@hng.shop323: Bộ sát nách bé trai#bohechobetrai #boastnachnatra

Huong68688
Huong68688
Open In TikTok:
Region: VN
Saturday 10 May 2025 08:16:43 GMT
409
4
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @hng.shop323, please go to the Tikwm homepage.

Other Videos

လျှပ်စစ်ရရှိအောင် Solar တွေ ဘယ်လို အလုပ် လုပ်တာလဲ? နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားတွေဟာ photovoltaic (PV) effect လို့ခေါ်တဲ့ နိယာမကို အသုံးပြုပြီး နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။
လျှပ်စစ်ရရှိအောင် Solar တွေ ဘယ်လို အလုပ် လုပ်တာလဲ? နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားတွေဟာ photovoltaic (PV) effect လို့ခေါ်တဲ့ နိယာမကို အသုံးပြုပြီး နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ "Photo" ဆိုတာ အလင်းရောင်၊ "Voltaic" ဆိုတာ လျှပ်စစ်ဓာတ်အားလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဖြစ်စဉ်ကို Photovoltaic Effect လို့ခေါ်ပါတယ်။ လျှပ်စစ်စွမ်းအင် ပြောင်းလဲပုံ အဆင့်ဆင့်- ၁။ နေရောင်ခြည် စုပ်ယူခြင်း Solar panel တွေမှာ silicon လိုမျိုး semiconductor ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ photovoltaic cells (PV cells) အများအပြား ပါဝင်ပါတယ်။ PV cell တစ်ခုစီမှာ P-type နဲ့ N-type ဆိုပြီး အလွှာနှစ်ခု ပါဝင်ပါတယ်။ p-type အလွှာမှာတော့ Electron holes တွေ ပိုများနေအောင် Boron လိုမျိုး ဒြပ်စင်တွေနဲ့ ဖန်တီးထားပြီး အပေါင်းဓာတ်ကို ဆောင်ပါတယ်။ n-type အလွှာမှာ အီလက်ထရွန်တွေ ပိုလျှံနေအောင် Phosphorus လိုမျိုး ဒြပ်စင်တွေနဲ့ ဖန်တီးထားပြီး အနုတ်ဓာတ် ကို ဆောင်ပါတယ်။ ဒီအလွှာနှစ်ခုဆုံတဲ့ နေရာကို p-n junction လို့ခေါ်ပါတယ်။ ၂။ အီလက်ထရွန်များ လှုပ်ရှားခြင်း နေရောင်ခြည်ကနေ ထွက်လာတဲ့ အလင်းစွမ်းအင်အမှုန် (photons) တွေက solar panel ပေါ် ကျရောက်တဲ့အခါ PV cells ထဲက silicon အက်တမ်တွေမှာ ရှိတဲ့ အီလက်ထရွန်တွေကို စွမ်းအင်တွေ ပေးလိုက်ပါတယ်။ ဒီစွမ်းအင်တွေ ရရှိသွားတဲ့အခါ အီလက်ထရွန်တွေဟာ မူလနေရာကနေ ခုန်ထွက်ပြီး လွတ်လပ်စွာ ရွေ့လျားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ ၃။ လျှပ်စစ်စီးဆင်းမှု ဖြစ်ပေါ်ခြင်း p-n junction မှာရှိတဲ့ လျှပ်စစ်စက်ကွင်းက လွတ်ထွက်လာတဲ့ အီလက်ထရွန်တွေကို n-type layer ဘက်ကို တွန်းပို့ပေးပါတယ်။ ဒီလိုဖြစ်တဲ့အခါ n-type layer မှာ အီလက်ထရွန်တွေ စုပုံလာပြီး p-type layer မှာတော့ အီလက်ထရွန်တွေ လျော့နည်းသွားတဲ့အတွက် Electron holes တွေ ဖြစ်ပေါ်လာပါတယ်။ Electronတွေက n-type ကနေ p-type ကို ပြန်မဝင်နိုင်အောင် p-n junction က ပိတ်ဆို့ထားပါတယ်။ ဒါကြောင့် n-type layer နဲ့ p-type layer အကြားမှာ potential difference တစ်ခု ဖြစ်ပေါ်လာပြီး ဒါက ဗို့အားအဖြစ် ပေါ်ထွက်လာပါတယ်။ အီလက်ထရွန်တွေက n-type layer ကနေ p-type layer ကို ပြင်ပပတ်လမ်း တစ်ခုကနေတဆင့် (ဝါယာကြိုး) စီးဆင်းလာတဲ့အခါ လျှပ်စီးကြောင်း (current) ဖြစ်ပေါ်လာပါတယ်။ ၄။ လျှပ်စစ်စွမ်းအင် အသုံးပြုခြင်း ဒီလိုမျိုး ဖန်တီးရရှိလာတဲ့ တိုက်ရိုက်လျှပ်စီး (Direct Current - DC) ကို အိမ်သုံးပစ္စည်းတွေမှာ တိုက်ရိုက်သုံးလို့ရသလို၊ inverter လို့ခေါ်တဲ့ ကိရိယာကို အသုံးပြုပြီး ပြောင်းပြန်လျှပ်စီး (Alternating Current - AC) အဖြစ် ပြောင်းလဲပြီး အိမ်တွေ၊ လုပ်ငန်းတွေ၊ ဓာတ်အားပေးစနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ ပိုလျှံတဲ့ လျှပ်စစ်ကို ဘက်ထရီတွေမှာ သိမ်းဆည်းထားနိုင်ပြီး နေရောင်ခြည်မရှိတဲ့ ညဘက် သို့မဟုတ် တိမ်ထူတဲ့နေ့တွေမှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

About