@zayartbz7news: ရန်ကုန်-ပြည် လမ်းပိုင်းနှင့် စိန်ကန့်လန့်-မင်းလှ လမ်းဆုံတွင် စစ်တပ်က အထိုင်ချတပ်စွဲပြီး လူငယ် ၁၀ ဦးကျော်ထက်မနည်းကို တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီး၊ သက်ကြီးပိုင်း ပြည်သူတချို့ကိုလည်း ဖမ်းဆီးငွေညှစ်နေ ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းနှင့် စိန်ကန့်လန့်-မင်းလှ လမ်းဆုံတွင် အကြမ်းဖက် စစ်တပ်က အထိုင်ချတပ်စွဲပြီး ပေါ်တာဆွဲဖမ်းဆီးရာ လူငယ် ၁၀ ဦးကျော်နှင့် အသက် ၆၀ ကျော် အရွယ် ပြည်သူ ၁ ဦးပါ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ မင်းလှမြို့နယ်အတွင်းရှိ ရန်ကုန်-ပြည် လမ်းပိုင်းနှင့် စိန်ကန့်လန့်-မင်းလှ လမ်းဆုံ သရက်တပင်ရွာ အနီးရှိ မီးပွိုင့် (မင်းလှတာဆုံ)တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တပ်စွဲပြီး ဖြတ်သန်းသွားလာသော ပြည်သူများကို နေ့စဥ် ပေါ်တာဆွဲ ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်မှုထမ်းတပ်သားသစ် ဖမ်းဆီး စုဆောင်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကြောင့် လူငယ် ၁၀ ဦး ကျော်ထက်မနည်း ဖမ်းဆီးခံရပြီးနောက် ယင်းဂိတ်ကို လူငယ်များ ဖြတ်သန်းသွားလာခြင်းမရှိကြောင်း၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပက်တန်းကြီးရွာမှ ဆိုင်ကယ်စီးလာသည့် အသက် ၆၀ ကျော်အရွယ် ဦးမြင့်စိုးကို ယင်းဂိတ်မှ စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းရန် တပ်သားသစ် လိုအပ်သည်ဟုဆိုကာ မင်းလှမြို့နယ် ထွေ/အုပ်ရုံကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ "စစ်ခွေးတွေက အခုဂိတ်တွေကို ဖြတ်သန်းတဲ့ လူငယ်တွေကို ထပ်ပြီးတော့ ပစ်မှတ်ထား ဖမ်းဆီးတာတွေလုပ်လာတာပေါ့။ ရန်ကုန်-ပြည် လမ်းပိုင်းနဲ့ စိန်ကန့်လန့်-မင်းလှ လမ်းဆုံမှာ အထိုင်ချပြီးကို နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေတာ ဆိုင်ကယ်တွေနဲ့ ဖြတ်ရန်လည်း ဖမ်းတယ်။ ကားပေါ်မှာပါလာရင်လည်း ဖမ်းတယ်။ အကုန်လုံးကို ပတ်ပြီးတော့ ဖမ်းနေတာ နောက်ဆုံး ခွေးဂိတ်ကို လူငယ်တွေ သိပ်မဖြတ်တော့ အသက် ၆၀ ကျော်အရွယ် ဦးမြင့်စိုးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ သူ့ကို ဖမ်းပြီးတော့ စစ်ခွေးက ပိုက်ဆံ ၁၀ သိန်း တောင်းတယ်။ ပထမက ၉ သိန်း တောင်းတယ်။ ၉ သိန်းပေးလိုက်တာတောင် လွှတ်မပေးဘူး ၊ စစ်မှုထမ်းရမယ်ဆိုပြီး ထွေ/အုပ်ရုံးမှာဖမ်းထားတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ ထို့ပြင် မင်းလှမြို့နယ်၊ ပန်းတောကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဇော်ဝင်းအောင်က ကျေးရွာများနေပြည်သူများထံမှ စစ်မှုမထမ်းရန် ဟုငွေကြေးကောက်ခံနေသော်လည်း စစ်တပ်ကမူ ကျေးရွာများအတွင်း လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ်များထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန် ပန်းတောကျေးရွာအုပ်စုရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ၄ ရက်ဆက်တိုက် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် ဖမ်းဆီးစဉ် လူငယ်များ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းကြောင့် လူမရရှိဘဲ စစ်သားများက မုဆိုးမရွာဟု အော်ဟစ် ဆဲဆို ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းတက်ရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။@Zayar TBZ 10(X) @ZayarTBZ ေမာင္သံဒိုး #zayartbz ##အရေးတော်ပုံအောင်ရမည် #ပြည်သူများဘေးကင်းကြပါစေ #myanmarcelebritytiktok #ဒေသသတင်းရင်းမြစ် #မြန်မာသတင်း #တော်လှန်ရေးရဲဘော်များဘေးကင်းကြပါစေ #myanmarnews
