@zayartbz7news: တစ်နိုင်ငံလုံး လျှပ်စစ်မီး မပေးနိုင်သည့်အကြောင်းအရင်း ၄ ခုကို စစ်ကောင်စီက ထုတ်ဖော်ဝန်ခံ၊ မင်းအောင်လှိုင်၏ ညွှန် ကြားချက်အရ ဧရာ၀တီမြစ်တွင် တမံတည်ဆောက်၍ လျှပ်စစ်ထုတ်ယူမည်ဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၈ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး မပေးနိုင်သည့် အကြောင်းအရင်း ၄ ခုကို အကြမ်းဖက်စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယမန်နေ့ အစည်းအဝေးတွင် ထုတ်ဖော်ဝန်ခံလိုက်သည်။ လက်ရှိကာလတွင် တစ်နိုင်ငံလုံး လျှပ်စစ်အခက်အခဲများနှင့်ကြုံတွေ့နေရသည့် ကာလများဖြစ်ပြီး အကြောင်းအရင်းများအနေဖြင့်- ၁- သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ၂ - သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အ၀ မထုတ်လုပ်နိုင်ခြင်း၊ ၃- သဘာ၀ဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍ မရသည့်အခက်အခဲများ ကြုံတွေ့နေရခြင်း၊ ၄-မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲ့ရုံများ ဖျက်ဆီးခံရမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့ မရခြင်း တို့ကြောင့် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရေအားနှင့်သဘာ၀ဓာတ်ငွေ့ တို့အပေါ် အဓိက မှီခိုနေရကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့် အတွက် သဘာ၀ဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆောင်ရွက်ရန်၊ ဧရာ၀တီမြစ်ရေကိုထိန်း၍ ရသည့်နေရာများတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် ဧရာ၀တီမြစ်အတွင်း အနိမ့်တမံ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့်နေရာ ၁၆ ခုရှီပြီး ဦးစားပေး ၄ နေရာအနက်မှ အသင့်လျှော်ဆုံး ၁ နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ လတ်တလော မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်ဟောင်းများ နေထိုင်သော ၆ လုံးတန်းအိမ်တန်းမှအပ မြန်မာတစ်နိုင်ငံလုံး အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးနေရပြီး လျှပ်စစ်ဓာတ်အားမှာ တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကျော်ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း သိရှိရသည်။@Zayar TBZ 10(X) @ZayarTBZ ေမာင္သံဒိုး #zayartbz #ဒေသသတင်းရင်းမြစ် #ပြည်သူများဘေးကင်းကြပါစေ #မြန်မာသတင်း #တော်လှန်ရေးရဲဘော်များဘေးကင်းကြပါစေ #ပြည်သူများဘေးကင်းကြပါစေ #အရေးတော်ပုံအောင်ရမည် #myanmarcelebritytiktok #myanmarnews

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Wednesday 08 January 2025 06:21:54 GMT
1693934
56854
342
1163

