@zayartbz7news: ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး AA က တိုက်ခိုက်သိမ်းပိုက်လာချိန် ဧရာ၀တီတိုင်းစစ်ဌာန ဖွဲ့စည်းဟု ကြေညာ၊ မဟာမိတ်တိုင်းရင်းသားများနှင့် လက်တွဲမည်ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ဌာန - ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs များနှင့် လက်တွဲ၍ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ဝင်ရောက်နေပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ တိုင်းစစ်ဌာန - ဧရာဝတီ PDF အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုနှင့် ပြည်သူ့ဘက်တော်သား စစ်သည်တော်များနှင့် အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုင်းစစ်ဌာန - ဧရာဝတီ အနေနှင့် မဟာမိတ် EROs များနှင့် အတူ လက်တွဲ ပူးပေါင်း၍ ဧရာဝတီမြေအတွင်း ထိုးဖောက်ဝင်ရောက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို AA က တိုက်ခိုက်သိမ်းပိုက်လာချိန် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုင်းစစ်ဌာန-ဧရာ၀တီ PDF ကို တရားဝင်ဖွဲ့စည်းကြောင်း ကြေညာထားရာ ယင်းကြေညာမှုကြောင့် များမကြာမီ ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲများ အရှိန်အဟုန်ဖြင့် မြင်ရဖွယ်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "တကယ်က တိုင်းစစ်ဌာန-ဧရာ၀တီဆိုပြီး အခုမှသာ တရားဝင်ကြေညာတာ။ တကယ်တမ်း ထိုးဖောက်ဝင်ရောက်နေတာက နှစ်နဲ့တောင် ချီနေပါပြီ။ တိုင်းရင်းသားနဲ့ လက်တွဲမယ်ဆိုတာက ကျနော်တို့သိသလောက် AA ဆီမှာ တိုက်ပွဲဝင် သင်တန်းဆင်းထားတဲ့ တပ်ဖွဲ့တွေရှိသလို KNU ဆီမှာ စစ်သင်တန်းဆင်းထားတာတွေလည်းအများကြီးပဲ။ တိုင်းရင်းသားနှစ်ဖွဲ့စလုံးနဲ့ လက်တွဲပြီး ဧရာ၀တီတိုင်းဘက်မှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ ကြေညာတဲ့အချိန်မှာက မြေပြင်မှာ အဖွဲ့တွေက လက်တွေ့ ရှိနေချိန်မှ ကြေညာတဲ့သဘောပဲ" ဟု ပြည်သူ့ကာကွယ်ရေးသတင်းရင်းမြစ်က ဆိုသည်။ AA က ဂွမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရန် အပြင်းအထန်ထိုးစစ်ဆင်နေရာ ယင်းဘက်မှတစ်ဆင့် ဧရာ၀တီတိုင်းအတွင်းသို့ တော်လှန်ရေး တပ်များ ဝင်ရောက်လာဖွယ်ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့က သုံးသပ်ပြောဆိုသည်။ "ဂွမြို့နယ်တစ်ခုလုံး ကို AA က သိမ်းသွားရင်တော့ AA လက်အောက်မှာရှိနေတဲ့ PDF တွေကတော့ ဧရာ၀တီဘက်ကို ဆင်းလာကြမှာပဲ။ ဒါကတော့ ရှောင်လွဲရမယ်မထင်ဘူး" ဟု တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးရဲဘော်များ စစ်ကြောင်းချီ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)@Zayar TBZ 10(X) @ZayarTBZ ေမာင္သံဒိုး #zayartbz #ဒေသသတင်းရင်းမြစ် #မြန်မာသတင်း #ပြည်သူများဘေးကင်းကြပါစေ #myanmarnews #myanmarcelebritytiktok #အရေးတော်ပုံအောင်ရမည် #တော်လှန်ရေးရဲဘော်များဘေးကင်းကြပါစေ #ที่พักพลุพัทยา

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Saturday 14 December 2024 02:31:17 GMT
384595
25717
399
983

Music

Download

Comments

yarzabwar368
Yar Za Bwar :
welcome
2024-12-14 03:25:56
1
taint.thaint
Taint Thaint :
good ♥♥♥♥♥
2024-12-14 03:43:25
2
phyo.ko367
Phyo Ko :
hi😂😂😂😂
2024-12-14 06:49:32
0
user3924831502083
user3924831502083 :
ok
2024-12-14 05:58:31
0
user1351507281094
ေစညႊန္ရာ :
good
2024-12-14 05:10:27
0
ko.maung4016
Ko Maung :
Ok
2024-12-14 04:54:10
0
si.thu.phyoe48
Si Thu Phyoe :
အုပ်ချူပ်ရေးမှုးတေကိုအရင်ရှင်းပေးပါ သာပေါင်းမြို့ ငါးဘက်ချောင်းအုပ်စု အုပ်ချူပ်ရေးမှုး သန်းထွန်းကိုအရေးယူပေးပါ ပိုက်ဆံတေခုထိခွဲနေတုန်းပါ
2024-12-14 03:16:53
68
cknan8834
Nan🌬🏳 အဖြူရောင်လေးနန်း 🕊 ♥ :
ဒလန်တိုင်းမဟုပ်ဘူးဟမြေပြင်ကြောင့်သာ တောထဲမှာ၁၄တွေးကြီးပဲသိဖို့
2024-12-14 04:04:25
80
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About