဖြစ်နေပါမယ်။ တစ်ခါတည်း တစ်ပင်ကနေ တစ်ပင်ကူးတဲ့ ပုံမျိုးမပြသပါဘူး။ ပိုတက်ဆီယမ်ဓါတ် ချို့တဲ့ခြင်းအား ကုသနည်း မြေချဥ်တာကြောင့်ဖြစ်ပါတယ်။ ပိုတက်ဓါတ်ပါသော ရွက်ဖျန်းမြေဆီကို စပါး ရွက်များကိုဖျန်းပါ။ မြေတွင်ထုံးထည့်ပါ။ သဘာဝမြေဆွေး၊ နွားချေး၊ အီးအမ်မြေဆွေး စသော ဩဂဲနစ်မြေဆီတွေ ထည့်ပါ။ နိုက်ထရိုဂျင်ပါသော ပုလဲမြေဆီကို လျှော့ကျွေးပါ။ အသက်သာဆုံးက ဟျူးမစ်အက်ဆစ်ကို မြေအားဖျန်းခြင်းဖြစ်ပါတယ်။ အစိမ်းအရမ်း မကြိုက်ပါနဲ့တောင်သူများခင်ဗျ။ စိုက်ခင်းစိမ်းအောင် ခဏခဏ ပုလဲ မပက်ပါနဲ့။ ပုလဲ နှင့် နိုက်ထရိုဂျင်များတဲ့ မြေဩဇာများဟာ မြေကို အရမ်းချဉ်စေပါတယ်။ (၂) စပါးဘတ်တီးရီးယားရွက်ခြောက်ရောဂါနှင့် စပါးဘတ်တီးရီးယား ရွက်စင်းရောဂါ နှစ်ခုလုံးက ဘတ်တီးရီးယားရောဂါ ဖြစ်ပါတယ်။ နိမ်နှင်းနည်းတွေကတော့ အတူတူဖြစ်ပါတယ်။ ရွက်စင်းဟာ အစင်းသေးသေးလေးတွေ အရွက်မှာ ပြသပါတယ်။ ကြောင်ခြစ်ထားသလို ကုတ်ထားသလို ဖြစ်ပါတယ်။ ထိုအစင်းများမှာ လိမ္မော်ရောင် ကြေးနီရောင်ဖြစ်ပါတယ်။ အဲ့ဒီအခြစ်အစင်းတွေက တဖြည်းဖြည်း ပေါင်းလာပြီး အရွက် တွေက ခြောက်လိုက်လာပါတယ်။ ဘတ်တီးရီးယား ရွက်ခြောက်မှာတော့ အပြည့်ခြောက်ပါတယ်။ နှစ်ခုလုံးမှာ အဝါ ရောင်အစေ့ သေးသေးလေးတွေ မနက်ခင်းအစောများမှာ ပြသတတ်ပါတယ်။ (၃) စပါးဘတ်တီးရီးယားရွက်စင်းရောဂါ နှင့် စပါးရွက်ညိုပျောက်ရှည်ရောဂါ ရုတ်တရက် ကြည့်လိုက်ရင် ခွဲရခက်ပါတယ်။ တစ်ခုက ဘတ်တီးရီးယားကြောင့် ဖြစ်ပြီး ကျန်တစ်ခုကတော့ မှိုရောဂါဖြစ်ပါတယ်။ ရွက်ညိုပျောက်ရှည်မှာ ဘတ်တီး ရီးယားရွက်စင်းလောက် အရွက်များကို ထိခိုက်ခြင်းမရှိပါ။ အစင်းတွေက အညိုရောင်၊ နီညိုကြောင် ပြသပြီး တစ်ခုနဲ့တစ်ခု နည်းနည်းခွာပြီး ပြပါတယ်။ အရွက်ကို နေရောင် အောက်မှာ ထောင်ကြည့်လိုက်ရင် ဘတ်တီးရီးယားရွက်စင်းတွေဟာ အလင်းဖောက် မြင်ရပြီး ကျန်တစ်ခုကတော့ အလင်းမဖောက်ပါဘူး။ ရွက်ညိုပျောက်ရှည်အတွက် Triazole ထရိုင်ရာဇော် အုပ်စုမှိုသတ်ဆေးတွေ (အေအိုင် ပရိုပါကွန်နာဇော်/ ဟက်ဇာကွန်နာဇော်/ တက်ဗျူကွန်နာဇော်/ အက်ပီကွန်နာ ဇော်တွေက ထိရောက်ပါတယ်။ ဥပမာ - သြဘာက ပရိုဝမ်း ဝိစာရက ဟက်ဇာဂွန် မှိုဆေး များဖျန်းနိုင်ပါတယ်။ (၄) စပါးရွက်ညိုပျောက်ရှည် နှင့် စပါးရွက်ညိုပျောက်ရောဂါ နှစ်ခုလုံးကမှိုရောဂါဖြစ်ပြီး ကာကွယ်နှိမ်နှင်းနည်းကတော့ အတူတူဖြစ်ပါတယ်။ ရွက်ညိုပျောက်က အညိုရောင်အစက်များ အပျောက်များ ဖြစ်ပေါ်ပြသပါတယ်။ အစက် များမှာ ဘဲဥပုံ အဝိုင်းပုံများဖြစ်ပါတယ်။ ရွက်ညိုပျောက်ရှည်ကတော့ အပ်နဲ့ အရွက်ပေါ် ကို ဆွဲခြစ်ထားသလိုပြသပြီး သူ့နာမည်အတိုင်း အစင်းက ပိုရှည်ပါတယ်။ (၅) စပါးရွက်ညိုပျောက် နှင့် စပါးဂုတ်ကျိုးရောဂါ နှစ်ခုလုံးဟာ မှိုရောဂါဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ မှိုအုပ်စု မတူတဲ့ အတွက် ဖျန်းရမယ့် ဆေးအေအိုင်တွေတော့ မတူပါဘူး။ ဆေးမှားဖျန်းရင် မထိရောက်နိုင် ပါ။

naylin
naylin
Open In TikTok:
Region: MM
Wednesday 04 September 2024 03:54:39 GMT
15842
493
0
59

Music

Download

Comments

There are no more comments for this video.
To see more videos from user @transform.naylin, please go to the Tikwm homepage.

Other Videos


About