@wayfarer.mdl: 🌺သက်မှတ်/ဇာတာ🌺 🍁Horoscope 🍁 ငယ်ငယ်က မိဘတွေပြောပြတာကြားဖူးတာကတော့ အိမ်မှာကလေးတစ်ယောက်မွေးရင် မွေးနေ့ ၊မွေးရက်၊ မွေးချိန်တွေကို မှတ်ထားရတယ်။ သင့်တင့်တဲ့အချိန်မှာဗေဒင်ပညာ တတ်တဲ့သူဆီသွားပြီး သက်မှတ်/ဇာတာလုပ်ရသတဲ့~~~ ဖတ်ကြည့်လိုက်တော့ သက်မှတ်/ဇာတာ ပေါ်မှာပါတဲ့ နာမည်တွေက အိမ်မှာ ၊ကျောင်းမှာခေါ်တဲ့ နာမည်နဲ့မတူတဲ့ ရှေးဆန်ဆန် နာမည်အဆန်းကြီးတွေနဲ့ ~~~ နက္ခတ်ဗေဒင်ပညာအရ စန်းတွေ၊ လဘ်တွေ၊ အညွန့်တွေ အတက်တွေ၊အတိတ်နိမိတ်ကောင်းတွေ နဲ့တွက်ချက်ပြီး ပေးထားတာထင်ပါရဲ့~~~ သက်မှတ်/ဇာတာဆိုတာ.. ပေဖူး၊ထန်းဖူး တွေကို စာချွန်လွာပုံလေးတွဖြတ် 'မ'ဂဏန်း ရှိတဲ့ (စုံဂဏန်းမသုံး) အရွက်ရေနဲ့ 'မ'ဂဏန်းရှိတဲ့ စာကြောင်းရေကို ကညစ်သုံးပြီး ဇာတာရှင်အကြောင်းကို မျက်နှာစာတစ်ဖက်မှာရေး ၊အခြားမျက်နှာစာတစ်ဖက်မှာ နက္ခတ်ဗေဒင်ပညာနဲ့သက်ဆိုင်တဲ့ အမှတ်အသားတွေ ဂြိုလ်ခွင်တွေ ၊ကိန်းဂဏန်းတွက်ချက်မှုတွေ ဖော်ပြထားပြီး စာအုပ်လိုချုပ်ထားတာဖြစ်ပါတယ်~~~ ပိုင်ရှင်ရဲ့ မွေးရာပါကံဇာတာအပေါ် မူတည်ပြီး ဥုစ်ဇာတာနှင့် ရိုးရိုးဇာတာ ကွဲပြားတယ် လို့ဆိုပါတယ်~~ မန္တလေးမှာဆို သက်မှတ်ဇာတာလုပ်တဲ့ပညာကိုတတ်တဲ့သူအများစုဟာ ပုဏ္ဏားလူမျိုးတွေ ဖြစ်ကြသတဲ့~~~ wayfarer #ဇာတာ #ရိုးရာ #နက္ခတ်ဗေဒင် #ရိုးရာယုံကြည်မှု #ရင်တွင်းဖြစ် #ကျောက်တော်ကြီးဘုရား #မန္တလေး #horoscope #traditional #titokmyanmar #mandalay #astrology #foryoupage❤️❤️ #fyp #kyauktawgyipagoda
Wayfarer
Region: MM
Tuesday 11 February 2025 11:44:27 GMT
Music
Download
Comments
user5841158718031ဟိန်းဇေနိုင် :
အခုရှိသေးလား
2025-02-12 00:25:34
2
NGA KE LAY :
ထန်းဖူးနဲ့ဆိုရင် ဘယ်လောက်လည်းဗျ။
2025-02-12 05:51:46
1
Ko san :
လုပ်ချင်တယ်🥺
2025-02-16 07:16:51
1
Yago94 :
ဇာတာ ဖွဲ့ရင် ဘယ်လောက်ကုန်လဲဗျ ဘာတွေလိုလဲ
2025-02-12 13:13:40
2
Mg Zarni :
ဘယ်လောက်လဲဗျာ
2025-02-12 02:53:28
1
Lovelyn :
ဆရာရှင့်အိမ်မှာကလေးကအသက်2လပြည့်ပါပီဇာတာလုပ်လို့ရလားရှင့်
2025-12-19 07:53:30
1
Kade :
အိမ်မှာလဲ ရှိတယ်
2025-03-24 03:00:42
1
✨🌜ဖိုးလပြည့်🌛✨ :
ဆရာက ဘယ်ဆီကလဲဗျ.အပန်းမကြီးရင်ပြောပြပါလား🥰🥰🥰🥰
2025-02-16 08:14:16
1
ဒေါ်ငမဲ🌚🌚 :
အ့တာဘာရီလည်း နားမလည်လို့ ခုမှမြင်ဖူး
2025-05-11 07:18:14
1
albertreading.uwah :
ဆရာကြီးဦးအောင်လွင်ကအရမ်းတော်တယ်မှန်တယ်👍👍
2025-02-11 15:01:57
1
Mg Bala☸️🪖 :
ဘယ်မှာလုပ်ရတာလဲဗျ
2025-02-15 17:08:00
1
🐲 Mg HSu Shin🐲 :
ကျွန်တော်တို့မိသားစုဆိုအကုန်ရှိတယ်
2025-02-12 01:18:29
1
နန်းကျမ်ပူ :
အဲဇာတာကပိုးထိုးတာဘဲဖစ်ဖစ်ကြွတ်ကိုက်တာဘဲဖစ်စ်ကံဆိုးတက်တယ်လို့ကြားဖူးတယ်ဟုလားနော်
2025-12-07 14:49:38
0
Pe Kyi Pon Lwin :
သီချင်းလေးရဲ့ နာမည် ပြောပြပါလားခဗျာ
2026-01-22 16:55:38
0
Mon888 :
သေပြီးသွားတဲ့သူရဲ့ဇာတာကိုသိမ်းထားလို့ရလားရှင့်သိရင်ဖြေးပေးပါအုံးနော်
2026-04-28 02:48:15
1
May Bal :
🥰
2025-11-26 07:31:35
1
မမချော :
❤❤❤
2025-02-28 14:53:08
1
mg Aung :
😎😎😎😳😳😳
2025-02-20 14:56:27
1
maung maung :
❤❤❤
2025-02-12 03:18:40
1
Kyal Sin Phyo..007 :
😂😂😂
2025-02-25 03:31:21
0
Zawmyo oo :
👍👍👍👍👍👍👍👍👍
2025-02-26 12:55:03
0
To see more videos from user @wayfarer.mdl, please go to the Tikwm
homepage.