@shishi.lula: Paket brightening bg skin lagi banting harga nih, gercepin CO sekarang guys 🥰 #bgskin #bgskincare #bgskincarejatim #fyp

shishi.lula
shishi.lula
Open In TikTok:
Region: ID
Tuesday 24 September 2024 02:54:59 GMT
9439
65
2
15

Music

Download

Comments

taurus6551
Putri Ragil :
kak untuk usia 50 kulit normal...g ada jerawat pakek paket apa ya
2025-02-16 02:09:17
0
To see more videos from user @shishi.lula, please go to the Tikwm homepage.

Other Videos

လွတ်လပ်‌ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာနိုင်လား CNI News ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ လာမည့် ဇန်နဝါရီ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာနိုင် ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များအကြား လွတ်နိုင်ခြေ ရှိ၊ မရှိဆိုသည့်အပေါ် သုံးသပ်မှုများရှိနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လည်လွတ်မြောက်လာမည်ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေး အခွင့် အလမ်းများ ပေါ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်း ဌာနသို့ ပြောသည်။ “ဒေါ်စု မြန်မြန်လွတ်ပါစေလို့ အမြဲဆုတောင်းနေတာ။ တကယ်လို့ ဒေါ်စုလွတ်မယ်ဆိုရင် တစ်ဖက်ကလည်း တပ်ချုပ်ကြီးလည်း အဖက်ဖက်ကနေ ဖိအားတွေ လျော့သွားနိုင်တယ်။ နံပါတ် ၂ ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးတွေလုပ်ဖို့ အခွင့်အလမ်းက ပိုပေါ်လာမယ်။ ကျနော်တို့ တိုင်းပြည်မှာ တိုက်ခိုက်နေတာလည်း အကုန်လုံးမဟုတ်တောင် တစ်စုံတစ်ရာ လျော့သွားနိုင်တယ်။ လူထုကလည်း သက်သာရာ ရရှိသွားမှာပေါ့။ ဒါကြောင့်မို့လို့ ဒီလိုဖြစ်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် သတင်းတော့ ဘာမှ မရသေးပါဘူး” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နစကအား ထိထိရောက်ရောက် ဖိအားပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလကလည်း ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗာတီကန်မှာ လာရောက်ခိုလှုံနိုင်ကြောင်းလည်း ကမ်းလှမ်းထားခြင်းဖြစ်သည်။ အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာကြောင့် ချက်ခြင်းပြန်လွှတ်ပေးရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ထားသည်။ နစက ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်လျှင် ပြတ်သားလွန်းကြောင်း၊ ၎င်းလွတ်လာပါက လူထု တက်ကြွမှုပိုဖြစ်မည်ကို စိုးရိမ်သဖြင့် လွှတ်ပေးမည် မထင်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ “တချို့ကလည်း ပြောတော့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သိပ်ပြတ်သားတယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလိုလို လွှတ်မလိုလို ပြောပြောနေတာကတော့ စစ်ကောင်စီဘက် က လွှင့်တဲ့သတင်းထင်တယ်။ လူတွေရဲ့ ဒေါသတွေဘာတွေ ဖြစ်လာရင် ခဏခဏ နည်းနည်း ပေါ့သွားအောင် လုပ်လိုက်တာလည်း ပါချင်ပါမယ်။ နောက်တစ်ခုကလည်း စစ်တပ်က မရှုမလှရှုံးနေတဲ့အခါကြတော့ သူ့ တပ် တွင်းမှာလည်း မကျေမလည်ဖြစ်နေတာ။ အဲဒီအတွက် ဖိအားတွေကိုနည်းနည်းလျှော့လျှော့ပေးတဲ့ သတင်း ထင်တယ်။ လွှတ်ပေးလိမ့်မယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့ဆို ဒေါ်အောင်ဆန်းစုကြည် လွတ်လာလည်း သူတို့ ကြိုက်တဲ့စကား ‌ပြောချင်မှ ပြောမှာကို။ မပြောလို့သာ ဒီလိုလုပ်ထားတာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် လူထုက စိတ်ဓာတ်ပိုတက်ကြွသွားမှာကို စိုးချင်လည်းစိုးမှာပေါ့။ သူတို့စိတ်ထဲမှာ ဒီလောက်အထိ အခက်အခဲ မတွေ့သေးဘူးလို့ တွက်ပုံရတယ် စစ်တပ်က” ဟု ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်ကာ အမှု ၁၉ မှုနှင့် ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ထိုထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်း သက်သာခွင့်နှင့် လျှော့ပေါ့ပေးခဲ့သည်။ လက်ရှိတွင် ကျန်နေသေးသည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် ဇွန်လတွင် အသက် ၈၀ ပြည့်မည်ဖြစ်သည်။

About