@zwelpyay: နှလုံးအိမ်မှာ Drama တွေကို အဝင်မခံတော့တဲ့နေ့ကစလို့ ကိုယ့်ကမ္ဘာဟာ ပန်းတွေပွင့်လာခဲ့တော့တယ် ။ သူက ငါ့ကို နာကျင်စေတာလို့ မတွေးတော့ပဲ ငါကိုယ်တိုင်က ခွင့်ပြုနေလို့ဆိုတာကို သိခဲ့တော့ ထပ်မနာကျင်စေဖို့ ကိုယ်တိုင် စောင့်ရှောက်ခဲ့တယ် ။ ငါ့ကျမှ ဖောက်ပြန်ခံရတယ်ဆိုပြီး ငိုမိတဲ့နေ့က နယ်ပယ်အသီးသီးက အအောင်မြင်ဆုံး ၊ အလှဆုံး ၊ အထက်မြက်ဆုံးသူတွေလည်း ငါ့လိုဖောက်ပြန်ခံရတာပဲလို့ တွေးလိုက်တဲ့အခါ ဖောက်ပြန်ခံရခြင်းဟာ ကိုယ့်ကြောင့်မဟုတ်ဘူးလို့ သိလာခဲ့တယ် ။ သူ့စိတ်နဲ့သူကိုယ် သူနေချင်တဲ့သူကို ရွေးချယ်တာပဲလို့ နားလည်ပြီး … သူ့စိတ်ကို ထန်းချုပ်ချင်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အနေထိုင်တတ်ဖို့ သင်ယူဖြစ်တော့တယ် ။ ပင်ပန်းဆင်းရဲ လိုက်တာလို့တွေးပြီး စိတ်ဓာတ်ကျမိတိုင်း ကိုယ့်ထက် ဆိုးတဲ့ဘဝမှာ ကျင်လည်နေရတဲ့သူတွေ ထောင်သောင်းမကရှိနေတာကို ကြည့်ပြီး လိပ်ပြာမလုံဖြစ်လာမိတယ် ။ ကိုယ့်ရဲ့ မဖြစ်စလောက် နာကျင်ဆုံးရှုံးမှုလေးကို Trauma လို့ ခေါင်းစဉ်တပ်ပြီး Drama ခင်းရမှာ ရှက်ပါတယ် ၊၊ ငါ့မို့လို ၊ ငါ့ကြောင့် ဆိုတဲ့ စိတ်ကို ဖျောက်ပြီး လူတိုင်း ကြုံးဖူးတာပဲလို့ တွေးလိုက်တော့ Drama ခင်းဖို့ မတွေးမိတော့ဘူး ။ ငါက နစ်နာသူပါ ၊ ငါကခံရသူပါလို့ Victim လုပ်နေတာထက် ငါကသန်မာတယ် ၊ ငါက ရပ်တည်နိုင်တယ်ဆိုတဲ့ စိတ်ထားတာက ပိုအမြော်မြင်ရှိတဲ့ အတွေးခေါ်ဆိုတာ သိလာတယ် ။ ဒီဘက်ခေတ်မှာ လူတွေရဲ့ ပင်ကိုယ်စရိုက်က ရက်စက်တတ်ပြီး ဖောက်လွဲဖောက်ပြန်လုပ်တတ်ကြတယ် ၊၊ မျက်စိနဲ့ မမြင်နိုင်တဲ့ သစ္စာတရားကို အလေးမထားကြတော့ပဲ ရုပ်ဝတ္ထုတွေနောက်လိုက်ကြတဲ့ အပြစ်သားတွေများလာတယ် ။ ဒီလိုကမ္ဘာကြီးမှာ နာစရာရှိတိုင်း ငိုတတ်နေရင် ဘယ်တောခါမှ မအေးချမ်းရတော့ဘူး ဆိုတာ နားလည်တတ်လာတော့ အရာရာကို ပေါ့ပေါ့ပါးပါး လက်ခံနိုင်လာတယ် ။ Drama တွေနည်းလာတော့ အမုန်းတရားတွေ မရှိတော့ဘူး ၊ ခွင့်မလွှတ်နိုင်တာတွေ မရှိတော့ဘူး ၊ ငိုစရာတွေ မကျန်တော့ဘူး ။ ဘဝထဲက နာစရာအတော်များများဟာ ကိုယ်က Victim role နဲ့ Drama ခင်းနေလို့ဆိုတာ သိတဲ့နေ့မှာ ဘာပဲကြုံရရ " Don’t do drama " လို့ ကိုယ့်ကိုကိုယ် ဦးစွာပြန်ပြောပြီး ခပ်တင်းတင်းကျော်ဖြတ်လာခဲ့တယ် ။ ပြဿနာချင်း အခက်ခဲချင်း အတူတူ Drama Zone ထဲကနေ မရှုမြင်ပဲ ရင်ဘတ်ကို ကျယ်ကျယ်ထားပြီး ဆင်ခြင်ကြည့်တဲ့အခါ ပိုပြီးသက်သာမှာပါ ။ ဘဝမှာ ပိုပျော်နိုင်တဲ့သူက Drama ကင်းတဲ့သူတွေပဲ ။ Drama ကြိုက်တဲ့သူက ဘယ်တောမှ မလွတ်မြောက်တော့ဘူး အမြဲလောင်နေရတော့တာလေ ။ -#crd✅✅✅ Thar Htwe -

