@lawkisayar.mm: ဘုမ္မိ ဆိုသည်မှာ ပါဠိလို ဘုမ္မိ သည် မြေကြီး ဟု အဓိပ္ပာယ် ထွက်သည်။ မိမိရောက်ဆဲ အသက် ကို ( ၈) ခုနှင့်စားလျှင် ( ၄) ခု ကြွင်းသောနှစ် ၊ တစ် နည်း အားဖြင့် ဂြိုဟ် ( ၈) ခွင်တွင် မိမိမွေးနံရှိရာမှ ( ၄) ခွင် မြောက်တွင် သက်ရောက် နေသော သို့မဟုတ် ဂြိုဟ် စားနေသောနှစ်ကို ဘုမ္မိ ကျသောနှစ်ဟု ခေါ် သည်။ မြန်မာ ရိုးရာဗေဒင်အယူအဆတွင် ဘုမ္မိသည် လူသေများမြှုတ်နှံရာ သင်္ချိုင်း၊ တစ်နည်းအားဖြင့် မကောင်းသောအညစ်အကျေးများ စွန့်ပစ်ရာ နေရာ ဟု ယူဆထားကြပြီး ဘုမ္မိ သို့ ကျရောက်လျှင် အလွန်ကံညံ့သည်ဟု ဆိုရိုးရှိကြသည်။ ဘုမ္မိ နှင့်ပတ်သက်၍ ၃မျိုးရှိသည်။ ၁။ ဘုမ္မိ ၂။ ဘုမ္မိ လေး ၃။ ဘုမ္မိ ကြီး ဟူ၍ဖြစ်သည်။ ၂။ ဘုမ္မိ လေး ဘုမ္မိ လေးဆိုသည်မှာ မိမိရောက်ဆဲ အသက်ကို ( ၈) နှင့် စားလျှင် ( ၇) ကြွင်းသောနှစ် ၊ တစ်နည်းအားဖြင့် ဂြိုဟ် ( ၈) ခွင်တွင် မွေးနံရှိရာမှ ( ၇) ခွင် မြောက် တွင် သက်ရောက် သို့မဟုတ် သက္ခတ်နေသောနှစ်ကို ဘုမ္မိ လေးကျသောနှစ်ဟု ခေါ်သည်။ ၃။ ဘုမ္မိ ကြီး ဘုမ္မိ ကြီး ဆိုသည်မှာ မိမိရောက်ဆဲ အသက်သည် ဂြိုဟ် ( ၈) ခွင် တွင် မွေးနံရှိရာမှ ( ၄) ခွင်မြောက်တွင် ဂြိုဟ် အိပ် သို့မဟုတ် ဂြိုလ် စားနေပြီး မွေးနံရှိရာမှ ( ၇) ခွင်မြောက်တွင် သက်ရောက် သို့မဟုတ် သက္ခတ်နေသောနှစ်ကို ဘုမ္မိ ကြီးကျသောနှစ်ကိုခေါ်သည်။ ဘုမ္မိ ( ၃) မျိုး ထဲတွင် ဘုမ္မိ ကြီး သည် အလွန်ဆိုးပါတယ် ၊ ဘုမ္မိ ကျသောဂြိုဟ်သည် ။ - ရုတ်တရက် သေဆုံး တတ် သည်။ - ရာထူးဌာနန္တရ ပျက်ဆီးတတ်သည်။ - စီးပွားဥစ္စာ ပျက်ပြုန်းတတ်သည်။ - မိသားစုနဲ့ ဆွေမျိုး ညာတိ ပျက်စီး တတ်သည်။ - ရုတ်တရက် အိုးအိမ်အဆောက်အဦးများ ပျက်စီးဆုံရှုံးတတ်သည်။ ထိုကြောင့် ဘုမ္မိ ကြီး ကျသောနှစ်များတွင် ကံသုံးပါးကိုလုံအောင်ထိမ်း ရတနာသုံးပါး မိဘဆရာ ကျေးဇူးရှင်တွေကို ဦးခိုက်ပူဇော်ဖို့သတိမမေ့ကြပါနဲ့။ သူတော်ကောင်းစိတ် မွေးသူများ ဆိုရင်တော့ ဘုမ္မိစက်ကွင်း မိသည့်တိုင်အောင် အနေအထိုင်၊အသွားအလာ အစားအသောက်၊ အလုပ် အကိုင်တို့တွင် အစစအရာရာ သတိတရားထားရှိပြီး ရတနာ (၃)ပါးကို မပြတ် ကိုးကွယ့်ဆည်းကပ်၍ ကုသိုလ် စရဏ တရားများများအားထုပ်ခြင်းစသော အလုပ်များပြုလုပ်သင့်ပေသည်။ နောက်ထပ် အရေးကြီးတာက ပရိဝါရ၊ အာယု အရပ်မျက်နှာ ရေတွက်ခြင်းပါပဲ။ မွေးနံတိုင်းမှာ ကိုယ်ပိုင် ၁။ ပရိဝါရ ၂။ အာယု ၃။ နာဂရ ၄။ ဘုမမြိ ၅။ ဂဟပတိ ၆။ တေဇ ၇။ ဌာန ၈။ သိရီ ဟု အရပ်ရှစ်မျက်နှာအလိုက် သတ်မှတ်ချက် ရှိပါတယ်။ ပရိဝါရ အခြွေအရံ၊ အာယု အသက်၊ နာဂရ မြို့ပြအရပ်ဒေသ၊ ဘုမ္မိ အညစ်အကြေးစွန့်ရာမြေ၊ ဂဟပတိ စီးပွားပစ္စည်းဥစ္စာ၊ တေဇ ဘုန်းတန်ခိုး၊ ဌာန စွဲမြဲရာဌာန၊ သိရီ ကျက်သရေမင်္ဂလာ စသည်ဖြင့် ရှိသည်။ အရေးကြီးဆုံးနဲ့သတိထားရမယ့် အရပ်ဒေသကတော့ ဘုမ္မိပါပဲ။ ဘုမ္မိဆိုတာ အညစ်အကြေး စွန့်ရာမြေ တနည်းအားဖြင့် သင်္ချိုင်းလို့သတ်မှတ်ထားပါတယ်။ မွေးနံကနေ စရေတွက်ရင် လေးခွင်မြောက်ဟာ ဘုမ္မိကျပါသည်။ လူတစ်ယောက်ဟာ ဘုမ္မိဂြိုလ်စား ဘုမ္မိသက်ရောက် ကျရောက်နေတဲ့အချိန်မှာ ကျမ်းမာရေး စီးပွားရေး အိမ်ထောင်ရေး တစ်ခုမဟုတ်တစ်ခု ပျက်စီးတတ်ပါတယ်။ ကာယကံရှင် အနေမှန်သည်ဖြစ်စေ အနေမှားသည်ဖြစ်စေ ကြုံရစမြဲမို့ ကံနိမ့်ချိန်လို့ပြောနိုင်ပါတယ်။ တနင်္ဂနွေ သားသမီးအသက် ၃၀ မှ ၄၆ အထိ တနင်္ဂလာသားသမီး အသက် ၄၁ မှ ၅၀ အထိ အင်္ဂါသားသမီး အသက် ၃၆ မှ ၅၄ အထိ ဗုဒ္ဓဟူးသားသမီး အသက် ၄၇ မှ ၅၈ အထိ ကြာသာပတေးသားသမီး အသက် ၅၃ မှ ၅၈ အထိ သောကြာသားသမီး အသက် ၄၃ မှ ၅၀ အထိ စနေသားသမီး အသက် ၄၂ မှ ၆၂ အထိ ရာဟုသားသမီး အသက် ၄၀ မှ ၅၄ အထိ အထက်ပါ အသက် အပိုင်းအခြားတွေသည် နေ့သားအလိုက် ဘုမ္မိစက်ကွင်းထဲ ကျနေတဲ့ အချိန် ဖြစ်ပါသည်။ ဒီအချိန်ကာလ တလျှောက်လုံး ဆိုးကျိုးခံစားနေရမှာ မဟုတ်ပေမယ့် ဒီကာလဟာ ကျန်တဲ့ကာလတွေထက် ဘဝမှာ ပိုမို ခက်ခဲကြမ်းတမ်း တတ်ပါသည်။ မြင့်ရာကနေ နိမ့်ပါးသွားတတ်ပါသည်။ မမျှော်လင့်တဲ့ ကြမ္မာဆိုးတွေ ကျတတ်ပါသည်။ အထူးသဖြင့် ဘုမ္မိထဲ အဝင်နှစ် ဒါမှမဟုတ် အထွက်နှစ်ကို ပိုပြီး သတိထားဖို့လိုပါတယ်။ ဘုမ္မိ ၄ မျိုး ----- ၁။ ဘုမ္မိ= အသက်ကိုတည် ၈ နဲ့စား (၄)ကြွင်း။ ၂။ ဘုမ္မိလေး= အသက်ကိုတည် ၈ နဲ့စား (၇)ကြွင်း။ ၃။ ဘုမ္မိ နှစ်ထပ်= ဘုမ္မိဂြိုလ်အိပ် ကာလထဲလည်းရောက်နေချိန်၊ အသက်ကိုတည် ၈ နဲ့စား (၄)ကြွင်း တဲ့ နှစ်လည်းဖြစ်နေချိန်။ ၄။ ဘုမ္မိကြီး= ဘုမ္မိဂြိုလ်အိပ် ကာလထဲလည်းရောက်နေချိန် အသက်ကိုတည် ၈ နဲ့စား (၇)ကြွင်း တဲ့ နှစ်လည်းဖြစ်နေချိန်။ အဆိုးဆုံးကတော့ ဘုမ္မိနှစ်ထပ် နဲ့ဘုမ္မိကြီး တို့ ဖြစ်ပါသည် ။ ဘုမ္မိသည် မွေးနံနှင့် မိတ်ဖြစ်စေ ရန်ဖြစ်စေ ဆိုးကျိုးရလဒ်များ ရှိတတ်သည်။ ထို့ကြောင့် ဘုမ္မိစက်ကွင်းထဲ ရောက်နေချိန်တွင် ကံသုံးပါးကို လုံအောင်ထိမ်း ရတနာသုံးပါး မိဘဆရာ ကျေးဇူးရှင်တွေကို ဦးခိုက်ပူဇော်ဖို့သတိမမေ့ကြပါနဲ့။ သူတော်ကောင်းစိတ် မွေးသူများ ဆိုရင်တော့ ဘုမ္မိစက်ကွင်း မိသည့်တိုင်အောင် ဘုမ္မိဆိုးကျိုးက အဖျားခတ်ယုံလောက် ဆိုးကျိုးပေးပေမဲ့ သူယုတ်မာစိတ် မွေးမိပြီ ဆိုရင်တော့ အထက်က ပြောခဲ့တဲ့ ဆိုးကျိုးတွေ ခံစားရဖို့ ဖြစ်နေပါမည်။ #ဗေဒင် #မဟာဘုတ်ပညာ #လောကီဆရာ
လောကီဆရာတယောက်
Region: MM
Wednesday 30 April 2025 10:40:24 GMT
Music
Download
Comments
Theingi Hlaing.456 :
၁နွေသားသမီးအတွက် ဘုမ္မိအရပ်တောင်အရပ်
2025-06-23 15:22:23
0
Thant Zin Tun :
နားမလည်လို့တွက်နည်းလေးနဲ့ဥပမာပြပေးလို့ရမလားဆရာ
2025-05-12 16:01:57
0
May🇲🇲 :
🤭
2025-06-27 14:08:04
0
HninThet :
🥰
2025-05-20 12:42:11
0
Queen :
😂
2025-05-13 17:47:41
0
Hnin Lae ပြောင်ကြီး :
😁
2025-05-01 10:35:15
0
Hnin Lae ပြောင်ကြီး :
🥰
2025-05-01 10:35:17
0
AMM :
🥰🥰🥰
2025-04-30 17:17:53
0
To see more videos from user @lawkisayar.mm, please go to the Tikwm
homepage.