@zayartbz7news: ကျောက်ကြီးမြို့နယ်တွင် နောက်တန်းပြန် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး၊ စစ်လေယာဉ်က စစ်တပ်စစ်ကြောင်းကို ဗုံးပြန်ကျဲသဖြင့် မြေပြင်တပ်က လေယာဉ်ကို ပြန်လည်ပစ်ခတ်ခဲ့ ရန်ကုန်၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် နောက်တန်းပြန် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့သို့ နောက်တန်းပြန်ဆုတ်လာသော အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းတွင် ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက် ကြီးအခြေစိုက်တပ် များ စုပေါင်းထားခြင်းဖြစ်ကြောင်း၊ တော်လှန် ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြာင့် စစ်သား ၃၀ ကျော်သေဆုံးပြီး ၂၀ မှာမူ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ "ကျောက်ကြီး မူသယ် စစ်အခြေစိုက်စခန်းတွေကနေ နောက်တန်းပြန်ဝင်မယ့်တပ်တွေပါ။ ရက်အလိုက်ကြည့်လို့ရပါတယ်။ စုစုပေါင်း၅၀ကျော်မှာ သေဆုံး ၃၀လောက်ပါပါတယ်။ ဒရုန်းတိုက်ခိုက်မှုနဲ့ သေဆုံး ထိခိုက်များခဲ့ပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ရှင်းလင်းပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ် ကျွန်းကုန်းရွာထိပ်တွင် စစ်အင်အားရာကျော်ပါသော စစ်တပ်စစ် ကြောင်းနှင့် ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ခွဲ ၂ တို့အကြား ထိတွေ့မှုစတင်ဖြစ်ခဲ့ကြောင်း၊ ယင်းနေ့ နံနက်၇နာရီခွဲအချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀နာရီကျော်အချိန် KNLAနှင့်အတူ တိုက်ပွဲဖြစ်ခဲ့သည့်နေရာများကို တက်ရောက်ရှင်းလင်းခဲ့ရာ MA3တစ်လက်အပါဝင် ခဲယမ်းတချို့နှင့် ခြင်းကြား ၇လုံး စစ်အသုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားမှုအနေဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာဘက်သို့ ဖောက်ဆင်းမရသော စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ရွာကြီးအင်းရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် စစ်ကြောင်း၃ခုခွဲကာ စတင်ထိုးဖောက်ဝင်ရောက်လာကြောင်း၊ တို့ ရိုးမ ၂ ကွန်မန်ဒိုအဖွဲ့နှင့် KNLAပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို စောင့်ကြို တိုက်ခိုက် ချေမှုန်းပစ်ခဲ့ရာ တိုက်ပွဲမှာ တနေကုန်တိုက်ခိုက်ခဲ့ကြရကြောင်း၊ ယင်းနေ့ ညနေ၄နာရီခန့်တွင် အထိနာသွားသော စစ်တပ်စစ်ကြောင်းမှာ ကျောက်ကြီးမြို့၊ ဒုံးတို၊ ဆိပ်ကြီးရွာများဘက် သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။ ဒုတိယအကြိမ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သားအလောင်း ၃ လောင်းကျန်ခဲ့ကာ တပ်ကြပ်ကြီးအလောင်း ၁ လောင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးကျော်သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၁ ဦး ခြေသလုံးအစမှန် (မစိုးရိမ်ရ) ထိခိုက်ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ တတိယနေ့ နံနက် ၆ နာရီအချိန် ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းနေရာသို့ စစ်တပ်က ထပ်မံထိုးဖောက် ပစ်ဝင်လာခဲ့ရာ တော်လှန် ရေးတပ်များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် စစ်တပ်မှာ ထပ်မံအထိနာခဲ့ကြောင်း၊ တော်လှန်ရေး