@soeangel1: ပုဂံမြို့ မြင်းကပါရွာ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော မြစေတီ ကျောက်စာတိုက်။ မြစေတီ ကျောက်စာဟု လူအများသိသော ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သည့် ပုဂံခေတ် ကျောက်စာကို ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်း (Memory of The World Register) သွင်းပြီးဖြစ်ပါတယ်။ ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်ဆိုသည့် ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ သည် မြန်မာ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစာပေ များနှင့် ပတ်သက်ပြီး အထူးအရေးပါသည့် အထောက်အထား တခု ဖြစ်သည်။ ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ မြစေတီ ကျောက်စာကို ဂူပြောက်ကြီး ကျောက်စာ ဟုလည်း ခေါ်ဆိုကြသည်။ မြစေတီ ကျောက်စာတိုင် ၂ ခုရှိသည်။ ပုဂံပြတိုက်တွင် တခု ရှိ၍ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော ကျောက်စာ တိုင် တခုတို့ ဖြစ်သည်။ ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊ မြန်မာစာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်း ရေးထိုး ထားသည်။ ယင်း ကျောက်စာတိုင်ကို အစိုးရ တွဲဖက်ကျောက်စာဝန် ပါဠိ ပါမောက္ခ ဂျာမန် ပညာရှင် ဒေါက်တာ ဖိုရှမ်းမား ဆိုသူက စတင် ၍ မြစေတီ ခြေရင်း၌ ကပ်လျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။ မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ မတ်ရပ် လေးထောင့် ကျောက်တိုင် ဖြစ်ပြီး ကျောက်စာ မျက်နှာပြင် နှစ်ဘက်သည် ပိုမို ကျယ်ပြန့်သည်။ ကျန် ၂ ဘက်မှာ ကျဉ်းသည်။ အကျယ်ဘက် ၂ ဘက်သည် ၁ ပေ ၈ လက်မခန့်ရှိပြီး အကျဉ်းဘက်၌ ၁၀ လက်မခွဲမှ ၁၂ လက်မ အထိရှိကြောင်း၊ အကျယ် မျက်နှာပြင်ဘက်၌ စာမျက်နှာပြင် အမြင့် ၄ ပေ ၄ လက်မခန့်ရှိပြီး ၁ ပေ ၇ လက်မခွဲ အကျယ်ရှိကြောင်း၊ ပါဠိ စာကြောင်းရေ ၄၀ ၊ မြန်မာစာကြောင်းရေ ၃၄ ၊ မွန် စာကြောင်းရေ ၄၆ နှင့် ပျူ စာကြောင်းရေ ၂၉ ရှိကြောင်း မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ ဂူပြောက်ကြီးဘုရား လိုဏ်ဂူ အတွင်း၌ သုံးပိုင်း ကျိုးပြတ် နေသည်ကို စတင်တွေ့ရှိရခြင်း ဖြစ်သည်ဟုလည်း မှတ်တမ်းများက ဆိုသည်။ ကျန်စစ်သားမင်း နတ်ရွာစံပြီး တနှစ်ခန့်အကြာ သက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးသည်ဟု ယူဆရသည့် အဆိုပါ ကျောက်စာတွင် သားတော်ဖြစ်သူ ရာဇကုမာရ် မင်းသားသည် ထီးနန်းစည်းစိမ်ကို မရရှိခဲ့သော်လည်း မိဘဂုဏ်ကျေးဇူးကို ရည်စူးသည့် သားကောင်း ရတနာဖြစ်ကြောင်း ရေးထိုးထားခြင်း ဖြစ်သည်။ မြစေတီ ကျောက်စာကို လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ဘလက်ဒင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြစေတီ ကျောက်စာသာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က အသိအမှတ်ပြုထားပါသည်။ #မြစေတီကျောက်စာ #myazedi #stoneinscription #Bagan #မြန်မာ့ယဉ်ကျေးမှု #soeangel #myanmartiktok🇲🇲🇲🇲 #fyp #trending Myazedi #Inscription

