@minthu.11: နစက ဘက်က တန်ပြန်ချပြခဲ့တဲ့ စီးပွားရေးStrategy  ============== ကျားဖြန့်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က  သံတမန် နည်းလမ်းအရ ဖြေရှင်းနေချိန်မှာ စီးပွားရေးအရလည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် အတွက် မက်လုံးတစ်ခု ကို သမ္မတ ရှီနဲ့ အဆိုပြုခဲ့ကြတယ်ဆိုတဲ့ သတင်းလေး မှတ်မိကြဦးမယ် ထင်ပါတယ်။ တရုတ်နိုင်ငံက နေ လာအိုကို ဖြတ်ကျော်ပြီး၊ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ မလက္ကာရေလက်ကြားကို ဖြတ်ချမယ့် ဒီသတင်းဟာ အာဆီယံနိုင်ငံတွေ အကြား အတော်လေးလည်းဟော့ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ဘက်က ကြည့်ကြည့်၊ ဒီပင်လယ်ထွက်ပေါက်ဟာ တရုတ်အတွက် လုံးဝ ပြည့်စုံတဲ့ ထွက်ပေါက် တစ်ခု မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဓိက ကတော့ ထိုင်းဟာ လက်ရှိဖြစ်နေတဲ့ မြဝတီ ကျားဖြန့် အရေးမှာတင် အမေရိကန်ကိုရော၊ တရုတ်ကို ပါ မျှခြေကစားနေတာကို ကြည့်ရင် တရုတ်ဘက်က လုံးဝဥသုန် ယုံကြည်မယ့် ဟန် တော့ မရှိပါဘူး။ ----- ဒီကနေ့ နစက ချပြခဲ့တဲ့ စီးပွားရေး စီမံကိန်းတစ်ခုက ရက်ပိုင်းအတွင်း မြန်မြန် ဆန်ဆန် ပဲ ထွက်ပေါ်လို့လာတာတွေ့ရတယ်။ ပဥ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို နေပြည်တော်က ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ ရုရှားဘက်က စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး တွေ့ဆုံမှုအပြီးမှ စီမံကိန်း(၉)ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားတာပါ။  စီမံကိန်း(၉)ခုအထဲမှာမှ ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်တဲ့ သတင်းမှာ ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တစ်ခုနဲ့ ရေနံချက်စက်ရုံတစ်ခု အပါအဝင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက် ဖို့အတွက် မြန်မာနဲ့ရုရှား နှစ်နိုင်ငံကြား မှာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးလိုက်ပြီ ဆိုတာပါပဲ။ ---------- ဒီနေရာမှာ နစက ရဲ့ သံခင်းတမန်ခင်း ကစားတတ်ဖို့က  သိပ်အရေးကြီးပါတယ်။ အိန္ဒိယရဲ့အရှေ့ မျှော် မူဝါဒလည်း အကျုံးဝင်အောင် ၊ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် အတွက်လည်း အလေး ပေးသယောင်ယောင်ရှိအောင်၊ မိတ်ဆွေ မဟာမိတ်ဖြစ်တဲ့ ရုရှားလိုပဲ  ၃ နိုင်ငံ အကျိုးစီးပွား အပြိုင်ဖြစ်အောင် ကစားသင့်တယ်ဆိုတာ သတိပြု ရပါ့မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ထားဝယ်စီးပွားရေးဇုန်ရဲ့ အရေးပါအရာရောက်မှုနဲ့ ကြီးကျယ် ခမ်းနားမှုကို  နည်းမျိုးစုံနဲ့ ပိတ်ဆို့ကစားနေတဲ့ စင်ကာပူနဲ့ မလေးရှား တို့ကိုလည်း ကောင်းကောင်း ဒုက္ခ ပေးနိုင်မှာ ဖြစ်ပါတယ်။ ----------- Aden ပင်လယ်ကွေ့ရဲ့ ထိပ်မှာ ထီးထီးကြီးရှိနေတဲ့ Djibouti မှာ  အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ တရုတ်နဲ့ ဂျပန် ဆိုတဲ့ စစ်အခြေစိုက်စခန်းတွေ အပြိုင်ထားတဲ့ အခင်းအကျင်း မျိုးကို နစက အနေနဲ့ ပုံဖော်သင့်ပါတယ်။ ဒါကစီးပွားရေးအရလည်း ရေရှည်အပြိုင် ဖြစ်စေတဲ့ မက်လုံးဖြစ်သလို လုံခြုံရေးအပိုင်းမှာလည်း ကြိုတင် ကာကွယ်ပြီးသား ဖြစ်စေ မှာပါ။ ------ ယူဆချက်သာ မမှားဘူးဆိုရင်…မကြာတော့တဲ့ ဒီကာလအတွင်းမှာ ကြီးကြီးမားမား အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ရုရှား-မြန်မာ စီးပွားရေး ပုံရိပ်တွေလည်း ထပ်ပြီး မြင်တွေ့လာပါလိမ့်ဦးမယ်။ (နရီမိုး) Min Thu 24.2.2025

