@commentariusbyathein: ချင်းမိုင်မြို့မှာ မနက်စာအကြိုက်ဆုံးမြန်မာဆိုင်လေး Thai Yai Restaurant Chiang Mai - พี่อ้อย อาหารไทยใหญ่ 🇹🇭🇲🇲 ကဲ ဒီတစ်ခါတော့ ချင်းမိုင်ကအမျိူးတွေကတော့ သိပ်ပြီးညွှန်းစရာမလိုတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တဲ့ Thai Yai ဆိုင်လေးကို အသိန်းညွှန်းပေးချင်ပါတယ် No Sponsor Post ပါ အသိန်း ၃လလောက်စားကြည့်ထားတဲ့ ဆိုင်တစ်ဆိုင်ပါ ကဲ ဒါဆို အသိန်းရဲ့ Real Review လေးကိုတစ်ချက်စလိုက်မယ်နော် ဆိုင်အအပြင်အဆင် (7/10) ဆိုင်အပြင်ဆင်က ရန်ကုန်၁၉လမ်းဖက်က တရုတ်စားသောက်ဆိုင်တွေမှာ ထိုင်ရသလို Vibe မျိုးရတယ်လို့အသိန်းခံစားရပါတယ် ဆိုင်က၄ယောက်ခုံတွေကြည့်ပဲမို့ လူအမြဲပြည့်တက်ပါတယ် Recommend ပေးချင်တဲ့ Items 💯 ကဲ Thai Yai မှာ အသိန်း recommend ပေးချင်တဲ့ Item တွေက စမူဆာ (10/10) 💯 မနက် ၇နာရီဝန်းကျင်ဆို စရနိုင်ပါတယ် ဆီအများကြီးအိမနေတဲ့ အခွံသားကြွတ်ကြွတ်လေးနဲ့ အစာသွပ်ထားတဲ့ အာလူးကြက်သွန်ရဲ့ထိမိနေမှုနဲ့ ပေါင်းစပ်လိုက်တော့ တကယ်ကိုကောင်းတဲ့ စမူလေးပါ ပူပူလေးစားရင်ပိုကောင်းပါတယ် ပူပူလေးစားချင်ရင်တော့စောစောသွားစားပါနော် မာလာရှမ်းကော (8.5/10) 💯 Thai Yai ရဲ့ ဘတ်၁၅၀တန် ပင်လယ်စာ မာလာရှမ်းကောက အသိန်းမထင်ထားလောက်အောင် ကောင်းပါတယ် မာလာခေါက်ဆွဲများများနဲ့ မာလာအရသာက ထိမိနေပြီး တအားကြီးမွန်ထူမနေတာမို့ Try ကြည့်ကြပါနော် အရွက်လေးတော့ နည်းပါတယ် (ပိုထည့်ပေးရင်တော့ Perfect ပေါ့) ပဲထပ်တရာနဲ့ လက်ဖက်ရည် (8/10) 💯 ပဲထပ်တရာကတော့ အသိန်းဒီဆိုင်မှာ မကြာခဏစားဖြစ်တဲ့ မနက်စာတခုပါ ထပ်တရာဂျုံသားလေးကစ အိစက်ပီး ကြက်သွန်ကြော်မွှေးမွှေးလေးနဲ့ ပေါင်းစပ်ထားတဲ့ ချက်ပဲလေးနဲ့ဆိုတော့ အရမ်းမိုက် လက်ဖက်ရည်ကတော့ ပုံမှန်စိမ့်ကို အသိန်းအကြိုက်တွေ့ခဲ့ပါတယ် လက်ဖက်ရည်ဖျော်ဆရာဘသူလဲတော့ မသိပေမယ့် မြန်မာပြည်က လက်ဖက်ရည်ဆိုင်ကိုရောက်သွားလောက်ကို အရသာက ဆွဲခေါ်သွားနိုင်ပါတယ် ချဉ်ပေါင်ကြော် (8/10) 💯 ဒီဆိုင်က ချဉ်ပေါင်ကြော်ကလဲ တကယ်ကိုထိမိနေရောပါ ချဉ်ပေါင်နဲ့ မြစ်လေးရယ် ငရုတ်သီးစိမ်းလေးတွေနဲ့ ပေါင်းစပ်ထားတဲ့ အရသာကလဲ တကယ်မိုက်ပါတယ် တစ်ပွဲ ဘတ်၃၀ပါ နန်းကြီးသုပ် (7/10) 💯 အသိန်းကမန်းလေးသားဆိုတော့ နန်းကြီးသုပ် အသိန်းတို့ မန်းလေးဒေသအခေါ် မုန့်တီသုပ် (နန်းလတ်သုပ်) ကတော့ လက်ခံလို့ရပါတယ် တခြား ရှမ်းခေါက်ဆွဲ Series တွေလဲရှိပါတယ် ရှမ်းရေဖျော်ကလွဲရင် ကျန်တာအသိန်းအကြိုက်ထဲတော့ မပါပါဘူး စျေးနှုန်း (9/10) 💯 Thai Yai ရဲ့အဓိကအားသားချက်က ဘာလဲဆိုရင်တော့ စျေးနှုန်းအရမ်းတန်တာပါပဲ မနက်စာ စမူဆာတစ်ခု ၅ဘတ် အီကြာကွေး ၇ဘတ်ကစ နန်းကြီးသုပ်တွေ ရှမ်းခေါက်ဆွဲ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ဘာစားစား ဘတ်၅၀ ထိပဲဆိုတော့ ဘတ်ဂျတ်အရမ်းဖြစ်တဲ့ဆိုင်တစ်ဆိုင်ပါပဲ ဝန်ဆောင်မှု (9/10) ဝန်းထမ်းလေးတွေကစ ဆိုင်ရှင် ဦးနဲ့ အန်တီတို့ကလဲအတော်ကိုသဘောကောင်းပြီးဖော်ရွေပါတယ် သူ့ဆိုင်ထဲဝင်လိုက်တာနဲ့ ဘာမှမမှာရသေးဘူး ရေနွေးလေးတန်းချပေးတာလေးက နွေးထွေးတဲ့ ဒီဆိုင်လေးရဲ့ Signature လို့မြင်ပါတယ် ဆိုင်နေရာ (8/10) ဆိုင်လေးက ချင်းမိုင်ကျုံးမြောက်ဖက်ခြမ်း Manee Nopparat လမ်းမကြီးပေါ်မှာရှိတယ် သွားရလာရအဆင်ပြေတယ် ဘယ်ဖက်ကလာလာ အဆင်ပြေပါတယ် https://maps.app.goo.gl/X7VtQB9TkocQRrYbA?g_st=com.google.maps.preview.copy Facebook Page https://www.facebook.com/share/nnegLmVihQKbHJ7v/?mibextid=LQQJ4d မနက်ခင်းလေးကို Thai Yai မှာစားပြီး ချင်းမိုင်ကိုလာလည်သူတွေ ကျောင်းတက် အလုပ်သွားတဲ့သူတွေ အများကြီးမို့ ချင်းမိုင်ကမြန်မာပြည်သားတွေအတွက် တကယ်ကို အဆင်ပြေတဲ့ ဆိုင်လေးပါ ကဲ ဒါဆို Thai Yai ကလဲ ချင်းမိုင်ရောက်ရင် လုံဝလက်မလွတ်ပဲ စားရမယ့် ဆိုင်တစ်ဆိုင်ပါပဲနော် အဆုံးထိ ဖတ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နော် နောက် Review post တွေမှ ပြန်ဆုံကြပါမယ်ဗျ ကျေးဇူးအများကြီးတင်ပါတယ် 💌 #thaiyai #food_review #ချင်းမိုင်မှာနေပါ #commentariusby_athein
commentariusbyathein
Region: TH
Monday 14 October 2024 13:44:32 GMT
Music
Download
Comments
ICE🧊 :
ဘယ်နေရာလဲ
2024-10-19 10:30:57
1
To see more videos from user @commentariusbyathein, please go to the Tikwm
homepage.