@pudimquelate: Esse produto vai acabar com pelo da sua casa! #goldenretriever #cachorro #aspirador #tiktokshopchegou

Rafa Moraes & Pudim Nelson
Rafa Moraes & Pudim Nelson
Open In TikTok:
Region: BR
Thursday 22 May 2025 16:01:47 GMT
5410
178
15
27

Music

Download

Comments

leticiapacheli
Leticia Pacheli :
Compensa?? Pq gente demais cai pelo deles né meu essa semana só passei mão enchi a calçada de pelos
2025-05-24 16:43:46
1
erivaldoalvesdasi11
Erivaldo Alves :
Pudim lindo😍😍
2025-05-22 20:28:06
2
rafaellagdm
RAFAELLA MORAES :
Bom demais
2025-05-26 10:37:45
0
arianegonsalvez
Ariane :
amg eu não consigo olhar pro pudim, tenho muita vontade de abraçar ele, o sorriso dele é fora do normal. ele é maravilhoso 🥰
2025-05-22 18:24:09
4
sandra33847ju
Sandra :
carinha dele de apaixonado olhando pra mamãe dele 🥰🥰🥰
2025-05-22 22:04:40
2
jenni121_
Jenni :
Cadê o link?
2025-05-22 16:09:19
1
brunaeloisanegrao
brunaeloisanegrao :
me manda por favor o link do produto e o nome do produto e um beijo para o Pudim ...ele é uma fofuraaaaaaa
2025-05-23 11:49:12
0
To see more videos from user @pudimquelate, please go to the Tikwm homepage.

