@babyhealthtip12_: အစာမစားလျှင် ? ကလေးတွေပုံမှန်ထက် အစားအသောက် လျော့နည်းရတဲ့အကြောင်းရင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁၊ ကြီးထွားမှုနှုန်း ပုံမှန်လျော့နည်းသွားခြင်း ကလေးတစ်ယောက်ဟာ မွေးပြီးတစ်နှစ် အတွင်းမှာကြီးထွားနှုန်းမြန်သလိုဒီလိုကြီးထွားမှုအတွက် လိုအပ်တဲ့အစားအသောက်ကိုလည်းပိုမိုပြီးစားသုံးပါတယ်။ တစ်နှစ်ကျော်တာနဲ့သူ့ရဲ့ကြီးထွားမှုနှုန်းက ပုံမှန်လျော့သွားတဲ့အတွက် ဒါနဲ့လိုက်လျောညီထွေစွာသူ့ရဲ့အစားအသောက်စားသုံးမှုဟာ လျော့နည်းသွားပါတယ်။ ဒါဟာပုံမှန်ပါ။ တချို့ကလေးတွေက အစောပိုင်းမှာ ပေါင်ချိန်တအားတက်ပြီး နောက်ပိုင်း အရင်ထက် တက်နှုန်း စားနှုန်း လျော့နည်းသွားတာလည်းရှိပါတယ်။ ၂၊ သာမန်နေမကောင်းခဏခဏဖြစ်ခြင်း ကလေးတွေဟာအကြောင်းတစ်ခုခုကြောင့်နေမကောင်းဖြစ်လျှင်- ဥပမာဖျားတယ်၊ လည်ချောင်းနာတယ်၊နှာစေးချောင်းဆိုးဖြစ်တယ်၊ ဝမ်းပျက်တယ်၊ စသည်တို့ ဖြစ်လာလျှင် ခံတွင်းပျက်ပြီးတော့အဲဒီအချိန်မှာအစားအသောက်လျော့နည်းတတ်ပါတယ်။သုံးလေးနှစ်ကလေးတွေ မူကြိုကျောင်း စတက်တဲ့အချိန်မှာ ကလေးအချင်းချင်းအတွေ့များပြီးရောဂါပိုစုံတတ်ပါတယ်။ အဖျားအနာထူတတ်ပါတယ်။အစားသောက်ပျက်ပါတယ်။ ၃၊ ဆေးဝါးများ ဒါဟာအထက်မှာပြောခဲ့တဲ့မကြာခဏနေမကောင်းဖြစ်ခြင်းတွေနဲ့ဆက်စပ်မှုရှိပါတယ်။ ကလေးနေမကောင်းဖြစ်တိုင်း၊ ဆေးတွေတိုက် မယ် အထူးသဖြင့်ပိုးသတ်ဆေးတွေတိုက်မယ် ဆိုရင် ဒီဆေးတွေကြောင့်လည်းအစားအသောက်ပျက်နိုင်ပါတယ်။ တချို့မိဘတွေဟာ ဆေးကိုအင်မတန်တိုက်ချင်ပါတယ်။ တကယ်တော့ကလေးအတော်များများမှာဖြစ်တဲ့သာမန်နေမကောင်းခြင်းအများစုဟာ သူ့အလိုအလျောက်နှစ်ရက်သုံးရက် အတွင်းမှာပျောက်ကင်းသွားတဲ့ရောဂါတွေဖြစ်ပါတယ်။ ၄၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓါတ်ကျခြင်း ဒီနှစ်ခုဟာဆက်စပ်နေနိုင်ပါတယ်။ ကလေးတွေမှာလည်းသူ့အရွယ်အလိုက်စိုးရိမ်သောကဒဏ်ကိုမခံနိုင်တာဖြစ်တတ်ပါတယ်။ ဒီလိုစိုးရိမ် သောကများလာတယ်၊ Stress များလာတယ်ဆိုရင် အစားအသောက် ပျက်လာတတ်ပါတယ်။ ကလေးတွေမှာ stress များနိုင်တဲ့၊ စိတ်ဓါတ်ကျနိုင်တဲ့ အကြောင်းရင်းတွေကတော့ - မိသားစုအတွင်းမှာပြဿနာရှိခြင်း - ကျောင်းမှာ ကလေးအချင်းချင်းအနိုင်ကျင့်ခံရခြင်း၊ - ကျောင်းစာ၊ အိမ်စာ၊ မိဘဖက်မှဖြစ်သင့် တာထက်ပိုပြီးပညာရေးနှင့် ပတ်သက်၍ မျှော်လင့်ချက်ထားတာကို ဒဏ်မခံနိုင်ခြင်း - ပတ်ဝန်းကျင်ဟာ စိုးရိမ်စရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်နေခြင်း - ဥပမာ ခုလို COVID-19 ကာလ ဒီအချက်တွေကို မိဘတွေဘက်ကသတိထားလိုက်နာသင့်ပါတယ်။ ၅၊ သွေးအားနည်းခြင်း သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာမတူပါဘူး။ သွေးပေါင်ကျတယ်ဆိုတာသွေးပေါင်ချိန် တိုင်းကြည့်လို့ Pressure ကျတာပါ။ ကလေးတွေမှာတော်ရုံတန်ရုံရောဂါမရှိလျှင် သွေးပေါင်ဆိုတာကျလေ့မရှိပါဘူး။ သွေးအားနည်းတယ်ဆိုတာတော့သွေးထဲမှာရှိတဲ့ဟီမိုဂလိုဘင် (hemoglobin)ဆိုတဲ့ဓာတ်တစ်မျိုးနည်းတာပါ။ ဒီလိုနည်းရင် ကလေးငယ်ရဲ့လက်ဖဝါး၊ မျက်ခမ်းနဲ့ သိပ်ဆိုးလာရင်အရေပြားပါ ဖြူဖတ် ဖြူရော်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့သွေးအားနည်းတဲ့အကြောင်းရင်းကတော့ သံဓာတ်ချို့တဲ့လို့ဖြစ်ပါတယ်။ ဒီလိုသွေးအားနည်းလာမယ်ဆိုရင် ကလေးတွေဟာအစားအသောက်ပျက်မယ်၊ နုံးမယ်၊ကစားချင်စိတ် စားချင်စိတ်မရှိဘူး၊ ကျောင်းစာစိတ်မဝင်စားဘူး၊ စသည်တို့ဖြစ်လာနိုင်ပါတယ်။ရေရှည်မှာကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပါ အဟန့်အတားဖြစ်စေပါတယ်။ မိမိကလေးမှာသွေးအားနည်းတယ်လို့ယူဆရင်၊ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့် ပါတယ်။ သွေးစစ် ကြည့်လို့ရပါတယ်။ ၆၊ သန်ကောင်များ သန်ကောင်တွေရှိရင်လည်းကလေးဟာအစားအသောက်ပျက်တတ်ပါတယ်။ သွေးအားလည်း နည်းနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကိုနှစ်နှစ်နောက်ပိုင်းကစပြီးအနည်းဆုံး ၆လ-တစ်နှစ် တစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသံချသင့်ပါတယ်။ အိမ်မှာအိမ်မွေးတိရစ္ဆာန်လေးတွေ- ကြောင်ခွေးစသည်တို့မွေးထားရင်လည်းသူတို့ကိုပါသန်ချပေးသင့်ပါတယ်။ ၇၊ ဝမ်းချုပ်ခြင်း အစားအသောက်ပျက်ခြင်းနဲ့ ဝမ်းချုပ်ခြင်းဟာလည်းအပြန်အလှန်ဆက်သွယ်မှုရှိပါတယ်။ အစားအသောက်ပျက်လို့ဝမ်းချုပ်နိုင်သလိုဝမ်းချုပ်နေတဲ့ကလေးတစ်ယောက်ဟာလည်းပြန်ပြီးတော့အစားအသောက်ပျက်တတ်ပါတယ်။ ၈၊ ခံတွင်းသန့်ရှင်းရေးမကောင်းလျှင် ကလေးတွေခံတွင်းသန့်ရှင်းရေးမကောင်းလို့ သွားဖုံးရောင်မယ်၊ သွားပိုးစားမယ်ဆိုရင်လည်းနာကျင်နေတတ်တဲ့အတွက်အစားလျော့တတ်ပါတယ်။ ၉၊ ရောဂါတစ်ခုခုရှိခြင်း ခန္ဓာကိုယ်မှာရောဂါတစ်ခုခုရှိလာမယ်ဆိုရင်လည်း အစားသောက်ပျက်ပါတယ်။ ဒါဆိုရင် ကလေးတွေဟာပေါင်ချိန်ကျရုံမက တခြားသောအဲဒီရောဂါရဲ့လက္ခဏာတွေပါယှဉ်တွဲတွေ့လာတတ်ပါတယ်။ ဥပမာတီဘီရောဂါဖြစ်တယ်ဆိုရင် ရက်ရှည်ဖျားခြင်း၊ ချောင်းဆိုးခြင်းစသည်တို့ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ပျက်တဲ့ကလေးတွေကို မိဘတွေဟာပုံမှန်ပေါင်ချိန်သင့်ပါတယ်။ ပေါင်ချိန်တဖြည်းဖြည်းကျကျလာတယ်ဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။ မေမေတို့သိစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။ #newborn #mom #baby #foryou #babyhealthtip #food #babyfood

