@nanyinyin77: ✨"တရားဂုဏ်တော် ခြောက်ပါး ပါဠိ "✨🙏🙏🙏 (က ) သွာက္ခာတော ဘဂဝတာ ဓမ္မော ( ခ ) သန္ဒိဋ္ဌိကော ( ဂ ) အကာလိကော (ဃ) ဧဟိ ပဿိကော ( င ) သြပ နေယျိကော ( စ ) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ။ ✨တရားဂုဏ်တော် ခြောက်ပါး အဓိပ္ပါယ်✨ (၁ ) သက္ခာတော - စ လယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ၊ ပြည့်စုံစွာ ဟောကြားတော်မူအပ်သော တရားတော် ။ (၂ ) သန္ဒိဋ္ဌိကော - ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌိကိုယ်တွင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံတော်မူသော တရားတော် ။ (၃ ) အကာလိကော - ကာလမရွေ့ ကျင့်သည့်နေ့၌ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံတော်မူသော တရားတော် ။ (၄ ) ဧဟိ ပဿိကော - လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ၊ ရှုပါ ကျင့်ကြံပါဟု မပါ , ပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက်တွန်းခြင်းငှာ ထိုက်တန်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံတော်မူသော တရားတော် ။ ( ၅ ) သြပ နေယျိကော - မိမိကာယ အဇ္စျတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံတော်မူသော တရားတော် ။ ( ၆ ) ပစ္စတ္တံ ဝေဟိတဗ္ဗော ဝိညူဟိ - ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့ အသီးသီးသော မိမိတို့သန္တာန်၌ ချမ်းသာလေစွ ကောင်းလေစွဟု ကာယစိတ္တ သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံတော်မူသော တရားတော် ။ ✨တရားဂုဏ်တော် ခြောက်ပါး အဓိပ္ပါယ်လင်္ကာ✨ ၁။ ကောင်းစွာဟောကြား ၊ မြတ်တရား ၊ မှတ်သားသွာက္ခာတဂုဏ် ။ ၂။ အားထုတ်ကြည့်လျှင် ၊ ကိုယ်တွေ့မြင် ၊ ရှင်ပင်ဟောပြ သန္ဒိဋ္ဌိကဂုဏ် ။ ၃။ အချိန်မရွေး ၊ အကျိုးပေး ၊ ကျင့်ရေး အကာလိကဂုဏ် ။ ၄။ လာရန် ကြည့်ရန် ၊ အာမခံ ၊ ဖိတ်မန်ခေါ်ဘိ ဧဟိပဿိဂုဏ် ။ ၅။ မိမိကိုယ်တွင်း ၊ တည်ရှိခြင်း ၊ ကျင့်ခြင်း သြပနေယျိဂုဏ် ။ ၆။ တရားမြင်သိ ၊ ပညာရှိ ၊ ဖြစ်ဘိ အရိယာ ၊ ထိုသူများသာ ၊ ခံစားရာ ၊ ချမ်းသာ ပစ္စတ္တံဝေဒိတဗ္ဗဂုဏ် ။ ဂုဏ်တော် ခြောက်ဖြာ ၊ လွယ်ကူစွာ ၊ သင်ကာယူကြကုန် ။မူရင်းပူဇော်သူအားကျေးဇူးတင်လျှက်🙏🙏🙏 #Credit&respect to original uploader&photo #Emm #EmpowerMyMyanmar
NanYinYin 3.7M
Region: MM
Monday 11 November 2024 11:40:21 GMT
Music
Download
Comments
Khant lin ko :
သံဃာဂုဏ်တော်ရှိရင်တင်ပေးပါလား
2024-11-11 13:21:45
2
That Naing Htoo :
🙏🙏🙏 သာဓု သာဓု သာဓုပါအရှင်ဘုရား 🙏🙏🙏
2024-11-11 14:28:49
1
yibao :
🙏🙏🙏🥰
2026-04-12 18:48:33
1
🥀🥀🥀 :
🌷🙏🙏🙏🌷
2024-11-11 12:12:06
1
Than Htay Soe 1111 :
🙏🙏🙏🙏🙏
2024-11-11 12:50:24
1
user436456071 :
🙏🙏🙏🙏🙏
2024-11-11 13:16:42
1
မျိုး :
🙏🙏🙏
2024-11-11 13:35:41
1
Than Zaw :
🙏🙏🙏
2024-11-11 13:40:52
1
user559055213078 :
🥰🥰🥰
2024-11-11 13:46:16
1
𐙚⋆° Såy yës tö më 。⋆♡ :
😁😁😁
2024-11-11 14:01:35
1
ko nyi :
🥰🥰🥰
2024-11-13 02:17:44
1
Sumitra Ssk :
🙏🙏🙏🙏🙏
2024-11-12 07:16:52
1
July Thway :
🥰🥰🥰
2024-11-11 14:35:26
1
ချယ်ရီ :
🙏🙏🙏🙏🙏
2024-11-11 14:28:43
1
aungmyothurahtwe :
🙏🙏🙏
2024-12-02 07:32:04
0
To see more videos from user @nanyinyin77, please go to the Tikwm
homepage.