@peoplesspring: မြန်မာဖက်ကနေ မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းမှုတွေ ပိုမို ထူထပ်လာနေကြောင်း ထိုင်းပြော မြန်မာဖက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းမှုတွေ သိသိသာသာ မြင့်တက်လာနေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ထိပ်တန်း အရာရှိ တစ်ဦးကတော့ မြန်မာဖက်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေက ဒေသတွင်း မူးယစ်မှောင်ခို ရောင်းဝယ်မှုတွေကို မီးစာဖြည့်ပေးနေပြီး မက်သာမက်ဖက်တမင်းနဲ့ ဟီးရိုးအင်း မူးယစ်ဆေးတွေ ဖမ်းဆီးရမိမှုကလည်း သိသိသာသာ မြင့်တက်လာတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေး ဘုတ်အဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပီကစ် ရော့ဂျ်ပရာဆက်က မြန်မာနဲ့ နယ်စပ်ထိစပ်ရာ ထိုင်းမြောက်ပိုင်း နယ်စပ်တွေဟာ ပြည်တွင်းကို မူးယစ်ဆေးဝါး တရားမဝင် မှောင်ခို တင်သွင်းမှုတွေရဲ့ ပင်မလမ်းကြောင်းအဖြစ် ရှိနေဆဲလို့ ပြောပါတယ်။ သူက မှောင်ခိုသမားတွေဟာ မက်သာမက်ဖက်တမင်း စိတ်ကြွရူးသွပ်ဆေးတွေနဲ့ အိုက်စ်လို့ခေါ်တဲ့ စိတ်ကြွဆေးခဲတွေကို တောလမ်းတွေနဲ့ဖြစ်စေ၊ မဲခေါင်မြစ်ကို ဖြတ်ကူးပြီးဖြစ်စေ တင်သွင်းနေတယ်လို့လည်း ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေက ရှမ်းနဲ့ ကချင်ပြည်နယ်တွေထဲမှာတော့ ပြည်သူ့စစ်နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ရဲ့ ပူးပေါင်း ကူညီမှုနဲ့အတူ ဒုစရိုက်ဂိုဏ်းတွေက မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့ အကြီးစား စူပါ ဓာတ်ခွဲခန်းကြီးတွေ ထူထောင်ပြီး လည်ပတ်နေတယ်လို့လည်း ပြောပါတယ်။ အာဏာသိမ်း မြန်မာစစ်တပ်ဖက်ကတော့ အခုကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ အရင်ကတော့ စစ်ကောင်စီဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။ အပီကစ်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လက်နက်ဝယ်ဖို့နဲ့ တပ်ဖွဲ့အသီးသီး ရေရှည် ရပ်တည်ဖို့ ငွေလိုလာကြောင်း၊ အဲဒီအခါ မူးယစ်မှောင်ခို ကူးသန်းရောင်းဝယ်မှုဟာ ငွေကြေးရင်းမြစ် အဓိက ညွှန်ကိန်းတစ်ခု ဖြစ်လာကြောင်း Reuters သတင်းဌာနကို ပြောကြားသွားပါတယ်။ သူက မူးယစ်ဆေးဝါး မှောင်ခို ဒုစရိုက် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထိုင်းဟာ ပိုမို နိုးကြားနေမှာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အခုနှစ် ပထမဆုံး ၈ လခွဲတာ ကာလအတွင်း ထိုင်းမြောက်ပိုင်းက ချင်းမိုင်၊ ချင်းရိုင်နဲ့ မယ်ဟောင်ဆောင် ဒေသတွေမှာ မက်သာမက်ဖက်တမင်း ဆေးပြားတွေ ဖမ်းဆီးရမိမှု အရေအတွက်ဟာ ၃၄၆ သန်းလောက် ရှိခဲ့ပြီး ဒါဟာ ၂၀၂၃ ခုနှစ်၊ တစ်နှစ်လုံးစာထက် ၁၇၂ ရာခိုင်နှုန်း ထိုးတက်လာတာပါ။ အိုက်စ် မူးယစ်ဆေးခဲတွေ ဖမ်းမိမှုဟာလည်း အဲဒီ ကာလမှာ ၆.