@shinthantphyusin9: သင့်ကိုမချစ်နိုင်တဲ့သူတစ်ယောက်ကို အတင်းကြီး တွယ်ကပ်မနေပါနဲ့ . . . တကယ်တော့ သူတို့ဟာ သင်ထင်သလို တန်ဖိုးမကြီးလှပါဘူး . . . တန်ဖိုးဆိုတာ သင့်စိတ်က သတ်မှတ်ခြင်းနဲ့ဆိုင်ပါတယ် . . . ပိုင်ဆိုင်လိုစိတ်ကြီးမားလာတာနဲ့အမျှ တန်ဖိုးက တက်လာပါတယ် . . . ပိုက်ဆံနှစ်ရာလောက်သာတန်တဲ့ ဖောင်တိန်တစ်ချောင်းကို တန်ဖိုးကြီးတယ်လို့ သတ်မှတ်လိုက်တာနဲ့ ဖောင်တိန်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားနိုင်ပါတယ် ။ သင်ဟာ လူတစ်ယောက်ကို အရမ်းပိုင်ဆိုင်လိုချင်ပြီဆိုတာနဲ့ သင်ဟာသူ့အပေါ်မှာ တန်ဖိုးထားလာပါပြီ ။ သူ့ကို ပိုင်ဆိုင်လိုက်တာနဲ့ သင့်ဘဝဟာ ပြီးပြည့်စုံပြီလို့ ထင်ကောင်းထင်လာနိုင်ပါတယ် ။ အဲ့ဒီလို ထင်လိုက်မယ်ဆိုရင် သင့်ဘဝထဲကို စိတ်ညစ်စရာတွေ အလုံးအရင်း ဝင်လာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ . . . လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့အရာကို ပိုင်ဆိုင်ခွင့် မရတော့ပဲ ပျက်စီးဆုံးရှုံးသွားမှာကို မခံစားနိုင်ကြလို့ပါ ။ ဥပမာ . . . သင်ဟာ အခုလက်ရှိတန်ဖိုးထားတဲ့ အရာတစ်ခု ပျောက်သွားတယ် ဆိုပါစို့ . . . သင် ဘယ်လို ခံစားရမလဲ . . . သင်ဟာ ယနေ့ ဖုန်းအသစ်လေးတစ်လုံး ဝယ်လာပြီဆိုရင် . . . အဲ့ဒီဖုန်းလေး ပျက်စီးသွားမှာ ၊ ကွဲသွားမှာကို သေမလောက်အောင် ကြောက်နေပါလိမ့်မယ် ။ သင်ဟာ သင့်ဖုန်းလေးကို သေချာထိန်းသိမ်းဖို့ အမြဲတမ်း စဉ်းစားနေရပါပြီ . . . သင့်စိတ်တွေဟာ အရင်ကလို လန်းဆန်းမှုမရှိတော့ လောက်အောင် ဖြစ်လာနိုင်ပါတယ် . . . သင့်ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ် . . . သင်ဟာ လူတစ်ယောက်ကို ချစ်မိလို့ သူ့အပေါ်မှာ တန်ဖိုးထားလာပြီဆိုရင် သင့်စိတ်ထဲမှာ သူနဲ့ပက်သက်ပြီး သဝန်တိုမှုတွေ ၊ စိတ်ချုပ်ထွေးမှုတွေ ၊ ခံစားရတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ် . . . အဲ့ဒီအခါ သင့်ရဲ့ပျော်ရွှင်မှုတွေဟာ အဝေးကို လွင့်ထွက်သွားပါလိမ့်မယ် . . . လူတစ်ယောက်အပေါ်မှာ ချစ်လို့ရပါတယ် တန်ဖိုးလည်းထားရပါမယ် . . . ဒါပေမယ့် . . . အရမ်းကြီးတန်ဖိုးထားမိရင်တော့ သင်အမှားကြီးမှားသွားနိုင်ပါတယ် . . . တကယ်ပိုင်ဆိုင်ခွင့်ရလာတဲ့ တစ်နေ့မှာ သူဟာ သင်ထင်သလို အရမ်းကြီး တန်ဖိုးမကြီးဘူးဆိုတာ သိလာပါလိမ့်မယ် . . . ပြီးတော့ . . . သင်ဟာ ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုးမသိတတ်တဲ့သူကတော့ သင့်ကို တန်ဖိုးမထားပါဘူး . . . ဒါ့ကြောင့် . . . ကိုယ့်ကိုတန်ဖိုးမထားရကောင်းမလား ဆိုပြီး ဒေါသထွက်တာ ၊ စိတ်ဆင်းရဲတာမျိုးတွေ မဖြစ်ပါစေနဲ့ . . . တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်နဲ့ပဲဆိုင်တယ်ဆိုတာ နားလည်ထားပါ . . . တန်ဖိုးရှိအောင်နေပါ . . . တန်ဖိုးရှိတဲ့သူကိုလည်း တန်ဖိုးထားပါ . . . ။ 𝐂𝐫𝐞𝐝𝐢𝐭 🤍ရှင်းသန့်ဖြူစင်🤍 ( MM & AS ) #🇲🇲ShinThantPhyuSin🇦🇺