Music

Download

Comments

u.zaw.win353
U Zaw Win :
hi
2025-01-08 13:35:19
2
kothanaung368
kothanaung368 :
hi
2025-01-12 01:57:11
0
user6183359018866
user6183359018866 :
hi
2025-01-08 13:39:50
0
phwayphway22312
phwayphway22312 :
ကြက်မတွန်လို့မိုးမလင်းဘူးဆိုကြက်ဖထတွန်လိုက်မှမီးပါမလင်းတော့ဘူးမအေLoeမင်းအောင်လှိုင်မြန်မြန်ငရဲသွားမှအေးမယ်
2025-01-08 13:25:30
276
kyawnaing6548
Pau Lian :
ဟိုကောင်တွေ ဖျက်ဆီးတာတော့ မပြောတော့ဘူးပေါ့
2025-01-08 07:05:53
23
sai.nyan.lin8
Sai Nyan Lin :
မြစ်ဆုံထပ်လုပ်ဦးမယ်ပေါ့
2025-01-08 09:15:54
6
jajacoe
Ko Aung Naing :
နောက်ဆုံးတော့ ဒီယုံမြင်လို့ဒီခြုံထွင်တာပါ။ မြစ်ဆုံပိတ်ဖို့လုပ်နေမှန်း သိပါတယ်။
2025-01-08 08:12:57
39
vvip8915
VVip• :
တရက် 4/နာရီမလာပါဘူး😑 တနေကုန်မှ မိနစ်20ပဲ လာပါတယ်🙄
2025-01-09 02:19:13
31
konaingnaingtun7
ko naing :
အထင်ပြောရရင် မြစ်ဆုံကိုပြန်စဖို့ အကွက်ဆင်နေလားမသိဘူး
2025-01-08 13:54:54
27
koyelay743
Ko ye lay :
ဧရာဝတီကို တရုတ်လက်ထဲ စျေးပေါပေါနဲ့ပြန်ထည့်ဦးမှာပေါ့
2025-01-08 06:49:59
32
21savagetwenty1
Sum Ting Wong :
မြစ်ဆုံရောင်းရင်ရောင်းလိုက်ကွာ ကြာလို့
2025-01-08 10:42:24
6
aung.myo.win3797
Aung Myo win :
Malo မင်းအောင်လိူင်း
2025-01-08 09:22:23
13
minthar268
မင်းသား :
မြစ်ဆုံဘက် ပြန်လှည့်နေတာလား
2025-01-08 07:55:49
9
myalay1951
myalay1951 :
နငယ်ရေ..ခုနောက်ပိုင်း.မိစ္ဆာတွေအရမ်းဆိုးဝါးလာကြတယ်..ပျူတွေဒလန်တွေလည်းဆိုးလွန်းလာကြတယ်..အဆိုးလွန်လာကြယင်အဆုံးသတ်ရန်ဒီနှစ်အစဖြစ်လာကြမည်ကိုသိနေပြီမို့😏
2025-01-08 14:20:25
7
pandapanda4867
pandapanda4867 :
မြစ်ဆုံ ပြန်စဖို့ စကားသန်းနေပြီ😳😳😳
2025-01-08 12:33:08
7
chit..su13
Chit. su :
မှာစက်ရုံအကြီးအသေးအကုန်နေ့ရောညရောမီးပေးနေတယ်အောက်ခြေအရာရှိတွေလျှပ်စစ်ကရှိပါတယ်၊အပြင်ကိုထုတ်ရောင်းစားနေတာလေ၊အ့ဲဒါကိဗန်းပြပြီးဧရာဝတီကိုထိုးကျွေးမလို့သွေးတိုးစမ်းနေတာပါ၊တရုတ်ရ့ဲအကြံညဏ်တွေလေ၊mdyကနာရီန့ဲ
2025-01-08 10:25:46
6
soe.moe.thein8
Soe Moe Thein :
၂၀၂၅ ရဲ့ ပထမဦးဆုံး ဟာဒယရွင်ဆေးပါလား…
2025-01-08 09:52:07
6
jkyrdjjkkgfgg
အောင်လေ :
အရေးအချင်းမရှိရင်မရှိပေါ့
2025-01-08 07:57:50
5
tinsoe2225
Tin Soe :
ဒုက္ခပေးလိုကို မပြီးတော့ဘူး
2025-01-09 12:29:32
3
moe.yay08
Moe Yay :
အတင်းပြောနေသလိုဘဲ
2025-01-08 14:30:40
0
nyi.nyi.zaw762
Nyi Nyi Zaw :
သူတို့အိမ်တွေကျတော့ မီးမှိတ်လို့မရဘူးပေါ့😂😂😂🤣🤣🤣🤭🤭🤭
2025-01-08 13:29:54
3
user631580671308
user631580671308 :
@ချဉ်ဦးနှောက်နဲ့
2025-01-09 17:14:38
1
rtzdendi
Rtzdendi :
ရယ်ချင်လို့ပါ ရယ်ခွင့်ပြုပါ 😂
2025-01-08 15:57:59
0
yeinnwewawa
Yeinnwe Wawa :
စီလုတ်အလိုကျဆည်ဆောက်ပေးဖို့ကြံနေပြန်ပြီပေါ့😁😁😁😁😁
2025-01-08 11:26:31
4
user9973706601612
KyawHtet03 :
တစ်နိုင်ငံလုံး ၆ အိမ်သာ မီးမှန်နေသော နိုင်ငံ
2025-01-08 17:55:51
3
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About