@user3174051572474: #“ နား လည် မှု ဆို တာ ” ------------------------------ နားလည်မှုဆိုတာ တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး နားလည်မှုဆိုတာ တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ တစ်ခါတလေ ကိုယ့်ဘက်ကမမှားလဲ တောင်းပန်ပေးလိုက်တာတွေ ကိုယ့်ဘက်က မလွန်လဲ စခေါ်ပေးခဲ့ရတာတွေ တုန့်ပြန်ချင်ပါလျှက် မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ ကိုယ့်စိတ်နဲ့ကိုယ် ပြ-တ်သားလိုက်ချင်ပေမယ့် ကိုယ့်အတ္တထက် တဖတ်သူဘက်ကို ဖြည့်တွေးပြီး လိုတာထက် စိတ်ကို ပိုရှည်ပေးထားရတဲ့ ကိုယ်မှ အလျှော့မပေးရင် ပြ-တ်တောက်သွားတော့မယ် ဆက်ဆံရေးတွေ ဒါကြောင့် နားလည်မှုဆိုတာ တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ ဒါပေမယ့် ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး အနိုင်ကျင့်ချင်ကြတယ် အထက်စီးက ဆက်ဆံချင်ကြတယ် ငါ့သဘော ငါ့ဆန္ဒ နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ် ဒါ က အတိုင်းအတာတစ်ခုထိဘဲကောင်းတယ် အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ အလျှော့ပေးဆက်ဆံတဲ့သူတွေ အနားက ထွက်သွားတဲ့အခါ ဆုံးရွုံးသြားတဲ့အခါ ကိုယ့်နားမှာ အထီးကျန်မှုနဲ့ အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ် အဆင်ပြေနေချိန် အနားမှာ အဖော်ရှိနေချိန် တွဲထားတဲ့ လက်တွေ မြဲနေချိန် ခဏမှာတော့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ဒါပေမယ့် ဘဝမှာ ဘယ်အရာမှာ အကြာကြီး အမြဲတမ်း ရှိမနေနိုင်ဘူး ပြောင်းလဲခြင်းတရားတွေဆိုတာ ကြုံ လာ ရ ဦး မှာ ဘဲ အဲ့အခါကျမှ အတောင်ကျို၊းတဲ့ ငှက်လိုမျိုး ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ် ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ ကိုယ် ဘယ်လို တုန့်ပြန်မှုတွေ ပြုတတ်သလဲ ဘဝမှာ ဒါအရေးကြီးတယ် ကိုယ့်အလှည့်ကျမှ လူတွေက လုပ်ရက်လေခြင်းလို့ အပြစ်မတင်နဲ့လေ ပြန်စဉ်းစားကြည့်ပေါ့ ကိုယ့်အလှည့်တုန်းကရော ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့ ဝဋ်တွေက တကယ်လည်တတ်ပါတယ် တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး နားလည်ပေးတတ်စေချင်တယ် ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို ပို တန် ဖိုး ထား ပါ လူတိုင်းကို နားလည်မပေးနိုင်ရင်တောင် ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား နားလည်ပေးစေချင်တယ် တကယ်တော့ နား လည် မှု ဆို တာ နားလည်ခံရတဲ့သူက ပျော် ဖို့ ကောင်း သ လောက် နားလည်ပေးလိုက်ရတဲ့သူက တစ်ခါတလေမှာ နာကျင်နေရတတ်တယ်😥 ဒါကြောင့် အနာကျင်ခံပြီး နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ ဘယ်အရာကိုပဲဖြစ်ဖြစ် မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား ရှိနေချိန်မှာ တန်ဖိုးထားပါ တစ်ချို့အရာတွေက မင်းဘဝထဲကို အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ် အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး …..... crd#@မောင်မျိုး @U AungYeThike Mandalay @𝘾𝙝𝙞𝙩 𝙃𝙩𝙬𝙚 𝘼𝙪𝙣𝙜⚡ @Thu Ra @zawzawaung8226
