@unanda962: ##ဓာရဏပရိတ်တော် #ပါဠိတော်နှင့်_နိဿျမြန်မာပြန် _____________________________ ''ဓာရဏပရိတ် အညွှန်း'' ■ ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓရှင်တော်ဘုရားကို အန္တရာယ် မပြုနိုင်သော ဂုဏ်တော် ၄-ပါး၊ အာဝေနိက ဂုဏ်တော် ၁၈-ပါးကို ဖေါ်ပြထားပါသည်။ ဤဂုဏ်တော်များသည် မြတ်စွာဘုရားရှင်တို့၏ သီးခြား ကိုယ်ပိုင်ဂုဏ်တော်များ ဖြစ်ကြပါသည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်တော်မျိုးမရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌သော်မှ ဤဂုဏ်သတ္တိမျိုးမရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရားရှင်တို့၏ အာဝေဏိကဂုဏ်တော်တို့ကို ချီးကျူးပူဇော်ခြင်းပင် ဖြစ်သည်။ ကောင်းမြတ်သော စေတနာဖြင့် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင်ကြပါသည်။ အ,ကာလမရဏဆိုသည်မှာ သူတစ်ပါးလက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ တိရိစ္ဆာန် များကိုက်ခဲ၍ သေရခြင်း၊ ချောက်ကမ်းပါးမှကျ ၍ သေရခြင်း၊ ကားမှောက်၍ သေရခြင်းစသည် ဥပစ္ဆေဒက ကံကြောင့်မသေရ မသေနိုင်ခြင်းကိုဆိုလိုပါသည်။ သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာဖြစ်သည်။ အ,ကာလမရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒကကံကြောင့် မသေရ မသေနိုင်ခြင်းကို ဆိုလိုသည်။ မူရင်းရေးသားတင်စက်သူများကို လေးစားစွာဖြင့် Credit ပေးပါသည် 📖 မေတ္တာဖြင့်...
UNandamarlar(Singu){969}
Region: MM
Tuesday 08 April 2025 01:10:37 GMT
Music
Download
Comments
Pan Pan :
ဓာရဏပရိတ်ကတကယ်ကိုအကျိုးထူးပါတယ်လက်တွေ့ပါ
ကားမှောက်တာ ကားပေါ်မှာခုနှစ်ယောက်ပါတယ်ကျန်တဲ့သူတွေအကုန်ဒဏ်ရာရတယ်ကားဆရာ ေသတယ်ကိုယ်တစ်ယောက်ထဲပွန်းရာပဲ့ရာတောင်မဖြစ်ဘူး
2025-11-03 23:57:44
2
AungKaungSan :
ဘုရားတရားသံဃာကို
ယုံကြည်ဆည်းကပ် ကိုးကွယ်ပါ၏
2025-11-24 07:22:20
1
WiLLiam :
ကျေးဇူးပါ ဦးဇင်း
2025-04-08 01:30:10
1
Myoe Win Htut :
🥰
2025-10-20 13:31:12
1
🌞 Nwai 🌞 :
🥰
2025-08-14 14:17:35
1
May U Khay :
🥰🥰🥰
2025-04-08 01:17:06
1
Zaw Zaw :
🥺
2025-10-13 11:26:50
0
Zin Mar Aye :
🙏
2025-06-24 12:40:47
0
Saw Lay :
🥰
2025-08-12 14:29:41
0
456@kkmaung :
☺
2025-08-01 07:25:41
0
Julia Julia :
🥰
2025-07-31 16:31:03
0
Yu Ya Wai :
😳
2025-07-13 03:21:52
0
dawhtar334 :
😁
2025-08-06 12:59:31
0
Hsu nattawat :
♥️
2025-06-02 01:23:46
0
La Won May :
😁
2025-06-01 23:00:11
0
Shoon Shoon🌼🩷 :
🥰
2025-11-20 15:46:46
0
To see more videos from user @unanda962, please go to the Tikwm
homepage.