မြေပြင်အဖွဲ့ ဖြစ်သော ရိုးမ ၁ ၊ရိုးမ ၂ ၊ ဖြူးပကဖအဖွဲ့၊ KNLA ပူးပေါင်းအဖွဲ့များကို မထိုးဖောက်နိုင်ခဲ့ဘဲ ယင်းနေ့ နေ့လည်၁၂နာရီခန့်အချိန် လေကြောင်းပစ်ကူ ဂျက်လေယာဉ်၂စီးဖြင့် လာရောက်ပစ်ကူပေးခဲ့ကြောင်း၊ အဆိုပါလေယာဉ်က ပစ်ချခဲ့သော ဗုံးများမှာ မြေပြင်စစ်တပ်များအရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့ကြောင့် မြေပြင်စစ်ကောင်စီတပ်များက ပွိုင့်ဖိုက်လက်နက်ဖြင့် ၎င်းတို့၏ စစ်လေယာဉ်ကိုပြန်ပစ်ခတ်ခဲ့သောကြောင့် လေယာဉ်မှာဆက်မပစ်တော့ဘဲ တောင်ငူလေတပ်သို့ လှည်ပြန်သွားခဲ့ကြောင်း သိရှိရသည်။ စစ်လေယာဉ်လှည့်ပြန်သွားပြီးနောက် အထိနာနေသော စစ်တပ်စစ်ကြောင်းမှာ ကျောက်ကြီးမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တတိယအကြိမ် တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးကျော် သေဆုံးကာ ၁၅ ဦးကျော် ထိခိုက် ကျိုး၊ပြတ် သွားခဲ့ရကြောင်း သိရှိရသည်။ တိုက်ပွဲ ၃ ရက်တာကာလအတွင်း KNLA ဦးဆောင်သော ရိုးမ ၂ ၊ KNLA ပူးပေါင်း ဒရုန်းအဖွဲ့များ၊ မြေပြင်ကွန်မန်ဒို၊ ၊ ဖြူးပကဖ၊ ရိုးမ ၁ စစ်ကြောင်း အာဠာဝက၊ ပူးပေါင်းအဖွဲ့များ၏ လက်တွဲတိုက်ခိုက်နိုင်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၅၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း၊ အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့၊ စစ်ပစ္စည်းအသုံးအဆောင်
ZayarTBZ 7 News
Region: TH
Tuesday 12 November 2024 06:13:30 GMT
Music
Download
Comments
Khu Koreh :
ပျော်သလားဟေ့မောင်တို့ရေ
2024-11-12 12:29:01
4
Myo MiNTuN :
ၾကားရတာအားရိွလိုက္တာ
2024-11-12 16:00:40
0
K😘😘 :
ပျော်လိုက်တာ
2025-01-14 17:15:25
0
user5283205186937 :
ဝမ်းသာတယ်သေတာ
2024-11-12 06:58:41
4
အငယ် ကောင် :
ရှယ်ပဲ🥰🥰🥰🥰
2024-11-12 15:01:12
1
KO MYO :
တို့ဘက်မှာပေါ့
2024-11-12 12:32:42
2
Zay Yar Aung :
ကျွန်တော်တို့မြို့လေးပါ.💔
2025-05-07 09:09:53
0
Ko Aung :
တင်ပေးလို့ ကျေးဇူးပါဗျာ👍👍👍💪💪💪
2024-11-12 12:28:03
0
jgfjfnufb bgc :
သေး
2024-11-12 12:36:53
0
ဧရာဝတီသားလေး :
ထမင်းစားလို့တော့ကောင်းပီး
2024-11-12 10:44:53
0
Tun Tun :
စစ်သားရေမသာလယ်စေးလဲ
2024-11-12 09:42:46
0
☯Super Boy✔ :
😂ကြည့်ချင်လိုက်တာ
2024-11-12 09:45:16
0
ခရမ်းသိ :
အားရပါးရပြောနော်😃
2024-11-12 15:15:52
0
ညီမလေးရဲ့ကိုကို :
အကိုတိုင်ကြားလို့ရမဲ့အဆက်သွယ်လေးတင်ပြပါအကို
2024-11-12 06:41:26
0
ရိုးမနွယ် :
😲😯ဟေ
2024-11-12 09:45:45
0
maung soe :
Ok
2024-11-12 15:29:23
0
Yuh Imbir :
baik ya kami
2024-11-12 09:10:10
0
thaungtun :
🥰🥰🥰😂😂😂😅😅😅😂😂🥰🥰😅😅🥰😂😂😂🥰😅😅😅🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2024-11-12 07:05:54
3
🔞💯 ñõt mÿ păîń ❌🤫❓ :
😁😁🤣🤣
2025-06-04 04:16:08
0
Žîñ Ĺîñ Ōó :
😚
2025-05-12 04:54:10
0
ei thazin(အသေးလေး)🖤🖤 :
😞
2025-05-02 22:46:25
0
Hnin Thazin Htwe🎀💛 :
🙄
2025-05-01 13:26:23
0
user7108191509745 :
😁
2025-01-11 07:57:18
0
konage905 :
👍👍👍👍👍👍👍👍👍
2025-01-05 03:28:42
0
Kyaw Min Tun :
😂😂😂
2024-12-21 15:18:56
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.