🇲🇲ShinThantPhyuSin🇦🇺
🇲🇲ShinThantPhyuSin🇦🇺
Open In TikTok:
Region: MM
Tuesday 24 December 2024 12:54:55 GMT
194137
18370
279
725

Music

Download

Comments

anjalipradhan838
𝒜𝓃𝒿𝒶𝓁𝒾🐘 :
တဂယ့်တန်ဖိုးရှိတဲ့စကားလေးတွေပါ🍀💖
2025-01-13 17:08:21
2
nan.ni.lar.oo
Nan Ni Lar Oo :
ကျေးဇူးပါရှင့်🙏 ကိုယ်ကလုံလုံလောက်လောက်နဲ့ချစ်ပေးပြီးပြီ တန်ဖိုးမထားတတ်သူနဲ့တွေ့လို့စိတ်ရောလူရောပင်ပန်းမိတယ် လက်လွတ်လိုက်ပြီ💪☺
2024-12-29 07:43:53
5
yelimlovethu5
Ye Lin :
ကျေးဇူးပါဗျား🥰ကျွန်တော့်အတွက်တော့ဒီစာလေးကအရမ်းတန်ဖိုးကြီးသွားပီ🥰🥰🥰
2024-12-28 11:53:51
3
kyalsin3025
🥰Kyal Sin🥰 :
😊 တန်ဖိုးရှိတဲ့ စာသားလေးမျှဝေပေးသူအား ကျေးဇူးတင်ပါတယ်
2025-01-02 04:21:39
2
mo.e623
M🌻O😍 E💔🐰ပုလောသူလေးပါရှင်🐰 :
အယ်စာကိုတွေ့မှ အရမ်းမှန်တာ
2025-01-05 21:54:44
1
a.chit53
saw Karen🇳🇱 :
ခုလိုကိုယ်သိသလောက်လေးမျှဝေပေးလို့ကျေးဇူးတင်တယ်စာများများဖတ်တဲ့အကျင့်ကမသိတာနားမလည်တာတွေကိုသိလာတယ်🤗🤗🥰🎁🙏
2024-12-27 12:14:09
3
khaing.lay0538
🇲🇲Khaing lay 🇹🇭 :
မှန်လ ိုက်တာ👍
2024-12-25 17:01:25
3
user48163241020328
Nyi Aye :
So good,I like to read it.🥰🥰🥰🥰🥰🥰
2024-12-24 15:39:04
3
yin.nge.htwe4
Yin Nge Htwe :
ဟုတ်ကျေးဇူးပါအရမ်ူမှန်တာဘဲနော်စာသားတေကလေရှင်😍😍
2024-12-25 12:49:23
2
khinyadanarkyaw446
Khin Yadanar Kyaw :
ကျေးဇူးပါ ဒီစာလေးကိုဖက်လိုက်ရတဲ့တွက်သိပ်ကိုတန်ဖိုးကြီးတဲ့ခံယူချက်တွေရလိုက်ရပါတယ်
2025-01-01 13:29:35
1
myo.min.htwe48
Myo Min Htwe :
🥰🥰🥰ဟုတ်ကဲ့
2024-12-25 14:54:47
3
phong18yi
Phong 🦋*(ၶမ်းၽွင်) :
မသိရင် အဲ့စာငါ့အတွက်ရေးလာတာကြလို့ တိုက်ဆိုင်လွန်းပါ့ 🥹
2024-12-27 05:18:03
1
moe.moe36087
moe moe :
အားလုံးမှန်ပါတယ်
2024-12-28 14:54:39
2
oo.than118
Oo Than :
အရမ်းသဘောကျမိတယ် ပါတယ် ဗျာ
2024-12-31 08:54:46
1
user13762405021518
သည :
ဟုကျေးဇူးပါ အမ
2025-01-05 18:23:48
1
.lae.lae.win1
Lae Lae win :
ကျေးဇူးပါ🥰🥰🥰🥰
2024-12-25 10:52:52
3
To see more videos from user @shinthantphyusin9, please go to the Tikwm homepage.

Other Videos


About