@user28614022261954: အဘဦးမောင်ဦး သည် ရန်ကုန် မန္တလေး အမြန်လမ်း တံတားဦးအဝိုင်းနီး ပုလိပ်မြို့သို့သွားရာလမ်းပေါ်တွင် ရေစီးနဲ့မျောပြီး ၈နာရီကြာပိတ်မိနေသာ မိသားစုငါးယောက်ကို ကူညီကယ်ဆယ်ဖို့ကြိုးစားနေစဉ် လှေမှောက်ခဲ့ပါတယ်။ အဘ ဦးမောင်ဦး အသက်မှာ ၆၄ နှစ်ရှိပြီး စက်လှေမောင်းရော ရေကူးရောကျွမ်းကျင်သူဖြစ်ပါတယ် အမရပူရတွင်နေထိုင်ပြီး ရေနစ်မြုပ်ရာကျေးရွာများကို ကယ်ဆယိရေးလုပ်ပြီးအပြန် ထိုမိသားစုကိုဆက်လက်ကယ်တင်နိုင်ရန်ကြိုးပမ်းခြင်းဖြစ်ပါတယ် အဘသည်အသက်ရွယ်ကြီးသော်လည်း အသက်ကယ်တင်ရန် စိတ်အားတက်ကြွလွန်းပြီး အမျိုးသမီးနဲ့ အနီးနားဝန်းကျင်မှလူများမှ ရေစီးသန်လွန်းတယ်မဖြစ်ဘူးလို့တားသော်လဲ အသက်တချောင်းကယ်တင်ကောင်းတယ်လို့ဆိုကာ အတူလိုက်မည်သူများကိုပါ အန္တရာယ်များတယ်နေခဲ့ဟုဆိုကာ တယောက်တည်းသွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ အဘဦးမောင်ဦးသည် ရေအလယ်တွင်ရှိသော မိသားစုကိုသွာရရောက်ကယ်ဆယ်ရန်အသွား စက်လှေမှောက်ချိန်မှာ September 13ရက်နေ့ 5:03 PM တွင်ဖြစ်ပြီး အဘကိုကယ်တင်ရချိန်မှာ September 14 ရက်နေ့ 12:47 PM တွင်ဖြစ်တယ်။ အဘဦးမောင်ဦးသည် စုစုပေါင်း 19 နာရီကျော်အောင် သရက်ပင်တွင် ကပ်တွယ်နေခဲ့ပြီး တညတာကို ကျော်ဖြတ်ခဲ့ရပါတယ်။ အဘဦးမောင်ဦးကို ကယ်တင်ခဲ့သော ပရဟိတ လူမှုကူညီရေးအသင်းမှာ မြတ်သဒ္ဒါလူမှုကူညီရေးအသင်း ဖြစ်ပြီး အဘဦးမောင်ဦး ၏ တည်နေရာကိုရှာပေးနိုင်သောသူမှာ စက်လှေသမား ချစ်မျိုးဖြစ်ပါသည ၎င်းအသင်းသည် September 14 ရက် မနက် 6 နာရီမှ စ၍ ကူညီကယ်ဆယ်မှုများစတင်ခဲ့ပြီး အဘဦးမောငိဦး ကယ်ဆယ်ရန်သွားရောက်ခဲ့သော မိသားစု ၅ဦးကိုလဲ မြတ်သဒ္ဒါလူမှူကူညီရေးအသင်းမှ မနက် ၇ နာရီတွင်ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးကင်းရာသို့ပေးပို့နိုင်ခဲ့ပါတယ်။ ထိုနောက်အဘဦးမောင်ဦးကို ရှာဖွေကယ်ဆယ်မှုများကို သက်စွန့်ဆံဖျားပြုလုပ်ပေးခဲ့ကျပါတယ်။ မြတ်သဒ္ဒါ လူမှုကူညီရေးအသင်းသည် ၆၂ လမ်း နှင့် ၂၇လမ်းဒေါင့် အောင်တော်မှုရပ် ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့ဖြစ်ပါတယ်။ ကျနော်တို့မှာလက်ခံရရှိသောအလှူငွေအချို့ကို အဘကျန်းမားရေးဆေးကုသစရိတ်နဲ့ နစ်မြုပ်သွားသောစက်လှေအတွက် လှူဒါန်းပေးမှာဖြစ်ပါတယ်။ မနက်ခင်းကယ်ဆယ်ရေးလုပ်စဥ်မှာ မြတ်သဒ္ဒါအသင်းမှ စက်လှေ အင်ဂျင် ပျက်သွားသည့်အတွက် အသစ်တလုံးထပ်မံဝယ်ယူပြီးချက်ချင်းဆောင်ရွက်ပေးခဲ့ပါတယ်။ Video မှာ အဘဦးမောင်ဦးအား ကယ်ဆယ်ရချိန်မှာ မှားယွင်းပြီးဖော်ပြမိပါတယ် ။ 4:47 မဟုတ်ပဲ 12:47သာဖြစ်ပါတယ်။ မြတ်သဒ္ဓါ လူမှုနာမှုကူညီရေးအသင်း ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ #Credit - @Htet Waiyan Win Thu

အောင် ကျော် မိုး
အောင် ကျော် မိုး
Open In TikTok:
Region: MM
Saturday 14 September 2024 15:50:05 GMT
2433039
208994
0
3511

Music

Download

Comments

There are no more comments for this video.
To see more videos from user @user28614022261954, please go to the Tikwm homepage.

Other Videos


About