@unainglawki: ရာဇာဖွားဟောကိန်း စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲတွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။ လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန်ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်းသာမှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါ။ မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာရှိနေတတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ်မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန်လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလို သူများတွေ မလုပ်နိုင်သော လက်လျှော့ထားသော အလုပ်တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။ မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကားမလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့်ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။ ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြုံကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့်မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်၊ ရှေးရိုးဆန်သည်။ ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့် သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။ စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။ မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင်မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီးမှယူသင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။ မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိတစ်ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်းနိုင်ကြပါ။ မိန်းမ တွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်၊၊ ။ #ဗေဒင် #မဟာဘုတ်ပညာ #လောကီဆရာ

ဦးနိူင်(လောကီပညာ)
ဦးနိူင်(လောကီပညာ)
Open In TikTok:
Region: JP
Monday 28 April 2025 08:51:38 GMT
183019
2800
73
194

Music

Download

Comments

peacockmalay1
December :
အဖွားက ဘယ်လိုတွက်ရတာလဲ
2025-06-01 09:58:01
0
yannaingyannaing436
[email protected] :
ရာဇဖွားအဟောလေးဟောပြပေးပါလား
2025-06-01 04:07:35
0
user935734059870
user935734059870 :
သိုက်ဖွားလေးပြောပြပေးပါလား
2025-06-02 09:21:16
0
darliseinwin
💎🍀✨Dar Li Sein Win✨💎🍀 :
ရာဇဖွားအင်္ဂါပါ
2025-05-05 12:57:38
8
pandah998
Else cydra 🖤 :
ရာဇ ဖွား စနေ 🥰
2025-05-05 06:05:11
5
roserose1631
🔒❤️Daw Mar Lar ❤️ 🔒 :
ဘဂ် အဘ လေး 🥰
2025-06-07 17:10:01
0
htwelay1892001
🍀HȚŴĖ🌸 :
အလွန်မှန်ပါတယ်ရှင့်
2025-05-31 13:14:04
0
phyo9325
🍒LaYaungPhyo🍒 :
ရာဇာဖွား ဗုဒ္ဓဟူးပါ
2025-06-01 15:08:58
1
htar.htar.814
Htar Htar 814 :
ရာဇဖွား🥰
2025-07-02 00:12:00
0
kokyawthu.kkt
KThu K Y T :
စနေသား အဓိပတိဖွားလေး သိချင်လို့ပါ
2025-07-08 12:09:43
0
orchids263
orchid's :
1347သောကြာသားပါဆရာဘာဖွားလည်းမသိလို့ပါ
2025-06-14 05:50:38
0
ei.ei.htet384
Ei Ei Htet :
မှန်နေရောပဲ ရာဇဖွား တနဂ်နွေသမီးပါ ၃၃နှစ်
2025-06-04 13:00:25
0
kaunglay41439
သဣယ်ကျင်းသားလေး :
၁၃၅၆ခု တပေါင်းလဆန်း ၁၂ရက်ဆိုတော ဘာနေ့ ဖွာလဲ သိချင်လိုပ
2025-07-20 08:10:03
0
myathithar6
ကိုကိုချစ်ဇနီးလေ :
ရာဇဖွားကြာသပတေးပါ
2025-05-31 05:14:46
0
aungwin1178
မလတ် :
မှန်ပါ့
2025-06-04 10:48:46
0
khinmarthin22
👸🇲🇲Khin Mar Thin🇯🇵👸 :
မှန်ကန်သော🥰
2025-06-03 07:27:24
1
myominmyomin352
631မျိုးကြီးကအချစ်ကြီးတယ်နော် :
အဓိပတိ
2025-05-06 03:42:55
1
mai.lay635
Mai lay :
ရာဇဖွား ဗုဒ္ဓဟူး 🥰😊
2025-05-10 10:55:13
0
may.myat.cho7
Rosemary :
ရာဇဖွား😊
2025-05-30 14:47:00
0
user124118061
phyo phyo :
အကုန်မှန်
2025-06-02 12:24:40
0
daw.san.myint.maw
daw san myint maw 123 :
ဘာမှကိုမလွဲပါရှင် 🥰
2025-05-27 13:59:22
0
chicho2763
chicho :
ရာဇဖွားတနလာ်🥰🥰🥰
2025-05-07 04:17:26
0
user20255880491022
May lay :
ဘဂ်ဖွားပါြကာသပေတးနံပါ
2025-05-24 01:11:15
0
godhvbj
yyhfy566 :
ပုတိဖွားပေမယ့် ခုဟာနဲ့ကျမှ ပိုပြီးကွက်တိဖြစ်နေတယ်
2025-05-16 10:48:35
0
kopyaesone789
Ko Pyae Sone :
ကြာသာပတေး ရာဇပါ
2025-05-08 14:05:13
0
To see more videos from user @unainglawki, please go to the Tikwm homepage.

Other Videos


About