ကလေးပြုစုနည်း - Sharing
ကလေးပြုစုနည်း - Sharing
Open In TikTok:
Region: MM
Sunday 23 February 2025 06:05:51 GMT
112455
3252
29
331

Music

Download

Comments

ept2026
Khay May May :
🙏
2025-08-09 08:39:57
0
loveyor708
Love Yor :
ခုသားသားက၁နှစ်၇လထဲမှာပါအစားကိုသိပ်မစားဘူးနိူ့ပဲတအားစို့ပါတယ်စားလည်းသုံးဇွန်းလောက်ပဲစားတယ် စိတ်ညစ်ရပါတယ်ရှင့်ကလေးအစားမစားတော့
2025-02-23 14:45:34
12
dawzarlay701
ဘုန်းခန့်လေးမေမေ😍😍 :
သားသားက၁နှစ်နဲ့၆လပါ ထမင်းတော်တော်စားတယ်ရှိတာနဲ့ကျွေးလဲစားတယ် နို့လဲအရမ်းစို့တယ်သရေစာအရမ်းစားတယ် ထမင်းပုံမှန်စားနေရင်နို့ဖျတ်လို့ရပီလားသိချင်လို့ပါ
2025-02-23 23:29:07
5
user969896173754
Moe Moe :
အတူတူ၇လမစားဘူးဘယ်လိုလုပ်ရမလဲ
2025-02-25 10:52:07
1
clara76592
clara76592 :
သားလေးကသုံးနုစ်ထမင်းမစားဘူဘာလုပ်ရမလဲ့ဆရာမ
2025-04-24 16:26:31
0
panlaungland
Pan Laung Land :
@Aye Nyein
2025-02-26 03:25:29
0
saikhayhlaing8.8
🖤Jon.keven{阿亮}🖤 :
@Selina.naung
2025-02-27 18:17:51
1
eimonlsg5y9
👑Htar ThaKhin May :
🕎
2025-03-05 02:46:13
0
kat39912
แคท❤ :
1နှစ်နဲ၅လပါနိုးလဲမသောက်ထမင်းလဲမစားနေလဲခဏခဏမကောင်းမိခင်နိုးလဲမသောက်သလိုနို့ပုံလဲမသောက်ဘူအရမ်းရီကျပါတယ်မငိုသက်တဲခလေးကနေအရမ်းငိုပါတယ်
2025-03-25 16:21:22
0
hinnyu01
Pyae Sone Aung :
ကျနော့်သမီးက၂နှစ်နဲ့၅လပါ ထမင်းသိပ်မစားလို့ဗျ့
2025-03-27 02:59:44
0
phyo.lay5152
phyo lay :
သားသားကအစာစားတယ်မထွားဘူးကျန်းမာရေးလည်းကောင်းတယ်
2025-04-05 15:26:08
0
user9402454863681
Phyo Wai Aung :
ကျနောသမိးဆို နို့ဖြတ်ထားတာ၆လလောကိရှိပါပိ ထမင်းလဲ၃ ၄ ဇွန်းပဲစားပါတယ် ကြားထဲမာနို့ချင်တေ တိုက်ပါ တယ် နို့မုန့်မစိုလို့ပါ ဘာများကျွေးရမာပါလဲ သမိးက ၁နစ် ၈လပါ
2025-04-25 02:43:14
0
shwe.zin8012
Šĥwë žîñ💦 :
😊
2025-05-04 13:21:44
0
To see more videos from user @babyhealthtip12_, please go to the Tikwm homepage.

Other Videos


About