@than.than.htwetth77777: ဆူးပန်းရွက်က ဆောင်းတွင်းမှာပေါတဲ့ ရာသီပေါ်အသီးအရွက်တမျိုးဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်လိုပဲ ချဉ်ရည်ဟင်းချက်စားကြပါတယ်။ ဆောင်းတွင်းမှာ အညာသူ၊ အညာသားတွေ အများဆုံးချက်စားလေ့ရှိတဲ့ အရည်သောက်ဟင်းပါ။ ဆူးပန်းရွက်ကို ရုံးပတီသီး၊ ခရမ်းသီးတို့နဲ့ရောပြီး ရှောက်ရည်နဲ့ ချဉ်ချဉ်လေးချက်ပါတယ်။ အသုံးပြုပုံများ 🌿 အရွက် 💠 အရွက်ကို ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။ 💠 ဆူးပန်းရွက်အရည် သို့မဟုတ် ဆူးပန်းဝတ်ဆံမှုန့် တစ်ခါသောက် ၁ ဂရမ် ကို ရေနွေးဖြင့် တစ်နေ့ ၃ကြိမ်သောက်လျှင် သွေးတိုးရောဂါကိုသက်သာစေနိုင်သည်။ 🌼 အပွင့် 💠 အပွင့်ကို ကြိတ်၍ သောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကို ပြယ်စေ၏။ 💠 အပွင့်ခြောက်ကို အမှုန့်ပြုစားသုံးပါက အသားဝါရောဂါ ပျောက်၏။ 💠 အပွင့်ကိုကြိတ်၍ သကြားနှင့် ရောသောက်ပါက လိပ်ခေါင်းနှင့် ကျောက်တည်ရောဂါပျောက်သည်။ 💠 အပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်းအတွက် သုံးသည်။ 💠 အပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းက ကျောက်ရောဂါ ပျောက်၏။ 🌱 အမြစ် 💠 ဆီးရွှင်ဆေး အဖြစ် အသုံးပြုသည်။ အစေ့ 💠 ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့ကို အညီအမျှစီယူ၍ မီးရှို့ပြာချပြီးနောက် ယင်းပြာကို စပယ်ဆီနှင့်ရော၍ ဆံပင်၌ လိမ်းလျှင် ဆံပင်များ နူးညံ့ပျော့ပျောင်း၍ ဆံပင်အလွန် ကောင်းလာစေသည်။ 💠 အစေ့ကို အမှုန့်ပြု၍ နွားနို့နှင့်သောက်ပါက အရူးရောဂါ ၊ လေဖောက်ပြန်သောရောဂါ ၊ ယားနာ ပျောက်၏။[ 💠 ပုံပြဆေးအဘိဓာန်တွင် 💠 ရူးသွပ်သောဝေဒနာရှင်အတွက် ကုသရန် ဆူးပန်းစေ့ ၂ ကျပ်တမတ်သားကိုထောင်းလိုက်ပါ။ ထိုအမှုန့်ကို သန်ရှင်းသောအဝတ် ပါးနှင့်ထုတ်ပါ။ နွားနို့ ၂၀ ကျပ်သားခန့်ထဲတွင် အထုတ်နှစ်။အစေ့မှုန်များ ကုန်သွား သည်အထိနယ်ပါ။ ၄င်းနို့ရည်ကို ရှာလပတ်ရည်ဖြင့် ရောသောက်ပါ။ဆေးတကြိမ်အတွက်စာပါ။ ရောဂါအနုအရင့်ပေါ် မူတည်၍အကြိမ်ရေ ရှိပါမည်။ သက်သာ ပျောက်ကင်းစေသောရောဂါများမှာ အရူးရောဂါ၊ ကြောက်တတ်သောရောဂါ၊ အာနာ၊ ယားနာ၊ လေဖောက်ပြန်သောရောဂါများးသက်သာပျောက်ကင်းပါသည်။ 💠 India နဲ့Afghanistan နိုင်ငံတွေမှာ အမျိုးသမီးများက ဆူးပန်းရွက်ကို လဘက်ရည်လို ထည့်သောက်ခြင်းဖြင့် ကိုယ်ဝန်ပျက်ကျခြင်းနှင့် သန္ဓေမတည်နိုင်ခြင်းတိုကို ကာကွယ်နိုင်သည်ဟု ယုံကြည်ကြတယ်။ 💠 တရုတ်ပြည်မှာ ဆူးပန်းပွင့်ဟာ tonic အားဆေးဖြစ်စေတယ်၊ ထို့ပြင် သွေးတိုးရောဂါကိုပျောက်ကင်းစေပြီး သွေးစီးဆင်းမှုကိုကောင်းစေတယ်လို့ ဆိုထားပါတယ်။ 💠 အမေရိက American herbal tradition မှာတော့ ဆူးပန်းပွင့်တွေကို အဖျားရောဂါကုသခြင်း၊အရေပြားရောဂါတွေကုသရာမှာသုံးနိုင်တယ်။ မမှည့်သေးသောအစေ့များက ဝမ်းပျော့စေသောသတ္တိ Laxative ရှိတယ်လို့ဆိုပါတယ်။ 💠 ကိုရီးယားရိုးရာဆေးဝါးမှာ ဆူးပန်းအဆီကို အရိုးများဖွဲ့စည်းခြင်းကောင်းမွန်စေရန် သုံးသလို Osteoporosis အရိုးပါးအရိုးပွ မဖြစ်အောင်ဟန့်တားရာမှလည်းသုံးခဲ့ကြတယ်။ 💠 Seed decoction ကိုတော့ သကြားနဲ့ရောပြီး Laxative အဖြစ် ပါကစ္စတန်မှာသုံးကြတယ်၊ sores နဲ့ အဆစ်အမြစ်ရောင်ခြင်းတွေကုသရာမှာလည်း အသုံးပြုကြတယ်၊ အခုအခါမှာတော့ ဆူးပန်းစေ့မှထုတ်လုပ်သော ဆူးပန်းဆီ vegetable oil ကို လူတွေယုံယုံကြည်ကြည်နဲ့ စားသုံးလာပြီဖြစ်ပါတယ်။ Credit to original uploader #အင်အားသစ်တိုင်းရင်းဆေး

Than Than Htwe အင်အားသစ်
Than Than Htwe အင်အားသစ်
Open In TikTok:
Region: MM
Saturday 16 November 2024 06:16:33 GMT
6522
60
7
34

Music

Download

Comments

nawphaw422
春🤎🍂 :
🥰
2024-11-28 11:42:10
0
shinekoko1911
shinekoko :
🥰🥰🥰🥰🥰🥰🥰🥰🥰
2024-11-16 08:15:40
0
dawlaelaewin09450978774
ထန်းလျက်ဆိုင် :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-04-21 10:35:25
0
uminthu087
Minthu@087 :
မျိုးစေ့ဘယ်မှာဝယ်လို့ရလဲ
2025-01-20 12:49:33
0
min_zeyar9
mi_zeyar9 :
😥
2025-07-17 07:46:02
0
ngae552
-phyoe thiri xtun :
🥰
2025-11-07 05:27:40
0
To see more videos from user @than.than.htwetth77777, please go to the Tikwm homepage.

Other Videos


About