Soe Angel
Soe Angel
Open In TikTok:
Region: MM
Saturday 19 April 2025 04:20:12 GMT
64414
6938
247
159

Music

Download

Comments

user7959145300880
နတ်မောက်ရွာသား :
ဦးနေဝင်းကသူတစ်ယောက်ထဲ့သဘောနဲ့ကျောင်းစာအုပ်ထဲ့မှာသင်ရတာကိုအမှန်ထင်းနေကျတာအဲဒီထက်စောတဲ့ကျောက်စာတွေအများရှိပါတယ်
2025-04-19 09:34:16
8
naijondana
naijondana :
မွန်ကျောက်စာ🥰🥰
2025-04-21 15:21:31
4
youlose5508
ဗညာသဳဿသဳ :
ဘာသာ၄မျိုး အက္ခရ်နှစ်မျိုးဖြစ်သည် ပျူနဲမွန်ပဲ ဗမာအက္ခရ်နဲပဠိ မွန်အက္ခရ်နဲရေးတယ်
2025-04-20 10:15:25
13
mon.1300s
☆𝖒𝖔𝖓☆¹³⁰⁰𝖘 :
🗿ဨၝၜ
2025-04-20 14:12:02
4
may.thingyan.cher
May Thingyan Cherry Cho :
အဲထက်စောတဲ့စာရှိသေးတယ်ရှာပေးပါ
2025-04-19 08:01:09
7
alinkar0148
အလင်္ကာ :
အဲ့ထက်စောတဲ့ ကျောက်စာတွေ ရှိပါတယ်ဟ သေချာလေ့လာပြီးမှ တင်သင့်တယ်🙂
2025-04-21 01:11:25
3
ro.ro.ro179
Naing Min :
လူတချို့က ၀န်မခံဘူ ဟိုပတ် ဒီပတ်ပဲ😂😂😂😂
2025-04-23 06:46:07
0
zawgyi1707
zawgyi1707 :
ကျေးဇူပါ ညီမ💕💕💕
2025-06-05 15:15:32
1
aung.kyaw.hein457
Aung Kyaw Hein :
ငယ်ငယ်က ကျောင်းစာအုပ်ထဲမှာ ရာဇကုမာရ် ကျောက်စာလို့ သင်ခဲ့ရတယ်
2025-04-19 04:57:23
1
kaung.kaung8345
Kaung Kaung :
ဒို့နိုင်ငံမှာ ဒီလိုခေလးေတွရှိတ.ာ ဂုဏ်ယူစရာပါ
2025-05-04 04:25:56
2
chawchaw8884
We Love Myanmar🇲🇲 :
ဘာတင်တင်commentဝင်ဖတ်တဲ့ကျမလိုလူကရှိကိုရှိတာနော်🤭🥰❤
2025-04-19 09:01:16
2
p.p.k140
PHYU PHYU :
တော်လိုက်တဲ့သမီးလေး
2025-05-16 13:17:08
1
raw.raw28
ช่าน ช่าน :
ပအိုပ္စာ
2025-04-24 15:29:57
1
showshar
showshar :
ကြိုက်
2025-04-19 06:17:26
1
thuzaraye1992
🩵Thuzar Aye🩵 :
ညီမလေး တိုင်းရင်းသူလား မြန်မာစကားသံလေးက နားထောင်ရတာ တစ်မျိုးလေးမို့
2025-04-25 15:34:15
1
zawwiath
ဇော်၀င်းထွန်း :
Thanks
2025-06-29 12:21:06
1
user3676195150509
ဝေ့ရည် ဝေ့ရည် :
သထုံမြို့ရွှေစာရံဘုရားမှာကျောက်စာတွေအများကြီးရှိပါတယ်ညီမလေး
2025-05-26 10:39:59
1
mobileconnect505
အလင်းရောင် :
တော်ပါပေ၏ လေးစားပါ၏ သမီးလေး သာဓု သာဓု သာဓုပါ
2025-06-29 05:11:24
1
itnetsoefamily
Soe Family (iTNet) :
အော်ကျက်ခဲ့ဖူးတဲ့ကျောက်စာ🤣
2025-04-19 06:15:18
1
kotoegyi74
ko toe gyi :
fb မှာတင်ပေးပါ ညီမလေးရေ😘😘😘
2025-04-19 06:11:49
1
aksjdjdjd7
ကိုအောင် ခ ကိုမင်း :
ပထမဆုံးကျောက်စာပါ မွန်ကျောက်စာ ဘယ်မှာလဲတော့မသိဘူး😁😁
2025-06-05 02:19:32
0
putu1110
မမပုတု🌸🌿 :
အစောဆုံကျောက်စာမဟုတ်ပါဘူး ကောင်မလေးရေ အခုလိုအမှားတွေမဖြန့်ပါနဲ့
2026-02-11 05:01:43
0
burmeseruby5myanmar5
Burmese Ruby :
စိတ်ညစ်တယ်၊
2026-03-14 15:40:03
0
7768.may
7768.may :
ပျူပါ😳😳
2025-04-20 00:15:35
0
To see more videos from user @soeangel1, please go to the Tikwm homepage.

