@lcjqq: its the uni calendar in the background for me😔

leiä💋
leiä💋
Open In TikTok:
Region: AU
Sunday 29 September 2024 11:00:23 GMT
630
46
8
2

Music

Download

Comments

j.jaidurga
j.jaidurga :
most beautiful
2024-09-29 17:37:13
1
shiiyyy_
s ❦ :
i miss u 🥹
2024-09-29 19:46:27
1
_neshalini
Nesha💫 :
😍😍🔥🔥🔥 STUNNING!!!
2024-09-30 15:26:38
2
wiiiiintering
🩷 :
my baby
2024-09-29 12:04:06
1
To see more videos from user @lcjqq, please go to the Tikwm homepage.

Other Videos

မိန်းမရဲ သခင်မတောင် သမိုင်း           မိန်းမရဲ သခင်မတောင်တော် သမိုင်း (သို့မဟုတ်) ဝမ်းနည်းကြေကွဲစရာ  အချစ်ဇာတ်လမ်းလေးတစ်ပုဒ်        မိန်းမရဲ သခင်မတောင်ဟာ  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ မိန်းမရဲတောင်သည် အမြင့်ပေ ၆၀ဝ ကျော်ရှိပြီး ဝမ်းနည်းရင့်နင့်ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်ခဲ့တဲ့ နေရာလေး တစ်ခုပါပဲ။       ဒီနေရာလေးကို သွားရောက်လည်ပတ်သူတွေ များပေမယ့် သမိုင်းကြောင်းကို သိသူတွေတော့ ရှားပါးလိမ့်မယ် ထင်ပါတယ်။ သမိုင်းကြောင်းလေးက ဒီလိုပါ။         ဘုရင့်သမီးတော်တစ်ပါးဖြစ်တဲ့ ချောမောလှပလွန်းသူ နန်းဧကရီလေးက ကျေးတောသား အညတရ လုလင်တစ်ယောက်နဲ့ ချစ်ကြိုက်ကြသတဲ့ အဲ့တာကို ဘုရင်ကြီးသိသွားတဲ့အခါ အမျက်ဒေါသထွက်ပြီး သမီးတော်လေးကို တစ်ခြားမင်းဆွေမင်းမျိုးတစ်ဦးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။        အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်ချမှတ်လိုက်ပါသတဲ့။ ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ခံစားရတယ် ထင်ပါရဲ့။ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ်ဆိုပါတော့။        မင်းသမီးလေးက ကျေးတောသား လုလင်နဲ့ အတူ အားလုံးနဲ့ ဝေးရာကိုထွက်ပြေးကြတာပေါ့။ထွက်ပြေးလာကြရင်း အခု မိန်းမရဲတောင်လို့ ခေါ်ကြတဲ့ တောင်ရဲ့အရှေ့ဘက် ရွာတစ်ရွာ ကို ဖြတ်သွားပြီးတော့ ကင်းခွန် ပေးရမယ့်နေရာကို ရောက်လာပါရော။       အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်းခွန်တော် မဆောင်နိုင်လို့ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို မိန်းမရဲတောင်နားမှာ ပုန်းနေခိုင်းကာ ကင်းခွန်အတွက် သူသွားရှာပြီး ပြန်လာခေါ်မယ်လို့ ကတိပေးခဲ့ပြီး သူ့ရွာလေးကို ပြန်သွားခဲ့တယ်တဲ့လေ။        နန်းဧကရီ လေးဟာ တောင်ပေါ်မှာ ရက်တွေအကြာကြီး စောင့်နေခဲ့ပေမယ့် ကျေးတောသားလုလင်ကတော့ ပြန်ရောက်မလာခဲ့ပါဘူး။ဘုရင့်သမီးတော်လေး နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ “ဒီနေရာကို အတွဲလာ ကွဲစေ” ဆိုတဲ့ ကျိန်စာကိုဆိုပြီး ခုန်ချသွားရှာပါတယ်။       ဘုရင့်သမီးတော်လေးက အချစ်ကို ဦးစားပေး ကုမ္မာရကို ရွေးခဲ့တာတောင် အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ကာ ချစ်သူကိုထားပြီး နောက်ဆုတ်လှည့်ပြန်ထွက်ပြေးသွားတော့ ဘုရင့်သမီးတော်လေးခမျာ အချစ်ကို အရမ်းစိတ်နာသွားရှာမှာပါပဲ။        အရင်ကတော့ ဒီတောင်ကို မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ အချိန်ကာလတွေရွေးလျှားလာတော့ မိန်းမရဲတောင်အဖြစ် လူသိထင်ရှားလာတော့တာပါပဲ။        ဒီလိုနဲ့ပဲ ဒဏ္ဍာရီအရဆိုရင် နန်းဧကရီဟာ ဒီတောင်ကိုစောင့်တဲ့ သခင်မဖြစ်လာခဲ့တယ်။ ကိုယ်ရွေးချယ်တဲ့လမ်းကို ရဲရဲကြီးလျှောက်ခဲ့ပြီး သေရဲတဲ့မိန်းကလေး ရဲရင့်တဲ့မိန်းကလေးမို့ မိန်းမရဲလို့ခေါ်ကြပြီး ဒီတောင်ကိုလည်း မိန်းမရဲသခင်မတောင်လို့ခေါ်ကြပါသတဲ့        ဘယ်လိုဖြစ်ပြီး အခုလို မိန်းမရဲတောင် ဖြစ်လာသလဲဆိုတော့ ယောက်ကော် ဘရသေ့ကြီးကို နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေးက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါဆိုပြီး ဘရသေ့ကြီးကို အိမ်မက်ပေးခဲ့ပါတဲ့..။        ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင်း တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့ပါသတဲ့။ ကားဆရာက ကြိုးစားပြုပြင်ပေမယ့်မရပါဘူးတဲ့။        ဒီလိုနဲ့ ညနေ နေညိုစောင်းချိန်လေးမှာ ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက်ထွက်လာပါသတဲ့။ ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့တောင်ပါလို့ ပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားပါတော့သတဲ့။        ဘုရင့်သမီးတော်လေး နန်းဧကရီမွှေးရေ အစိမ်းသေဘဝက မကျွတ်မလွတ်သေးဘူးဆိုရင်လည်း ပြုပြုခဲ့သမျှဖူးသော ဒါနကုသိုလ်၊ ကျင့်သုံးဆောက်တည်ခဲ့ဖူးသော သီလကုသိုလ်၊ ပွားများအားထုတ်ခဲ့ဖူးသော ဘာဝနာကုသိုလ် ကောင်းမူ အစုစုတို့ကို အမျှအတမ်းပေးဝေပါတယ်။ အမြန်ဆုံးကျွတ်လွတ်လို့ ဖြစ်လေရာဘဝ ဘုံဌာနမှာ ရဲရင့်သော၊ သစ္စာရှိသော၊ အချစ်အတွက် ထပ်တူစွန့်စားရဲ့သော အချစ်တွေနဲ့ ဆုံဆည်းရပါစေ။ ဖြစ်လေရာဘဝဆက်တိုင်းမှာ အခုလိုရင်နာစရာ အချစ်မျိုးတွေနဲ့ မကြုံဆုံရပါစေနဲ့လို့ အမျှဝေဆုတောင်းပေးရင်း🙏🙏🙏        🌲🌲🌲မိန်းမရဲသခင်မတောင်ကို သွားလည်ဖို့ ပြင်ဆင်နေသူတွေကိုမှာချင်တာက ဖြစ်နိုင်ရင် ညနေ နေဝင်ချိန်လေးသွားပါလို့နေဝင်ချိန်ဆိုရှုခင်းတွေကပိုလှနေမှာမလို့ပါ။🌲🌲🌲 စာရေးသူ - Credit ပါ 🖤 #foryou  #bagan  #BaganLover

About