@aung_naing2023: #foryou 🔺동사+게 되다 သဒ္ဒါကိုလေ့လာကြည့်ကြမယ်။ 결과(အရလဒ်) သို့မဟုတ် 상황의 변화(အခြေအနေပြောင်းလဲမှု) ကို ဖော်ပြရန် အသုံးပြုသော သဒ္ဒါတစ်ခု ဖြစ်ပါတယ်။ အသုံးပြုတဲ့အခါ 의지(ရည်ရွယ်ချက်) မပါရှိဘဲ၊ 상황의 자연스러운 흐름(အခြေအနေတစ်ခုကြောင့် ဖြစ်လာတာကို ဖော်ပြတဲ့အခါ သုံးပါတယ်။ သုံးသပ်ပုံ 1. 동사 + 게 되다 (...ဖြစ်လာတယ်၊ဖြစ်သွားတယ်) • တိုက်ရိုက်လုပ်လိုက်ခြင်းမဟုတ်ဘဲ၊ သဘာဝအတိုင်း ဖြစ်သွားသည်၊ ပြောင်းလဲသွားသည်။ ဥပမာလေ့လာကြမယ်။ 1. အခြေအနေပြောင်းလဲမှုအတွက် • 한국에서 오래 살다 보니 한국어를 잘하게 되었어요. ကိုရီးယားမှာ အချိန်ကြာကြာနေလာတော့ ကိုရီးယားစကားကောင်းကောင်း ပြောတတ်လာတယ်။ → ကိုယ်ရည်ရွယ်ပြီးမလုပ်ဘဲ အချို့အကြောင်းအရာတစ်ခုကြောင့် ဖြစ်လာခြင်း။ 2. နောက်ဆက်တွဲရလဒ်အတွက် • 친구 덕분에 좋은 직장을 갖게 되었어요. သူငယ်ချင်းကြောင့် အလုပ်ကောင်းကောင်းရသွားတယ်။ → ကိုယ်တိုင်မလုပ်ဘဲ တစ်ယောက်ယောက်ကြောင့်ရလာသော အခြေအနေ။ 3. မကျေနပ်မှုအတွက် • 날씨가 나빠서 여행을 취소하게 되었어요. ရာသီဥတုဆိုးတာကြောင့် ခရီးမထွက်နိုင်ဘူးဖြစ်သွားတယ်။ → ကိုယ်တိုင်ရည်ရွယ်မထားဘဲ အခြေအနေကြောင့် ပြောင်းလဲမှု။ မှတ်ချက် • 게 되다 သည် ကိုယ်တိုင် ရည်ရွယ်မထားပဲ၊ အခြေအနေကြောင့် ဖြစ်ပေါ်လာသောအရာများကိုသာ သုံးပါသည်။ 🔺ကဲ့ ဒါဆို နားလည်မယ်လို့ ယုံကြည်ပါတယ်။ comment မှာ အခုသဒ္ဒါကို သုံးပြီ ဝါကျတစ်ကြောင်းရေးခဲ့ပါ။ အဆင်ပြေကြပါစေ။🇰🇷

AUNG NAING 🇰🇷🇲🇲 한국어 학원
AUNG NAING 🇰🇷🇲🇲 한국어 학원
Open In TikTok:
Region: JP
Monday 02 December 2024 04:00:47 GMT
227
26
1
0

Music

Download

Comments

aung_naing2023
AUNG NAING 🇰🇷🇲🇲 한국어 학원 :
🥰🥰
2024-12-02 04:02:09
0
To see more videos from user @aung_naing2023, please go to the Tikwm homepage.

Other Videos


About