@rebe251295: ကျွန်မက အိမ်မှာ အကြီးဆုံးသမီး..... အမကြီး အမိရာဆိုတဲ့ စကားလိုပါပဲ အကြီးဆုံး ကျွန်မ အိမ်ရဲ့တစ်ထောင့်တစ်နေကရာကနေ ပုခုံထမ်းယူရတယ် အမေနဲ့အတူ ကူလည်းကူတယ် ပူလည်ပူပေးရတယ် ။ ငါ့သမီးကြီးလေးက အမေ့အတွက် အားပဲဆိုတဲ့ စကားတွေဟာ ကျွန်မအတွက်တော့ အမောတွေပြေရတယ် ။ အကြီးဆုံးသမီးတဲ့.....အချစ်တွေ ပိုပြီးရခဲ့လိမ့်မယ်လို့တော့ မထင်စေချင်ဘူး ကိုယ်လိုအပ်တာ ကိုယ်လိုချင်တာတွေအတွက် ကိုယ့်ခြေကိုယ့်လက်နဲ့ပဲ ကြိုးစားယူခဲ့ရသလို ကိုယ့်မိသားစုအတွက် ကိုယ်လိုချင်တာတွေပဲ မျက်ကွယ်ပြုခဲ့ရတယ်.....။ အငယ်တွေရဲ့စံပြဖြစ်အောင်ဆိုပြီး နာနာဖွတ်ခံခဲ့ရတာ အိမ်က အကြီးမပေါ့ ။ အငယ်တွေ အသုံးမကျတဲ့အခါ ကိုယ်ကအမြဲပါရတယ် ။ ပူဆာတာတွေ ကြင်နာတာတွေ ဂရုစိုက်ခံရတာတွေက ကိုယ်နဲ့လားလားမှ မဆိုင်သလိုပါပဲ ။ အိမ်မက်တွေရှိပေမယ့် အဲ့ဒီအိမ်မက်တွေအစား မိသားစုအရေးကို ပိုပြီးတွေးခဲ့မိတော့ တချို့အိမ်မက်တွေဟာ တစ်ဝက်တစ်ပျက်နဲ့ တချို့မျှော်လင့်ချက်တွေက အရောင်ခပ်မှိန်မှိန်လေးနဲ့ ကိုယ့်ရင်ထဲကိုယ်သိမ်းပဲ သိမ်းထားဖြစ်တယ်။ အငယ်လေးတွေရေ.....အမကိုမစာနာချင်နေပါ အမကဘာမို့လို့လဲဆိုတဲ့ စကားလုံးတွေနဲ့ အမကိုမနာကျင်စေပါနဲ့...သူ့မှာ ချော့သိပ်ဖူးတဲ့လက်တစ်စုံလည်း ပိုင်ခဲ့ဖူးသလို အိမ်မက်တွေကို သူကိုယ်တိုင် ရင်နာနာနဲ့ မေ့ပစ်ခဲ့တဲ့ အဖြစ်တွေ ကြုံခဲ့ဖူးတယ် ။ ကျွန်မ အိမ်မှာ အကြီးဆုံးအစ်မပေါ့.....။ တစ်ခါတစ်လေ အလေးထား ဂရုစိုက်ခံချင်ပေမယ့် မရတဲ့သူလေ ။ တန်ဖိုးထားတာမျိုး အလိုလိုက်ခံရတာမျိုး မှတ်မှတ်ရရ မရှိဖူးတဲ့သူလေ ။ တစ်နေ့ကျရင်တော့ ကျွန်မ စေတနာတွေ အနစ်နာတွေ နားလည်လာမှာပါဆိုတဲ့အတွေးနဲ့ ရပ်နေတဲ့အကြီးမပါ.....။ လေးစားစွာဖြင့် စာပေဗဟုသုတလေးများကို ပြန်လည်မျှဝေပါတယ် __________________________________ #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧 ✍✍✍✍✍✍✍✍✍ #မေတ္တာဖြင့်တဆင့် ပြန်လည်မျှဝေပေးပါသည် #လေးစားစွာ 𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"#foryou #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #
🦋 🌹🇲🇲Rebecca 🌻✝️🇲🇾
Region: MM
Tuesday 07 January 2025 01:37:57 GMT
Music
Download
Comments
လောကဧည့်သည်@S.P.A.K :
အတူပဲ အကိုကြီးပါ အကိုကြီးတော့အဖရာ
2026-05-13 17:29:59
0
🖤하늘🖤 :
5tin🥰🥰🥰💪💪💪
2025-01-07 10:04:22
1
W🍒 :
စာသာလေးယူသုံးချင်လို့ပါ🥺
2026-03-02 13:42:55
0
Aung Swe :
ဘာ...ဘာကြီးတာလဲဟင်...?သဘောထားကြီးရဲ့လား.....
2025-11-15 04:11:56
1
သာယာကုန်းသူလေး☺ :
စာသားလေးပြန်သုံးခွင့်ပြုပါရှင့်
2026-05-18 15:30:08
1
yaw tha :
🥺🥺🤗🤗🤗
2026-04-09 15:49:20
1
Black Sen 🌸 :
💗💗💗
2025-01-07 15:23:16
1
To see more videos from user @rebe251295, please go to the Tikwm
homepage.