A🌱
A🌱
Open In TikTok:
Region: MM
Monday 03 March 2025 09:16:09 GMT
36658
1958
27
99

Music

Download

Comments

user615087
THIRI & K2🥰 :
that is true😌
2025-03-03 14:06:58
1
user5821060955
chitlay :
မှန်တယ်နော်🥰🥰🥰
2025-03-03 09:48:41
2
maysanmyint_ssm
SSM :
အေးချမ်းဘို့အတွက်အထောက်ကူဖြစ်ပါတယ်
2025-03-04 07:37:57
1
su.myat1646
(🦁)Su Myat Layy... :
အာ့တာ တကယ်ဗျ🙂...
2025-03-04 07:26:04
1
hsumon133455
Hsu Mon Tun :
🥰🥰🥰ကေျးဇူးပါ
2025-03-04 05:03:05
1
thein.nwet01
Thein Nwet :
အမှန်ဘဲနော် Drama တွေအဝင်မခံနိုင်အောင်နေတတ်ဖို့ကြိုးစားတော့မယ် ကျေးဇူးပါ🥰🥰🥰
2025-03-04 03:45:34
1
thitthitoo96
Thit Thit Tun(single mom) :
ကိုယ့် အတွက် motiလေး🥰🥰💪💪💪
2025-03-03 22:54:36
1
khin.lay.khin.lay05
Khin Lay Khin Lay :
ဟုတ်တယ်
2025-03-03 22:15:54
1
amikhaing25
MÕÂŃÄ :
တကယ်နော်.Dramaတေအဝင်မခံတော့ထဲက ကိုယ့်မှာအေးချမ်းနေရော🤭
2025-03-03 19:01:05
1
aye.nwe502
Aye Nwe :
ကြိုးစားစဲပေါ့
2025-03-03 15:07:33
1
mobile8212
ma ma :
🥰🥰🥰🥰🥰ဟုတ်တယ်နော်
2025-03-03 14:51:01
1
maryartin48
နင့်ထက်ငါပိုမုန်းတယ် :
အရမ်းမှန်
2025-03-03 14:34:10
1
myatmyatsoe746
💙 Myat 💙 :
တကယ်တော့ ကိုယ်တိုင်ကခွင့်ပြုထားလို့ နာကျင်နေရတာပါ
2025-03-03 14:30:10
1
moethandaraung694
Moe Thandar Aung💛 :
အရမ်းမှန်တာပဲ👍👍👍🥰
2025-03-03 14:08:16
1
aye.myat.kyu662
Aye Myat Kyu :
မှန်လိုက်တာနော်
2025-03-03 10:23:17
1
coffeelove7302
coffee***love :
ပြန်မဆုံနိုင်တာသေချာပေမဲ့နာကျင်စွာနဲ့💝နေဆဲပါSdရယ်
2025-03-04 14:18:59
0
toetetpyaesone1983
Aung Yay Chan Bhone :
🥰🥰🥰
2025-03-04 07:46:13
1
thapopo37
🪻☘️🪻🍀 :
👍👍👍👍
2025-03-04 05:03:14
1
.h.t.d
@.H.T.D 🌻 :
👍👍👍💚
2025-03-04 00:32:33
1
snow4664
snow :
😭😭😭😭😭😭😭
2025-03-03 23:04:54
1
To see more videos from user @zwelpyay, please go to the Tikwm homepage.

Other Videos


About