@zayartbz7news: ရန်ကုန်လေဆိပ်တွင် ရခိုင်လူငယ်များ ပြည်ပထွက်ခွာခွင့်မရဘဲ ပိတ်ပင်ခံထားရ ၊ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတချို့ လည်း ဖမ်းဆီးခံရမှုများရှိနေ ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရန်ကုန်လေဆိပ်တွင် ပြည်ပနိုင်ငံများသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် အလည် အပတ်သွားရောက်မည့် ရခိုင်လူငယ်တချို့ ပြည်ပထွက်ခွာခွင့်မရဘဲ ပိတ်ပင်ခံထားရကာ လေယာဉ်ကွင်းမှ လှည့်ပြန်ခိုင်းမှုများရှိနေကြောင်း လေယာဉ်ကွင်းမှ လှည့်ပြန်ရသည့် ရခိုင်လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီအချိန် MAIလေကြောင်းလိုင်း၊ လေယာဉ်အမှတ် 8M364 ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဒွန်မောင်းလေဆိပ်သို့ လိုက်ပါမည့် ရခိုင်လူငယ် ၁ ဦး ကို လေဆိပ် စစ်ဆေးရေးအဖွဲ့က "ရခိုင်လား" ဟု မေးမြန်းကာ လေယာဉ်ပေါ်တက်ခွင့်မပြုခဲ့ကြောင်း၊ နိုင်ငံကူးလက် မှတ်၏ မွေးဖွားရာ နေရာတွင် စစ်တွေဟု ဖော်ပြထား၍ ရခိုင်လားဟု မေး မြန်းကာ ပြည်ပ ထွက်ခွင့် မပြုဟုဆိုကာ အိမ်ပြန်လွှတ်ကြောင်း၊ နိုင်ငံကူးလက်မှတ်ကိုပါ သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။ အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန် MNA လေကြောင်းလိုင်း၊ လေယာဉ်အမှတ် UBA1/UB1 ဖြင့် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ PV အလည်အပတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထွက်ခွာမည့် ရခိုင်တိုင်း ရင်းသား အမျိုးသမီးငယ် ၁ ဦးကိုလည်း ပြည်ပထွက်ခွင့်မပေးဘဲ လေဆိပ်မှပင် လှည့်ပြန်ခိုင်းကြောင်း၊ နိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းမပြုသော်လည်း နောက် တစ်ကြိမ် ပြည်ပ ထွက်ရေး မကြိုးစားရန်နှင့် လေယာဉ်လက်မှတ်အပါ အဝင် ကုန်ကျစရိတ်များ ဆုံးရှုံးလိမ့်မည်ဟု လေဆိပ် စစ်ဆေးရေးအဖွဲ့က အသိပေး ပြောဆိုလိုက်ကြောင်း သိရှိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်လူမျိုးများကို အဓိကထား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေ၍ စစ်ရှောင်များနှင့် ယခင်ရှိနေကြသည့် ရခိုင်တိုင်းရင်းများမှာ စိုးရိမ်မှုအလွန်မြင့်တက်နေကြသည်။ စိုးရိမ်မှုများ ပိုဖြစ်လာပြီး လုံခြုံမှု မရှိတော့သလို ခံစားလာရကြောင်း ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်လာသော ဘူးသီးတောင်ဒေသခံ ဦးကျော်သန်းက ပြောသည်။ "ကျနော်တို့ ရခိုင်တွေကိုပဲ အဓိကထား လိုက်ဖမ်းနေတော့ ရန်ကုန်မှာနေဖို့တောင် ကြောက်လာပါပြီခင်ဗျာ။ ကလေးတွေကို အပြင်တောင် ပေးမထွက်ခိုင်းတော့ဘူး။ ရန်ကုန်မှာနေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အခုတော့ လုံခြုံမှုမရှိဘူးတော့ဘူးလို့ ခံစားလာရတယ်။ ကလေးတွေက လူတကာကြည့်ပြီး ကြောက်စိတ်တွေနဲ့ သွားနေရတယ်လို့ ပြောကြတယ်။ ကျနော် အရမ်းခံစားရတယ်ဗျာ။ ဘယ်လိုပြန်ပြောရမလဲတောင် မသိတော့ဘူး” ဟု ဘူးသီးတောင်ဒေသခံ ဦးကျော်သန်းက ပြောသည်။ ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက ရခိုင်လူငယ်အများစုသည် ကျောင်းတက်ရန်နှင့် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိသွားကြပြီးတစ်ချို့မှာ စစ်ရှောင်ရန် လာကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် တက္ကသိုလ်တက်နေဆဲဖြစ်သည့် လူငယ်များပါသလို ဘာသာစကားတစ်ခုခု တက်ပြီး နိုင်ငံခြားထွက် အလုပ်လုပ်ကြမည့် လူငယ်များလည်း ပါဝင်ကြသည်။ အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက "ကျနော် ရန်ကုန်ရောက်တာ ၅ လကျော်ပါပြီ။ ဆောက်လုပ်ရေးအလုပ်နဲ့ စင်္ကာပူသွားဖို့ ပြင်ဆင်နေတာပါ။ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်မိနေပါပြီ။ နောက်လဆိုရင် သွားရတော့မယ် ထင်ပါတယ်။ ဒီကြားထဲ အဖမ်းမခံရဖို့ပဲ ဆုတောင်းနေပါတယ်။ ဧည့်စာရင်းတွေလည်း တိုင်ထားပါတယ်။ ဟိုတလောက အပြင်မုန့်ဝယ်ထွက်တဲ့ ရခိုင်လူငယ်တွေ အဖမ်းခံရတော့ ကျနော် အပြင်သိပ်မထွက်တော့ဘူး။ ဘယ်သူ့ကိုမှ မယုံရင်ရတော့ စိတ်ထဲမှာ စိုးထိတ်ထိတ်နဲ့ပေါ့ဗျာ" ဟု ပြောသည်။ ရန်ကုန်တိုင်း အင်းစိန်မြို့တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက သူမ၏ သား နှစ်ဦးစလုံးကို ရန်ကုန်တွင် မလုံခြုံတော့၍ နိုင်ငံခြားသို့ ပို့လိုက်ပြီဟု ပြောသည်။ "အန်တီက ရန်ကုန်မှာနေတာ နှစ်ပေါင်း ၅၀ လောက်ရှိပြီ။ အိမ်ထောင်လည်း ရန်ကုန်မှာပဲ ကျတာ။ ဒီလောက် နှစ်တွေ အကြာကြီး နေလာတာ တစ်ခါမှ စိုးရိမ်မှုမရှိခဲ့ဖူးဘူး။ အခု မင်းမဲ့စရိုက်လို တွေ့တဲ့သူ လိုက်ဖမ်းနေတော့ သားနှစ်ယောက်အတွက် အရမ်းစိုးရိမ်သွားတယ်။ ဘာအပြစ်မှလဲ ကျူးလွန်တာမရှိဘဲ လမ်းသွားရင်းနဲ့ အဖမ်းခံနေရတော့၊ ပြီးတော့ လူငယ်တွေ ခဏခဏ ပျောက်ကြတယ်လို့ ပြောတယ်။ မဖြစ်တော့ဘူးဆိုပြီး သားနှစ်ယောက်ကို နိုင်ငံခြားလွှတ်လိုက်တယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သာကေတ စသည့်မြို့နယ်များက ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူငယ် ၂၀ ဦးထက်မနည်းမှာ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က လူငယ်အများအပြား ပါဝင်ကြောင်း

