@nanyinyin77: 🙏 နမောတေ ဂါထာတော် 🙏 👉 စီးပွားရေး အဆင်မပြေကြသူများ 👉 အချုပ်နှောင်ခံနေကြသူများ 👉 အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရသူများအတွက် အထူး ရွတ်ဖတ် ပူဇော်သင့်သော ဘုရားဟော ဂါထာလေးဖြစ်ပါတယ် ။ 🌜 ယုံကြည်စွာ ရွတ်ဖတ် ပူဇော်ကြပါ 🌛 ⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡ 🌞 ရာဟုအသုရိန်နတ်၏ ဖမ်းစားခြင်းကို ခံရသော နေနတ်သားသည် အလွန်ထိတ်လန့်မိသဖြင့် ဘုရားရှင်ကို အာရုံပြုလျက် မိမိကို စောင့်ရှောက်ပါရန် တမ်းတတိုင်တည် လျှောက်ထားမိပါသည်။ ထိုလျှောက်ထားတောင်းပန်ချက်သည် "နမောတေ" ဂါထာတော်ပင် ဖြစ်ပါသည်။ 🌞 ဘုရားရှင်သည် နေနတ်သားကျရောက်နေသော ဘေးနှင့်တကွ လျှောက်ထားချက်ကိုလည်း သိမြင်တော်မူပါသည်။ ထို့ကြောင့် အသုရိန်နတ်မင်းအား နေနတ်သားကို အနှောင်အဖွဲ့ပြုထားခြင်းမှ လွှတ်ရန် မိန့်ကြားတော်မူသည်။ ထို မိန့်ကြားချက်သည် ဘုရားရှင်၏ နှုတ်တော်ထွက် ဓမ္မစက် ဂါထာတော် ဖြစ်သည်။ တစ်နည်းအားဖြင့် "ဘုရားရှင်၏ အမိန့်" ဖြစ်ပါသည်။ နေနတ်သား လျှောက်ထားပုံမှာ - "လုံ့လကြီးစွာသော မြတ်စွာဘုရား။ တပည့်တော်သည် ဘုရားရှင်အား ရိုသေစွာ ရှိခိုးကန်တော့ပါ၏။ အရှင်ဘုရားသည် အနှောင်အဖွဲ့တို့မှ ကင်းလွတ်ပြီး ဖြစ်ပါသည်။ တပည့်တော်မှာကား ယခုအခါ ဆင်းရဲဒုက္ခတွင်းသို့ သက်ဆင်းကျရောက်နေရပါသည်။ အရှင်ဘုရားသည် တပည့်တော်၏ မှီခိုအားထားကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား" ဟု ဖြစ်ပါသည်။ ဘုရားရှင်က မိန့်တော်မူပုံမှာ - "ရာဟု အသုရိန်နတ်။ နေနတ်သားသည် ငါ ဘုရားရှင်အား ဆည်းကပ်ကိုးကွယ်သူ ဖြစ်သည်။ သင်သည် နေနတ်သားကို နှောက်ယှက်ခြင်း မပြုဘဲ အမြန် လွှတ်လော့။ ဘုရားရှင်တို့သည် သတ္တဝါတို့အား အစဉ် စောင့်ရှောက်တော်မူ၏" ဟု ဖြစ်ပါသည်။ ဘုရားရှင်၏ မိန့်တော်မူသံကို ကြားသိရသည့် ရာဟုအသုရိန်နတ်သည် နေနတ်သားကို လွှတ်လိုက်ပြီး ဝေပစိတ္တိ အသုရိန်နတ်မင်းအနီးသို့သွားကာ ကြောက်ရွံထိတ်လန့်တုန်လှုပ်စွာ ရပ်နေလေ၏။ ဝေပစိတ္တိအသုရိန်နတ်မင်းက တုန်လှုပ်နေသော ရာဟုအသုရိန်နတ်ကို မြင်သောအခါ " ရာဟု အသုရိန် နတ်။ နေဗိမာန်ကို ဖမ်းထားရာက လွှတ်ပြီး ဘာလို့များ ကြောက်ရွံ့တုန်လှုပ်နေရတာလဲ" ဟု မေးမြန်းပါသည်။ ရာဟု အသုရိန်နတ်ကြီးက - "အရှင် နတ်မင်း။ ကျွန်ုပ်သည် ဘုရားရှင် မိန့်တော်မူခြင်းကို ကြားသိရတဲ့အခါ အထူး ကြောက်လှပါတယ်။ အကယ်၍ ဘုရားရှင် မိန့်ပါလျက်နဲ့ နေဗိမာန်ကို မလွှတ်ဘဲထားရင် ကျွန်ုပ်ရဲ့ ဦးခေါင်းဟာ ခုနစ်စိတ် ကွဲသွားရပါလိမ့်မယ်။ အသက်သေဆုံးခြင်း မရှိဘဲ ရှင်သန်နေပြန်ပါလျှင်လည်း ကိုယ်ရောစိတ်ပါ ချမ်းသာမှုရယ်လို့ ဘယ်တော့မှ ရနိုင်မယ် မဟုတ်တော့ပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။ မြတ်စွာဘုရားရှင်တို့၏ နှုတ်တော်ထွက် ဓမ္မစက်သည် အလွန် တန်ခိုးကြီးမားလှပါပေ၏။ 🌸 ဤမျှဆိုလျှင် နမောတေ ဂါထာတော်၏ ဂုဏ်ကျေးဇူးကို ကောင်းစွာ သိမြင်နိုင်ကြပါပြီ။ ဘုရားရှင်အား ရိုသေစွာ ရှိခိုးကန်တော့သော၊ ရတနာသုံးပါးကို အမှီပြုသော ဂါထာတော်မှန်သမျှ အန္တရာယ် မကင်းဟူ၍ မရှိ၊ မစွမ်း မထက် ဟူ၍ မရှိနိုင်ပါချေ။ ဆည်းကပ်သူ၏ သဒ္ဓာ၊ အားထုတ်မှုတို့အပေါ်၌သာ အဓိက မူတည်ပါလိမ့်မည်။ 🌸 ဂါထာများ ပူဇော်ရာတွင် ပုဒ်ဖြတ်၊ ပုဒ်ရပ်၊ အသံထွက် မှန်ရန် လိုပါသည်။ အဓိပ္ပာယ် နားလည်ရန် လိုပါသည်။ မိမိကိုယ်တိုင် မရွတ်နိုင်ပါက တတ်သိနားလည်သူများထံ မေးမြန်းသင်ယူပြီး ရွတ်ဖတ်ပူဇော်သင့်ပါသည်။ ဤစာစုကို ဖတ်ရသူ အပေါင်းတို့လည်း ရန်ဟူသမျှ ကင်းပျောက်ကြ၍ ချမ်းသာသုခ အပြည့်အဝရောက်စေသော နမောတေဂါထာတော်ကို ပူဇော်ကြခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ အကျိုး ပြီးစီးအောင်မြင်ကြပါစေကြောင်း ဆုတောင်း ပတ္တနာပြုလိုက်ရပါတော့သည်။ 🌞 နေနတ်သားက ဘုရားရှင်ကို တိုင်တည်သော နမောတေဂါထာ🌞 နမောတေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပ မုတ္တောသိ သဗ္ဗဓိ။ သမ္မာဓပ္ပဋိ ပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀။ 💥 အနက်အဓိပ္ပါယ်အရ💥 ဝီရ - ကြီးစွာသော လုံ့လဝီရိယ ရှိတော်မူသော၊ ဗုဒ္ဓ - မြတ်စွာဘုရား။ တေ - အရှင်မြတ်ဘုရားအား၊ နမော - လက်စုံမိုး၍ ရှိခိုးခြင်းသည်၊ အတ္ထု - ဖြစ်ပါစေသတည်း။ တွံ - ရှင်တော်ဘုရားသည်၊ သဗ္ဗဓိ - ကိလေသာ စသော ဒုက္ခအနှောင်အဖွဲ့ အမျိုးမျိုးမှ၊ ဝိပ္ပမုတ္တော - အပြီးတိုင် ကင်းလွတ်တော်မူပါပေသည်၊ အသိ - ဖြစ်၏။ အဟံ - ဘုရားတပည့်တော်မှာကား၊ ပဋိပန္နော - ဒုက္ခဆင်းရဲ အခက်အခဲတွင်းသို့ သက်ဆင်းကျရောက်နေရခြင်းသည်၊ အသ္မိ - ဖြစ်နေရပါ၏ အရှင်ဘုရား။ တွံ - အရှင်ဘုရားသည်၊ တဿ မေ - အရှင်မြတ်ကို အားထားပူဇော် တပည့်တော်၏၊ သရဏံ - ကိုးကွယ်အားထားရာဟူ၍၊ ဘဝ - ဖြစ်တော်မူပါ အရှင်ဘုရား။ 💫 အသံထွက်💫 ဝီရတ္ထု - ဝီရတ်ထု ဝိပ္ပ မုတ္တောသိ - ဝိပ်ပ မုတ်တောသိ သဗ္ဗဓိ - သပ်ဗဓိ သမ္မာဓပ္ပဋိပန္နောသ္မိ - သမ်မာ ဓာတ်ပတိ ပန်နော သမိ တဿ - တတ်သ ဟု ရွတ်ဖတ်ပူဇော်ရန်....🙏🙏🙏 #Credit &respect to original uploader&Photo