Min Thu
Min Thu
Open In TikTok:
Region: MM
Monday 24 February 2025 10:41:03 GMT
115829
4091
102
157

Music

Download

Comments

wai.wai0682
wai wai :
Good 🥰🥰🥰🥰🥰
2025-02-26 08:03:16
2
ba.hsan
Ba Hsan :
ok good.
2025-02-24 12:44:00
0
user8766868596808
user8766868596808 :
Good news
2025-02-24 10:52:56
0
sirnyein2
ဧည့်သည် :
Good
2025-02-25 14:42:27
0
bvmgghff
Aruto Senpai Goxia :
ဘယ်ခေါင်းဆောင် မဆို ကို့နိုင်ငံကို ကောင်းစေချင်ကြတာပါပဲ ဗျာ အခုက ပုဂ္ဂိုလ်စွဲတေပဲ ဖစ်နေတော့
2025-03-05 08:38:59
20
nanthitsar2510
💗Ever Bright Lady💗 :
သတင်သာအမှန်ဆို ထိုင်း/စင်္ကပူ /မလေး ကတော့အီစိမ့်နေမှာပဲ မြန်မာရေနက်ဆိပ်ကမ်းဖြစ်ရင် သူတို့နိုင်ငံတွေ GDPကျပြီးလေ😂
2025-02-25 02:31:28
125
ll.kha18
lonely21 :
အရှေ့အလယ်ပိုင်းမှမြန်မာပြည်ဆီသို့.ဆိုတဲ့စာအုပ်ဖတ်ဖူးတယ်.အဲဒီအထဲမှာ.ပထဝီနိုင်ငံရေးအရ.ဆိပ်ကမ်းရဲ့.အရေးပါမှုက.အတော်အံသြဖို့ကောင်းတယ်.စီးပွားရေးမှသည်.စစ်ရေးအထိတိုက်ရိုက်သွားတာတွေ့ရတယ်..
2025-03-05 04:56:59
21
1910tin1910
TT :
နိုင်ငံကို အခြားနိုင်ငံကို ရောင်းစား မလို့လား
2025-02-24 15:51:30
8
laelaewin9898
Lae✳ :
ဒီအစီအစဥ်မအောင်မြင်ဖို့ အမျိုးမျိုး ဖျက်ဆီးခံနေရတာ ကြာပြီမဟုတ်လား 😩
2025-03-02 05:51:00
25
to_mioka1
To Mioka✨ :
စင်ကပူကအဲ့ဒါကိုမဖြစ်စေချင်ဘူး 😏ဘာလုပ်မလဲစောင့်ကြည့်နေလိုက် အဲ့ကောင်တေတခူမဟုတ်တခူကြံအုန်းမှာ
2025-03-05 07:30:28
10
han29123
Han :
မြန်မာနိုင်ငံကြီးအမြန်ဆုံ ငြိမ်ချမ်းပီ အမြန်ဆုံတိုးတက်ချင်ပါပီ
2025-02-25 03:29:24
42
al.yar.yar.day
Al yar yar day :
ရုရှား နဲ့ မြန်မာ အုပ်ချုပ်သူ သာကောင်းလို့ကတော့ ပင်းပက် steel factory ပြီးတာ ကြာပြီပေါ့
2025-02-25 01:13:27
22
user623479768376
ကိုရီးမောင် :
လုပ်သင့်တာ်ဗျ ဒီအစီစဉ်ကအကောင်းဆုံးပါ စင်ကာပူ။မလေးရှား။ထိုင်းတို့မျက်ခုံးလှုပ်စေတဲ့ပရော့ဂျက်စိုတာဒါပါပဲ။ နောက်ထပ် ကျောက်ဖြူ။ဒလပါအဆင့်မြင့်လိုက်ရင် ။စလုံး။မလေး။ထိုင်းငိုရပြီ
2025-02-25 11:34:52
47
mama36741x
Twy :
ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ အလားအလာေကာင်းဖြစ်လာမယ်လို့ ေမျာ်လင့်တယ်
2025-02-25 08:36:53
9
umg105
umg :
တရုပ်စိတ်ဓာတ်ကတော့သနားလို့ပေးကိုင်အဝှာပါရန်ရှာမယ့်လူပါ၊သူနဲ့ပတ်သတ်ခဲ့တဲ့သူတွေအကုန်ခံစားနေကြရတဲ့သူတွေချည်းပါ။
2025-02-24 12:53:56
28
khantheinzan05
Khant Hein Zan :
စလုံးတရုပ်တွေမြန်မာတွေခံစားခဲ့ရသလိုအလှည့်ပြန်လာတော့မယ်❤️❤️❤️
2025-03-01 14:55:56
12
lu.o033
LU O :
တရုတ်ရုရှားအိန္ဒိယားသုံးနိုင်ငံလုံး ဘရစ် ထိပ်ပိုင်းဦးဆောင်သူတွေဖြစ်နေပီး မြန်မာကအနောက်အုပ်စုရဲ့ဒေါ်လာအပိတ်ဆို့ခံနဲ့ရပ်တည်နေရတဲ့အချက် ၃နိုင်ငံစလုံးနဲ့နီးစပ်တဲ့ဆက်ဆန်ရေးရှိတဲ့အချက်တွေလဲရှိသားပဲ
2025-02-25 12:11:13
12
aung.ko.hein459
Aung Ko Hein :
လုပ်သင့်တာကြာပီဗျာ ခေါင်လေးလဲသုံးသင်တယ် စလုံး နဲ့ မလေး ကစားတာကိုခံနေရတယ် စောက်သုံးကိုမကြ ကိုဟာတွေက ကျတော်သာ တတ်လုပ်လိုက်ချင်တယ်
2025-02-26 17:48:33
5
raul.sarum
Raul :
မြန်မာနဲ့ထိုင်းပေါင်းပြီး ဆူးအက် လို တူးမြောင်းတစ်ခုလုပ်လိုက်လို့ကတော့ .. မာလကာ လစ်ပြီထင်တယ် ..
2025-03-05 16:07:37
0
dane20036
🈴🆒7️⃣ :
ဘာဖစ်စ် အရေးအကြီးဆုံး ငါတို့ တိုးတက်ဖို့လိုနေတယ် ပီးတော့ ငြိမ်းချမ်းဖို့
2025-03-05 17:57:31
4
zhangbifu4
Justice :
ထားဝယ်စီမံကိန်းက2012ကတည်းကထိုင်းကလုပ်ခဲ့ပါသေးတယ် အဲ့တုန်းကမအောင်မြင်ခဲ့ပါဘူး အနောက်နိုင်ငံနဲ့စကာပူတို့ကအဲ့ကပြည်သူလူထုကိုလှည့်ကွက်ကစားလိုက်တော့ အဲ့စီမံကန်းပျက်သွားတယ်😂
2025-03-05 05:31:27
4
user1186119013457
တချိန်ကအညတရ :
မြန်မာပြည်သူပြည်သားများအတွက်ကောင်းခြင်မဂ်လာဖြစ်ပါစေ
2025-03-05 08:50:15
3
khethtoo
khethtoo :
ရခိုင်ဘက်ကတော့ လုံးဝ မလုပ်ပါနဲ့တော့
2025-02-26 08:33:01
3
minmin16555142729
Min Min :
သတင်းကြားရမြင်ရတာ ပီတိဖြစ်တယ်ဗျို့ နိုင်ငံတိုးတက်ဖို့ လုပ်ပေးနိုင်ရင် အရာအားလုံးငြိမ်သွားမယ်🥰 🥰🥰
2025-03-04 14:54:57
4
nan.mya.nwe
Nan Mya Nwe :
သတင်းကောင်းလေးတွေတဖြေးဖြေးနဲ့ကြားရလာပြီး..မြန်မာပြည်
2025-02-26 04:49:46
4
To see more videos from user @minthu.11, please go to the Tikwm homepage.

Other Videos


About