Other Videos

То́ни Кро́ос[I] (нем. Toni Kroos, немецкое произношение: [ˈtoːni ˈkʁoːs]; 4 января 1990, Грайфсвальд, Росток, ГДР) — немецкий футболист, выступавший на позиции центрального полузащитника. Выступал за национальную сборную Германии. Чемпион мира 2014 года, шестикратный победитель Лиги чемпионов УЕФА (2012/13, 2015/16, 2016/17, 2017/18, 2021/22, 2023/24). Второй самый титулованный немецкий футболист в истории — 34 трофея (первый — Томас Мюллер, 35)[4]. Кроос является первым в истории шестикратным победителем Клубного чемпионата мира (2013, 2014, 2016, 2017, 2018, 2022)[5] и пятикратным обладателем Суперкубка УЕФА (2013, 2014, 2016, 2017, 2022)[6]. Также Кроос три раза выиграл Бундеслигу (2008, 2012/13, 2013/14), один раз Суперкубок Германии (2012), три раза Кубок Германии (2008, 2013, 2014). В испанских турнирах он выиграл: четыре Ла Лиги (2017, 2020, 2022, 2024), четыре Суперкубка (2017, 2020, 2022, 2024) и один Кубок Испании (2022/23).
То́ни Кро́ос[I] (нем. Toni Kroos, немецкое произношение: [ˈtoːni ˈkʁoːs]; 4 января 1990, Грайфсвальд, Росток, ГДР) — немецкий футболист, выступавший на позиции центрального полузащитника. Выступал за национальную сборную Германии. Чемпион мира 2014 года, шестикратный победитель Лиги чемпионов УЕФА (2012/13, 2015/16, 2016/17, 2017/18, 2021/22, 2023/24). Второй самый титулованный немецкий футболист в истории — 34 трофея (первый — Томас Мюллер, 35)[4]. Кроос является первым в истории шестикратным победителем Клубного чемпионата мира (2013, 2014, 2016, 2017, 2018, 2022)[5] и пятикратным обладателем Суперкубка УЕФА (2013, 2014, 2016, 2017, 2022)[6]. Также Кроос три раза выиграл Бундеслигу (2008, 2012/13, 2013/14), один раз Суперкубок Германии (2012), три раза Кубок Германии (2008, 2013, 2014). В испанских турнирах он выиграл: четыре Ла Лиги (2017, 2020, 2022, 2024), четыре Суперкубка (2017, 2020, 2022, 2024) и один Кубок Испании (2022/23).

About