NanYinYin
NanYinYin
Open In TikTok:
Region: MM
Friday 15 November 2024 06:46:50 GMT
15162
1018
13
91

Music

Download

Comments

kyawzinmin185619
Kyawzinmin185619# :
သာဓုသာဓုသာဓုပါအရှင်ဘုရား
2024-11-15 07:23:03
2
hlamyonwe110
ILoveYou :
သာဓုသာဓုသာဓုပါ
2024-11-15 08:16:45
1
ko.kyaw.lay372
Ko kyaw lay :
သာဓု သာဓု သာဓု
2024-11-15 07:49:36
1
papah1924
My queen life is peacefulsun :
🥰🥰🥰
2024-11-15 07:01:18
2
ko.min.min6988
Ko Min Min :
😳😂😳
2024-11-15 08:19:35
1
uselivia743
Livia💋 :
🙏🙏🙏🙏🙏
2024-11-15 07:45:54
1
tint.nang.khin
Tint Nang Khin :
🙏🙏🙏
2024-11-15 10:14:12
0
ugly.boy047
ugly boy :
😂😂😂
2024-11-15 10:12:27
0
user2937008414529
မခင်လင်း မခင်လင်း :
🥰🥰🥰
2024-11-15 10:05:10
0
user2937008414529
မခင်လင်း မခင်လင်း :
🥰🥰🥰🥰🥰
2024-11-15 10:04:27
0
user9092548059837
ရဗေ ရဗေ :
🙏🙏🙏
2024-11-15 09:35:58
0
sophiyar05
Sophiyar :
🙏🙏🙏
2024-11-15 10:16:06
1
user5694823030499
Rose Rose :
🙏🙏🙏🙏🙏
2024-11-15 09:28:50
0
To see more videos from user @nanyinyin77, please go to the Tikwm homepage.

Other Videos


About