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Thursday 16 January 2025 11:22:26 GMT
161095
10310
79
258

Music

Download

Comments

kokodo190
Polo :
မင်းကိုဘယ်သူပြောလဲ
2025-01-17 12:42:50
0
user4738122179006
ဇေကြီး :
Right🤝🤝🤝
2025-01-17 08:44:46
0
o396328
o :
Good
2025-01-16 23:25:01
0
o396328
o :
Right
2025-01-16 23:25:45
0
eagle.eagle438
Eagle Eagle :
လူ့ဘဝကဒီတိုင်းအဆုံးသတ်ရ ေတာ့မှာလား
2025-01-16 13:06:09
3
saiminswe2
🇲🇲ကျ နော်🇲🇾 :
အဲ့လိုလုပ်မှ ပဲ မဟုတ်ရင် နိုင်ငံခြားထွက်internet လိုင်းကောင်းတော့ tik tok မှာ လိုက် ဘလိန်းနေတာ 🤣
2025-01-18 10:03:02
1
usertpmxpjg3fn
🇲🇲1️⃣9️⃣8️⃣9️⃣🇲🇾 :
အက်ဂလိုကြီးလား
2025-02-12 17:09:47
0
nya.lin.soe0
Nya Lin SOE :
သာလီစွပါ
2025-01-18 16:48:00
0
user5049317040222
ဝေသာလီ :
သာလီစွပါ
2025-01-18 14:52:49
0
thantoeaung7523
၉/ဗိုလ်ချိုမြေ :
ရခိုင် နိုင်ငံက လေယာဉ်ဆိပ်ကနေမသွားကြဘူးလားဗျ့ မြန်မာနိုင်ငံကနေ ရခိုင်နိုင်ငံသားတွေ သွားခွင့်မရှိဘူးလေ🤗
2025-01-18 02:55:29
0
maung.maung6468
Maung Maung :
ေအတာတိုင်ပြည်အုတ်ချတ်နေတာ
2025-01-17 15:02:29
0
ududjdudjsisjjsj
MaNa :
ကောင်းတယ်
2025-01-17 13:47:34
0
user6528570674519
user6528570674519 :
ရန်ကုန်ရောက်ရခိုင်လူငယ်မောင်နှမများ အလားအလာကိုဆန်ခြင်ပြီးလားပါ
2025-01-17 02:30:36
0
user24618591666122
user24618591666122 :
တစ်နိရာလဲမအီကာ
2025-01-16 22:35:21
0
ubssaw64
ubssaw64 :
သတိရိုစော်နဲ့နေကြပါနော်
2025-01-16 16:18:18
0
ara.kan.than.win
အမျိုးချစ်ရခိုင်သား :
ကြားရစွာတိစိတ်မကောင်းပါအမျိုးရို့
2025-01-16 16:05:46
0
zawminhtike0562
LEK@ :
ကနတွေလဲထွက်ခင်မရှိဘူထင်တယ်
2025-01-16 12:55:37
0
user7798185578381
user7798185578381 :
😂😂😂
2025-02-23 05:06:32
0
zinmyintmyat62
zinmyintmyat62 :
🥰🥰🥰
2025-01-19 05:44:18
0
user7294182805829
သံေယာ ဇဥ် :
👍👍👍
2025-01-19 05:36:19
0
bagyiaung5669
bagyiaung :
👍👍👍
2025-01-19 05:36:13
0
user17865624548295
user17865624548295 :
😂😂😂
2025-01-19 05:17:45
0
mana.bu2
MaNa Bu :
😳
2025-01-19 02:10:53
0
user8301016373780
不是 :
🥺🥺🥺
2025-01-18 09:50:52
0
user465502683553
user465502683553 :
😭😭😭😭😭
2025-01-18 03:47:17
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About