မောင်မျိုး
Region: MM
Wednesday 25 December 2024 12:58:03 GMT
Music
Download
Comments
paing... :
🥰🥰🥰congratulation
2025-02-23 01:33:09
1
N.L.L.K :
လှလိုက်တာဆီဆေးသုတ်ထားပြီးအလိုပြန်လုပ်ချင်ရလား
2025-01-16 13:02:03
1
ဇမ္ဗူအောင်သာ :
ဆေးတံဆိပ်လေးညွန်းပေးပါလား
2025-02-13 14:46:18
1
user9199392430345 :
အကို အဟောဂနီအရောင်လေး ဘယ်လိုလုပ်ရလည်း ပြောပြပါ စရာ
2024-12-26 00:56:42
3
KO Soe Gyi :
ဆရာ ကားမှုတ်တဲ့ဆေးကိုသစ်သားမှာမှုတ်လို့ရလားဗျ
2024-12-26 01:13:36
1
ALEXANDER :
တစ်ရက်လုံးဆေးသုပ်မှ တစ်ခုပဲရမာ😂
2024-12-25 22:26:38
1
Jo¥ :
အဲ့လိုလေးဖြစ်အောင်T4000၁ခုထဲသုပ်ရတာလား အကို
အိမ်က ဘုရားကျောင်းဆောင်လေးပြန်သုပ်ချင်လို့ပါ
2024-12-29 13:36:23
1
win zaw moe :
သစ်သားအ ပေါက်တွေ အဆက်တွေကြတော့ဘာနဲ့ဖာလဲ
အလင်းပြပါအုံး
2024-12-26 01:48:13
1
ပြည့်စုံ အောင် :
ဂုရုကြီးတွေလေးစားလျှက်ပါ အရမ်းဝါသနာပါတာဗျာအဲ့အလုပ်ကို
2025-03-02 11:29:14
1
Wai Lin🇲🇲🇰🇷 :
အဲ့လိုလေးတွေမြင်တော့ ပြန်လုပ်ချင်မိသားဗျာ ဆေးသုတ် အလုပ်ကို အရင်က ၁၃ နှစ်ကျော်တောင် လုပ်ခဲ့တာ
2025-02-20 13:59:19
1
Naing Gyi :
ဂွတ်
2025-02-17 12:49:37
1
ခလေးရဲ ကိုကိုမောင် :
ပေါလစ်သုတ်နည်းအဆင့်ဆင့်လေးပြောပြပါလားဗျ
2024-12-26 14:13:33
3
JKKim :
ဘယ်နထပ်လဲအကို
2025-02-10 11:30:30
1
U AungYeThike Mandalay :
Good ဆရာမျိုး🥰🥰🥰
2024-12-26 02:02:46
2
aw :
ဘယ်မြို့မှာနေ့တာလဲ
2025-01-19 13:22:11
1
H哥 :
တံခါးရွက်ကြီးပေါင်တစ်စုံလက်ခဘယ်လောက်လဲ
2025-01-17 08:42:16
1
Kyaw zin myo :
အဲတံခါးပေါက်ဆိုရင်ဈေးဘယ်လောက်နဲ့ရောင်းလဲဆရာ
2025-01-11 16:13:02
1
Kyaw Myo Khaing :
အကို့လက်ရာဆိုလေးစားပီးသား
2025-02-27 15:04:39
0
ko shawe gu :
လိုက်ကာ သုတ်တဲ့လူရော တကယ်ကောင်းတယ်ဗျာ
2025-02-12 04:57:42
0
🎮 U Μÿo🎮Miñ🤝 :
ကောင်တယ်နော် လုပ်တာ🥰
2025-01-27 03:20:19
0
Thet Pain Phyo :
Easy မသုံးဘူးလားဗျ ကာလာသိပ်မညီဘူးထင်လို့
2025-01-26 06:33:04
0
Dedy :
resin
2025-01-23 14:10:27
0
user1516888180307 :
ဆေးလှချက်
2024-12-30 07:13:33
0
စိုင်းကို :
သက်တွေကို ကာလာသာ ညှိ့လိုက်ရလို့ကတော့
အရမ်းကြည့့်ကေညင်းမှာ
အခုကို ပြောင်လက်နေတာ အဲ့လိုလုပ်ချင်တယ်
2024-12-28 13:58:25
0
To see more videos from user @user3174051572474, please go to the Tikwm
homepage.