ZayarTBZ 7 News
Region: TH
Wednesday 25 December 2024 02:21:18 GMT
Music
Download
Comments
ရာဇာထွန်းလေးပါ :
hi
2024-12-25 03:33:22
3
မင်းလှသားလေးဘိုဘို🥰ကဗျာချစ်သူ :
ကျွန်တော်တို့ရွာကဦးမြင့်စိုးပါသွားတာ
2024-12-25 05:02:47
11
Retire human :
🤔🙄 ဟုတ်ပါ့ဗျာ 24.12.2024 ညတုန်းကလည်းပေါ်တင်ဆွဲရာလူငယ်ယောကျ်ားမိန်းကလေးတွေပါသွားတယ်ဗျာ လုပ်စားချက်တွေကိုခွင့်ပြုမိန့်ပေးလိုက်သလိုဘဲမကြာပါဘူးမြို့ပေါ်တွေမှာပေါက်ကွဲပြီးလူသေမှုတွေမကြာခဏကြားရတော့မယ်🙄
2024-12-25 03:41:56
7
koko :
စိန်ကန့်လန့်တိုင်းရင်းကအရင်ထဲ့ကရှိတယ်ေလမသိတာလား
2024-12-27 05:17:40
2
u ye min myat :
ကြို့ပင်ကောက် အုတ်ဖိုပိုဆိုးပါတယ်
2024-12-26 15:01:19
2
Sყꋊꄲ ✘ 007 :
ငါတို့မြို့လေး😞
2024-12-25 20:27:14
2
user351838115798 nyi nyi :
မင်္ဂလာပါ ဗျ
2024-12-25 14:28:23
2
09688391928 :
ကောလဟာလ
2024-12-30 10:26:11
1
Daw Daw :
ဟုတ္
2024-12-28 01:12:52
1
👻SOUL👻 :
ပဲခူး ရန်ကုန် လမ်း ထောက်ကျန့် မရောက်ခင် ဂိတ်တဂိတ်ဆို ငွေစောကရမ်းအတောင်းကြမ်းတာဟ ရဲတွေက မရှိလို့ပြောပြရင် စကားပြောဆိုလို့ကောင်းသေး တပ်ဂိတ်ရောက်တော့ ပြောမရဆိုမရ စွတ်ရစ်စွတ်တောင်း အဆိုးဆုံးပဲ
2024-12-25 08:08:20
1
Ko Zin :
မွေးရပ်မြေရွာကလေး စကလ
2024-12-29 06:53:59
0
Chit Thaw Zon :
ဒိုပဲခူတိုင်အတွက်စိတ်မကောင်ဘူရှင်း🥺🥺🥺🥺🥺မိသားစုတွေအတွက်စိတ်ပူလိုက်တာ
2024-12-29 00:20:07
0
👻Mar.Mar.Win🌸 :
စိတ်တွေပူလိုက်တာအားလုံးဘေးကင်းကြပါစေ🙏🙏🙏
2024-12-28 12:50:56
0
🐰Țĥü žãř🐰 :
အုတ်ဖိုမြို့တော့မလုပ်ပါနက်ဟာ😭
2024-12-28 11:41:40
0
Swe Zin Maw Hein :
ဘလိုခြောက်ခြောက်မကြောက်တာငါတို့ပဲ😂
2024-12-28 07:56:27
0
Myat phone khant 731 မင်းလှသား :
စွဲနေတာတောက်ရှောက်ပဲဗျာ စိတ်ညစ်ဖို့ကောဂ်းတယ် အလုပ်လုပ်စားရတာ ောတင်မလွယ်တော့ဘူးဗျ
2024-12-28 05:45:31
0
လင်္ကာဒီပ :
သူ့တပ်ထဲလူမှမရှိတော့တာ
2024-12-27 12:10:23
0
phyu lay :
မိုးလင်တာနဲ့အိမ်ရှေထွက်ပီစစ်တပ်ကောင်းကျောင်ပဲပြောနေတယ်မမဆရာမကြီးသူလင်မပါဘူးလားမသိဘူးအခုလောက်ဆိုကြောက်နေလောက်ပီး
2024-12-26 01:58:05
0
MASTER KEY tattoo life :
အသက်ကြီးတဲ့လူကြီး တွေကို တော့
နိုဂ်ငံဝန်ထမ်း တွေအ နေနဲ့ မ ခေါ် ဆောင်သင့်ဘူး လေ
2024-12-25 05:40:15
0
Ga Vh :
🥰🥰🥰
2024-12-25 06:50:13
1
ခှာညို :
🥰🥰🥰
2024-12-25 06:25:12
1
Win Maung :
🥰🥰🥰
2024-12-25 06:06:30
1
Ko Moe :
😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬
2024-12-25 06:06:04
1
kyawzaya083 :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2024-12-25 05:55:35
1
❤သဲငယ်လေး❤ :
❤❤❤
2025-01-14 08:00:04
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.