@natashawilson.co: Nightjar

Natasha
Natasha
Open In TikTok:
Region: US
Thursday 26 September 2024 02:43:58 GMT
1018
81
1
0

Music

Download

Comments

vaaninipanini
vaaninipanini :
INSANE
2024-09-28 16:16:46
0
To see more videos from user @natashawilson.co, please go to the Tikwm homepage.

Other Videos

ထူးချွန်တဲ့သူတွေအတွက် ထားရှိတဲ့ ပန်းတိုင်တွေ mindset တွေဟာ တစ်ခါတစ်လေမှာ သာမန်လူတွေအတွက် လိုက်မလုပ်နိုင်တာမျိုး ရှိနေတတ်ပါတယ်။ ‎ ‎‎လူတိုင်းက ခြောက်ဘာသာဂုဏ်ထူး ရနေစရာမလိုပါဘူး။ မရလို့လည်း ဝမ်းနည်းနေစရာမလိုပါဘူး။ လူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှမတူနိုင်ကြပါဘူး။ဒါကရိုးရှင်းပေမယ့် ဒါကိုပဲ လူတွေက သတိမထားမိကြပြန်ပါဘူး။အရမ်းလည်း မထူးချွန် မရမ်းလည်း မညံ့နေတဲ့သူတွေကို ပြောပါပြချင်တာပါ။ သူများထက်တော်နေရမယ်ဆိုတဲ့ သာမန်အယူအဆထဲမှာပဲ ပိတ်မိမနေပါနဲ့။ ဒီလို သာမန်လူတစ်ယောက်အတွက် G 12 မှာ အကိုက်ညီဆုံး စိတ်ခွန်အားကတော့ ဒီအဆင့်ထက် ကျသွားလို့မရဘူးဆိုတာပါ။ မအောင်မြင်တာက ပြဿနာမဟုတ်ပေမယ့် ကျရှုံးသွားတာကတော့ ခံစားရခက်ပါတယ်။ စာမလုပ်ချင်တော့တဲ့ ခံစားချက်မျိုး ရလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတိပေးစေချင်တာပါ။ ''ငါဟာ လက်ရှိအခြေအနေကနေ ကျဆင်းသွားလို့မရဘူး။ ဒီတစ်နှစ်မှာ ကိုယ်တတ်နိုင်တာလေးကိုတော့ တစိုက်မတ်မတ်ကြိုးစားမှ ရမယ်'' ဆိုတာမျိုးပါ။  ‎ ‎ကြိုးစားမှုတွေ၊ ခံနိုင်ရည်အားတွေ၊ အသိုင်းအဝိုင်း၊ အတွေးအခေါ်၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ၊ ပန်းတိုင်ရည်မှန်းချက်တွေနဲ့ ကံတရား (ဗုဒ္ဓဘာသာဝင်မို့ ထည့်ပြောတာပါ၊ ဒီအချက်ကို ဖယ်ချင်ရင်ပယ်ချနိုင်ပါတယ်၊ တစ်နည်းအားဖြင့် ကံဆိုတာ အလုပ် ပါပဲ)တွေ မတူသ၍ ရလဒ်တွေတူညီမှာမဟုတ်ပါဘူး။ ဒီထဲမှာမှ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေအရ အဆိုးဆုံး မဖြစ်သွားစေဖို့ ဆက်ကြိုးစားနေရမယ် လို့ဆိုလိုတာပါ။ စာမေးပွဲကျတာဟာ ''စာမလုပ်လို့လည်းဖြစ်နိုင်တယ်၊ သတ်မှတ်ချက်ကို မရောက်လို့ နောက်တစ်ကြိမ်ပြန်ကြိုးစားတာလည်း ဖြစ်နိုင်တယ်၊ ကြိုးစားရဲ့သားနဲ့ ကျန်းမာရေးကြောင့်လည်းဖြစ်နိုင်တယ်၊ ကံမကောင်းဘဲ ကပ်ကျသွားတာလည်း ဖြစ်နိုင်ပါတယ်။'' အခြေအနေမတူသလို လူတိုင်းရဲ့ ရွေးချယ်ချက်တွေက မတူညီနိုင်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့အတွက် ဘာမှပြောနေစရာမလိုပါဘူး။  ‎ ‎ဒါပေမယ့် အကယ်၍ သင်သာ စာမေးပွဲကျသွားရင်တော့ လူတွေတိုင်းက ဒါဟာ သာမန်ကိစ္စလို့ တွေးကြမှာမဟုတ်ပါဘူး။ ဒါဟာ သူ့ကိစ္စပဲ ငါနဲ့မဆိုင်ဘူးလို့ တွေးကြမှာမဟုတ်ပါဘူး။ ''မိဘက ကျောင်းထားပေးတာ ပိုက်ဆံတွေကုန်ပြီး အသုံးမှမကျတာ၊ မလိမ္မာဘူးလေ၊ ပျင်းတာကိုး'' စသဖြင့် ထင်ရာမြင်ရာ ပြောကြမှာပါ။ may be သူတို့ရဲ့ ဝေဖန်ချက်က မှန်ချင်မှန်နေမယ်၊ မှားချင်မှားနေမယ်။ ဒါပေမယ့် အပြောခံရသူအဖို့ မိဘကော သားသမီးကော အရှက်ရတယ်ဆိုတဲ့ situation တစ်ခုပေါ့။ ကိုယ်တိုင်ဟာလည်း G 12 ကို နောက်တစ်နှစ်ပြန်တက်ရမယ်။ စိတ်ပျက်စရာစာတွေကို ပြန်လုပ်နေရမယ်။(in my opinion ပါ။ စာလုပ်ရတာမကြိုက်တဲ့သူမို့ပါ။) အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမရစားရ၊ တစ်နှစ်တာလုံး ငွေကုန်လူပင်ပန်းလို့မှ မပြီးသေး နောက်တစ်နှစ်ကို ဒီလိုပဲ တစ်ပုံစံထဲ ပြန်လည် ဖြတ်သန်းနေရအုံးမှာပါ။ နောက်တစ်ခုက အချိန်ကုန်ပါတယ်။ အောင်သွားတဲ့သူတွေအတွက်က ဒီလို ခံစားရခက်တဲ့ feeling တွေကို မသိနိုင်ပေမယ့် ကျသွားတဲ့သူအတွက်ကတော့ ဘယ်ကမှန်းမသိတဲ့ ဝေဖန်သံတွေကြားမှာ အတော်ခံစားရခက်မှာပါ။ ဒါကြောင့် သာမန် မတော်မညံ့ကလေးတွေအနေနဲ့ ''ငါလုံးဝကျသွားလို့ မဖြစ်ဘူး။ အမှတ်များများရလေလေ အခွင့်အရေးပိုရလေလေမို့ ရနိုင်သမျှအမှတ်ကို ခြစ်ကုတ်ယူရမယ်'' ဒီလိုတွေးပါ။ ညံ့တဲ့ကလေးတွေကလည်း ''အောင်ကိုအောင်ရမယ်။ ဘယ်နှစ်မှတ်နဲ့ အောင်အောင် ငါအောင်မှရမယ်'' လို့ တွေးထားပါ။ တကယ်တော့ စာရတဲ့ကလေး ဖြစ်ဖြစ်၊ မရတဲ့ကလေးဖြစ်ဖြစ် ကြိုးစားတဲ့သူကတော့ အောင်ကိုအောင်မှာပါ။ ကံမကောင်းလို့ ကျသွားတာက ရှားလွန်းပါတယ်။ မရှိတာမဟုတ်ဘူး။ ရှားလွန်းတာပါ။ ဒါကြောင့် ရေစုန်မမျှောပစ်ပါနဲ့။ ကြိုးစားရင် ကြိမ်းသေအောင်မှာပါ။  ‎ ‎ကျွန်မသဘောကျတဲ့ စကားစုလေးတစ်ခုရှိပါတယ်။ ဒီစကားစုဟာ ပြောကြားသူရဲ့ မူပိုင်ဟုတ်မဟုတ် ကျွန်မ အတိအကျမသိပေမယ့် ဒီစကားစုကို တောင်ကိုရီးယားနိုင်ငံရဲ့ national MC လို့ တင်စားရတဲ့ running man variety show ရဲ့ member တစ်ယောက်လည်း ဖြစ်တဲ့ yoo jaesok က jaesok's b&b rules ဆိုတဲ့ show တစ်မှာ ပြောကြားခဲ့တာပါ။ ဒီစကားစုကတော့ ''တိုက်ပွဲတိုင်းကို အနိုင်တိုက်ဖို့ မလိုအပ်ပါဘူး။ တစ်ခါတစ်လေမှာ အသက်ရှင်ကျန်ရစ်ရုံနဲ့ လုံလောက်ပါတယ်'' တဲ့။ ဒါကြောင့် ပညာရေးမှာ အလွန်မထူးချွန်ကြတဲ့သူတွေကော ၊ ညံ့တယ်ဆိုတဲ့သူတွေကော အတွက် မှာချင်တာက G 12 တိုက်ပွဲမှာ အထူးချွန်ဆုံးမဖြစ်နေရင်တောင် မတတ်စွမ်းနိုင်ရင်တောင် အသက်ရှင်ကျန်ရစ်ခြင်းဖြစ်တဲ့ စာမေးပွဲ အောင်မြင်ခြင်းကို အရယူပြီး လူတိုင်းတန်းတူရရှိထားတဲ့ အခွင့်အရေးမှာ ကိုယ့်ဘက်က ထပ်ဆုံးရှုံးမှုမဖြစ်ဘဲ ကျော်ဖြတ်သွားနိုင်ကြဖို့ ကြိုးစားစေချင်ပါတယ်။ စာမလုပ်ချင်တော့ဘူးဆိုရင် ဒီစကားလေးကို ပြန်သတိရရင်း လွှတ်ချလိုက်ဖို့ မလုပ်ဘဲ အသက်ရှင်ကျန်ရစ်ဖို့ တစ်နည်းအားဖြင့် စာမေးပွဲအောင်ဖို့တော့ ခြစ်ကုပ်ပြီး ကြိုးစားကြပါ။ Because စာမေးပွဲကျသွားတဲ့အခါ ရလာမယ့် or ခံစားရမယ့် အကျိုးသက်ရောက်မှုတွေက အဆပေါင်းများစွာ ပိုနာကျင်ရလို့ပါပဲ။ #mindset #StudyTips #fyp #motivation

About