@dhammathutalan: 1️⃣ တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့် နိုးထခြင်း ၊ တရားနှင့် မွေ့လျော်ခြင်း ဒါ ( အပ်ပမာဒ ) တရားပဲ။ 2️⃣ တောထဲ လွှတ်ကျောင်းထားတဲ့ နွားတွေဟာ နေ့တိုင်း ဒီစားကျက်ပဲ စားနေကြတာပဲ။ စားစရာ မရှိဘူး ထင်ရပေမဲ့ ကိုက်ပါများတော့လည်း ဗိုက်ပြည့်တာပဲ။ တရားဆိုတာလည်း ဒီအတိုင်းပါပဲ ။ ဒီခန္ဓာပဲ နေ့စဉ် ရှုမှတ် နေရမှာပဲ ။ 3️⃣ ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ် ။ အပြင်က ဘယ်လောက်ပူပူ အတွင်းက အေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းက ပူတော့လည်း ပူတာပဲ။ 4️⃣ အားကိုး မမှားစေနဲ့❗ ၊ မိမိ ကိုယ်ကို အားကိုး ရမယ်။ 5️⃣ ခန္ဓာ ရှိသရွေ့ အမြဲတမ်း ဆင်းရဲနေမှာပဲ ၊ ( ဆင်းရဲတွင်း ) က လွတ်ဖို့ " တရားအားထုတ် "ပါ ဆိုတော့ မထုတ်ချင်ကြဘူး ❗ 6️⃣ ဘယ်လို ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်း အားထုတ် ထားကြ ၊ သာသနာပပြီ ဆိုတော့ ( ဝိပဿနာ ) နှင့် တွေ့ရမှာ မဟုတ်ဘူး ❗ ဒီတော့ ပိုပြီး နစ်နာတယ် ။ 7️⃣🔹 သစ်ရိပ် ဝါးရိပ် ထက် မိဘ အရိပ်က အေးတယ် ။ 🌹 မိဘ အရိပ် ထက် 🔸ဘုရား အရိပ် ၊ တရား အရိပ် က ပိုအေးတယ်။ အေးတဲ့နေရာကျတော့ ••• လူတွေ မရှိကြဘူး ။ ပူမှာပေါ့ ပူတဲ့နေရာ နေကြတာကိုး၊ ပူမှာ ပေါ့ , ပူတာ ရှု့နေကြတာကိုး ။ 8️⃣ တရား အားထုတ်တယ် ဆိုတာ ••• အား နဲ့, မာန် နဲ့ ထုတ်ရတယ်။ မသေချာ ၊ မရေရာတဲ့ အလုပ်တွေ တောင်မှ ဟိုဟာ ဟုတ်နိုးနိုး, ဟိုဟာ တော်နိုးနိုး နဲ့ သက်စွန့်ဆံဖျား လုပ်နေတာပဲ ။ 🔹သေချာ၊ ရေရာတဲ့ အလုပ် ဘာ မလုပ်ရဲစရာ ရှိသလဲ ❗ ဆင်းရဲ တစ်ဘဝပေါ့ ၊ တစ်ဘဝတောင်မှ ခဏလေးပါ။ 9️⃣ ကိုယ့်ခန္ဓာ ကိုယ်ရှု့၊ သူများအပြစ် သွားရှု့မနေနဲ့❗ ၊ သူများအပြစ် ရှု့တော့ အမှု့ ပွေတာပေါ့။ 🔟 လူ သာဓု ခေါ် ၊ နတ် သာဓု ခေါ် လောက် နဲ့ ကျေနပ် တင်းတိမ် မနေကြနဲ့ ။ ဘုရား ၊ ရဟန်တာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့ အထိ ဖြစ်ပါစေ။ 11။ ( ဝိပဿနာ ) တရား ဆိုတာ ••• စွန့်လွှတ်တဲ့ တရား ။ လောဘ ၊ ဒေါသ၊ မောဟ တို့ကို ကျွတ်လွတ်အောင် စွန့်လွှတ်နေတာ။ ဒီတော့ ပြင်းပြင်းထန်ထန် အားထုတ်ကြ ၊ တုံး တိုက်တိုက် ၊ ကျား ကိုက်ကိုက် နောက်မဆုတ်တမ်း အားထုတ်ကြ။ #ဆားတောင်_ဆရာတော်ဘုရားကြီး 🙏 🙏 🙏 အဆုံးအမတရားတော်များမှ 🍂 🍂 🍂 🍂 🍂🍂 💖 ( ၃၁ ) ဘုံ အတွင်းမှာရှိတဲ့ လူ နတ် ဗြဟ္မာသတ္တဝါ အားလုံး 🔹 ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။ 🔸 ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။ 🔹 ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။ 🔸 နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ မူရင်း... credit...ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပူဇော်ပါသည်...🙏🙏🙏 __________________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါဝရပြုပါသည် •"ဓမ္မဒါနအနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •( #ဓမ္မသုတလမ်း ) ( #ဓမ္မဒါန ) •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"✅ •🙏"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ "🙏 •🙏"အလှူ အားလုံး ထဲတွင် • တရားအလှူသည် အမြတ်ဆုံးဖြစ်၏"🙏 •ဤ(ရုပ်/နာမ်-ခန္ဓာ)မှပြုခဲ့ရသော •ကောင်းမူအစုစုအား အားလုံးကိုအမျှဝေပါ၏✅ •🙏 နတ်/လူ သာဓုခေါ်စေသော်။.....🙏 __________________________________________
ဓမ္မသုတလမ်း
Region: MM
Sunday 17 November 2024 07:49:26 GMT
Music
Download
Comments
ဇော်နိုင် :
သံဃံပူဇေမိ 🙏🙏🙏
2024-12-06 13:29:53
0
nannan8566 :
🙏🙏🙏
2024-12-28 14:32:56
0
Oo Wai :
🙏🙏🙏🙏🙏
2024-11-17 15:14:09
0
U Aye Min :
🙏🙏🙏
2024-11-17 13:19:55
0
Kaung Htet Kyaw :
🙏🙏🙏🙏🙏🙏🙏🙏🙏
2024-11-17 10:01:21
0
Chan Myae :
🙏🙏🙏
2025-01-29 10:29:44
0
Ma :
မှန်ပါ့ဘုရား 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2024-11-17 07:53:52
0
aungaung :
🥰🥰🥰
2024-11-17 08:04:24
0
Z :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2024-11-17 08:42:56
0
Paing Hein Thu :
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
2024-11-17 09:25:38
0
sithuaung hair salon :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🌹🌹🌹
2024-11-17 13:03:02
0
Than Naing Tun :
🙏🙏🙏🙏🙏
2024-11-17 13:07:44
0
Oo Aung aung :
🌹🌹🌹🌹🌹🙏🙏🙏🙏🙏
2024-11-20 04:07:48
0
@U Ko Ko Naing@(💊💊+🛵) :
🌹🙏🙏🙏🌹
2024-11-23 03:02:11
0
pain :
🙏🙏🙏
2024-12-03 07:03:01
0
PZT :
🙏🙏🙏
2024-12-04 00:54:59
0
To see more videos from user @dhammathutalan, please go to the Tikwm
homepage.