၄၈ တန် အလေးချိန် ရှိခဲ့ပြီး မနှစ်က တူညီတဲ့ ကာလအပိုင်းအခြားထက် ၃၉ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ဟီးရိုးအင်း မူးယစ်ဆေးတွေ ဖမ်းမိမှုဟာ ၃၂၇ ကီလိုဂရမ် ရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်လုံးထက် ၇ ဆနီးပါး ပိုများခဲ့တဲ့ အဓိပ္ပါယ်ပါပဲ။ နယ်စပ်မှာ တရားမဝင် မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးရမိနေတဲ့တိုင်အောင် ထိုင်းက မှောင်ခိုစျေးကွက်ထဲမှာ ပစ္စည်းပြတ်လပ်မှု မရှိဘဲ စျေးတွေ ပိုကျဆင်းလာနေပါတယ်။ ဒီအချက်ဟာ ဖမ်းဆီးရမိတဲ့ ပမာဏထက် လွတ်ထွက်သွားတဲ့ မူးယစ်ဆေးဝါး အရေအတွက်က ပိုမိုများပြားနိုင်တယ် ဆိုတာကို ညွှန်ပြနေတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ ထိုင်းမှာ ၂၀၁၃ တုန်းက မက်သာမက်ဖက်တမင်း ဆေးပြား တစ်ပြားကို ပျမ်းမျှ ဘတ် ၂၀၀၊ ၂၀၁၇ မှာ ဘတ် ၈၀ ထိ စျေးပေါက်ခဲ့ရာကနေ အခုအခါ ၂၅ ဘတ်နဲ့ ဘတ် ၃၀ ကြားထိ စျေးကျသွားတာလို့ သိရပါတယ်။ ကိုးကား: Bangkok Post
People's Spring
Region: JP
Wednesday 02 October 2024 11:41:26 GMT
Music
Download
Comments
Usoewin :
ok
2024-10-20 00:07:09
0
user70244322147278 :
တရုက်ကလာတာပါ
စစ်တပ်နဲ့ပေါင်ပြီး
2024-10-06 07:09:37
1
ႀကိဳက္စြဲ :
ချောချောလှလှချစ်စရာဂျာလေးပါ🥰
2024-10-05 07:03:43
1
moy kyaw :
မမ
2024-10-03 12:47:47
1
Soe Thi Ha🌚 :
အမှန်ပြောရင်မင်အောငင်လိုင်ထောင်ကြမလာတဲ
2024-10-27 04:45:14
0
09400694556 :
မဂ်လာ နံနက်ခင်းလေးပါ ဂျာမုန်း
2024-10-22 03:54:12
0
Saw Mya :
မြန်မာလို့မပြောနဲ့ဘယ်သူတွေလဲမှန်မှန်ပြော
2024-10-20 11:11:04
0
Yar Phat :
ဟုတ်ပ့ ပျက်စီးကုန်ပီလူငယ်တေ
2024-10-20 03:50:23
0
ကိုကြီး :
ပြောင်းပြန်တော့ဆရာကြီးပဲ
2024-10-19 14:10:47
0
user3009469674508 :
Burmese Networrk Telegram Link လေးပေးပါဦး
2024-10-02 13:05:02
0
Aung Myo :
မှန်တယ်လာရိူကိုလိုချင်တာအဒါကြောင်
2024-10-02 12:56:18
0
Their Tun :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2024-10-20 01:13:33
1
Ko Ye Kyaw :
🥰🥰🥰
2024-10-18 09:20:39
1
ko myo :
😳😳😳
2024-10-25 06:16:44
0
kolay :
😳😳😳
2024-10-24 07:42:07
0
Mg Kyi :
🥰🥰🥰
2024-10-24 06:21:53
0
user729231460636 :
🥺
2024-10-24 03:59:06
0
user701664642 :
🥰🥰🥰🥰
2024-10-20 13:52:43
0
#💜💜Ko💜Ko💜💜 :
🥰🥰🥰
2024-10-20 09:57:49
0
Ko Kyaw Zayya :
🥰🥰🥰
2024-10-20 05:31:43
0
Daw Toe Toe :
🥰🥰🥰
2024-10-20 01:36:10
0
kyaw min :
🥰🥰🥰
2024-10-20 00:16:12
0
user10585852707393 :
🥰🥰🥰
2024-10-19 23:39:26
0
khun saw Naing win :
🥰🥰🥰
2024-10-19 14:41:44
0
Ko Thet Wai :
😁😁😁
2024-10-19 13:29:23
0
To see more videos from user @peoplesspring, please go to the Tikwm
homepage.