Other Videos

ရပ်ကွက်ရုံးထဲမှာ တစ်ဖက်က သေနတ်ကို ပေါင်ကြားညှပ်ရင်း တစ်ဖက်က ဖုန်းကို ပွတ်နေပါတယ်။ တယ်လီဂရမ် ချန်နယ်တစ်ခုကို ဝင်ကြည့်နေပုံပါပဲ။
ရပ်ကွက်ရုံးထဲမှာ တစ်ဖက်က သေနတ်ကို ပေါင်ကြားညှပ်ရင်း တစ်ဖက်က ဖုန်းကို ပွတ်နေပါတယ်။ တယ်လီဂရမ် ချန်နယ်တစ်ခုကို ဝင်ကြည့်နေပုံပါပဲ။ "မန်ဘာသစ် ငွေသွင်းရင် ဘောနပ်စ် 200% အခမဲ့ပေးမယ်။ KBZPay 09-xxxxxxxxx (အမည်) ဆီ ငွေလွှဲပြီး ချက်ချင်းကစားပါ။ ငွေသွင်း/ငွေထုတ် မြန်ဆန်ပါတယ်..." ရင်ဘတ်ဟောင်းလောင်းနဲ့ ကပြနေတဲ့ ကောင်မလေးကို အတန်ငယ် စိုက်ကြည့်လိုက်ပြီး ကျော်သွားပါတယ်။ အဲဒီရဲအပါအဝင် ဆိုရှယ်မီဒီယာ မျက်နှာပြင်တွေပေါ်မှာ နေ့စဉ်နဲ့အမျှ ရွှေရောင် တဖိတ်ဖိတ် တောက်နေတဲ့ ရုပ်ပုံတွေနဲ့အတူ အဲဒီ KBZPay / WavePay အကောင့်နံပါတ်တွေကို ပြောင်ပြောင်တင်းတင်း ဖော်ပြပြီး ငွေသွင်း/ငွေထုတ် မြန်ဆန်ကြောင်း အာမခံနေတဲ့ လောင်းကစားကြော်ငြာမျိုးကို မြန်မာနိုင်ငံထဲမှာ မမြင်ဖူးသူဆိုတာ ရှိမယ်မထင်ပါဘူး။ ယနေ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ဆိုးရွားနေချိန်မှာ ပေါ်ပေါ်ထင်ထင် ကြီးထွားလာနေတဲ့ "ကျွဲစလော့" အွန်လိုင်းလောင်းကစားတွေဟာ တစ်ဦးတစ်ချင်းရဲ့ ကိုယ်ကျင့်တရား အားနည်းချက်သက်သက်ကြောင့် ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။ ဒီမျှ ကြီးမားကျယ်ပြန့်တဲ့ ဒစ်ဂျစ်တယ် လောင်းကစား ကွန်ရက်တစ်ခု မြန်မာနိုင်ငံတစ်ဝန်း လည်ပတ်နိုင်ဖို့အတွက် အဓိက မောင်းနှင်အားကတော့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေဖြစ်တဲ့ KBZPay နဲ့ WavePay ပင် ဖြစ်ပါတယ်။ ဒီနေရာမှာ အထူးဆန်းဆုံးမေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ အာဏာပိုင်တွေနဲ့ ဘဏ်ကြီးတွေဟာ နည်းပညာဆန်းသစ်မှုတွေကို အသုံးပြုပြီး လျှို့ဝှက်စွာ ငွေလွှဲပြောင်းနေကြတဲ့ တော်လှန်ရေး ထောက်ပို့ အကောင့်တွေနဲ့ ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေကိုကျတော့ အချိန်အတိုအတွင်း ဖော်ထုတ်၊ ခြေရာခံ၊ ပိတ်ဆို့ပြီး လူကိုပါ လိုက်လံဖမ်းဆီးနိုင်ကြပါတယ်။ ဒါပေမဲ့ တဖက်မှာကျတော့ ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်နဲ့ တစ်တော့ တွေပေါ်မှာ အကောင့်နံပါတ်၊ နာမည်၊ ဖုန်းနံပါတ်တွေကို ပေါ်ပေါ်ထင်ထင် ကြော်ငြာထားတဲ့ လောင်းကစား KBZPay / WavePay အကောင့်တွေကိုကျတော့ လပေါင်းများစွာ ကြာမြင့်တဲ့အထိ ဘာကြောင့် ခြေရာမခံ၊ မပိတ်ဆို့ဘဲ ဘေးမဲ့ပေးထားကြတာလဲ။ အဖြေက ရှင်းပါတယ်။ ငွေကြေးစောင့်ကြည့်ရေး နည်းပညာ မရှိလို့ မဟုတ်ဘဲ တမင်တကာ မသိချင်ယောင် ဆောင်ထားကြလို့ပါပဲ။ ကြီးမားသော အကျိုးအမြတ် ခွဲဝေမှု: ကျွဲဂိမ်းထဲမှာ တစ်ရက်ကို ငွေကြေးလွှဲပြောင်းမှု အကြိမ်ရေ သိန်းနဲ့ချီ ရှိနေပြီး၊ တစ်ရက်ကို ကျပ်သိန်းပေါင်း သိန်းနဲ့ချီ (တစ်လကို ကျပ်ဘီလီယံ ၃၀၀ ကျော် သို့မဟုတ် ဒေါ်လာ ၆၆ သန်းကျော်) လည်ပတ်နေပါတယ်။ ဒီမျှကြီးမားတဲ့ ငွေကြေးစီးဆင်းမှုကနေ ရရှိတဲ့ ဝန်ဆောင်ခတွေနဲ့ အထက်ပိုင်း ဆက်ကြေးတွေကြောင့် ဘဏ်တွေနဲ့ အာဏာပိုင်တွေက လောင်းကစား အကောင့်တွေကို တမင် မျက်ကွယ်ပြုပေးထားကြတာ ဖြစ်ပါတယ်။ လောင်းကစားသူ တစ်သန်းမှာ လူဆယ်ဂဏန်းအနည်းငယ်သာ သူဌေးဖြစ်ကံထူးနိုင်ဖို့ ဖြစ်နိုင်ချေကို တွက်ချက်ပြီး ပရိုဂရမ် ရေးဆွဲထားပြီးသား ဖြစ်ပါတယ်။ ကျန်ရှိတဲ့သူ အများစုကတော့ နေ့ပြန်တိုး၊ နာရီတိုးတွေအထိ တင်ရှိပြီး အကြွေးပင်လယ်ထဲကို တစ်စက်ချင်း မြုပ်သွားကြရတာပါပဲ။ အိမ်ပိုင်၊ ကားပိုင် ရှိပါလျက်နဲ့ မိသားစုမသိဘဲ ကျပ်သိန်း ရာထောင်ချီ ဆုံးရှုံးပြီး ဘဝပျက်သွားကြသူတွေလည်း မရေတွက်နိုင်တော့ပါဘူး။ အထူးသဖြင့် တာဝန်ချိန်အတွင်း ဖုန်းနဲ့ ဂိမ်းဆော့ပြီး ရှုံးနိမ့်သွားတဲ့အခါ၊ သူတို့အတွက် ငွေရပေါက်အနေနဲ့ မော်တော်ယာဉ်တွေနဲ့ အခြားကိစ္စတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အမှုရှာဖမ်းဆီးတာ၊ ငွေညှစ်တာတွေ လုပ်လာကြပါတယ်။ ဆိုလိုတာကတော့ ရာဇဝတ်မှုကို တိုက်ဖျက်ရမယ့် ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က ကျွဲစလော့ဂိမ်းရဲ့ သားကောင်တွေနဲ့ ငွေညှစ်သူတွေ ဖြစ်လာနေကြတာပါပဲ။ကြီးမားပျံ့နှံ့နေတဲ့ လောင်းကစားဒဏ်ကို တားဆီးရမယ့်သူတွေက တမင်လွှတ်ပေးထားကြတာလဲ။ အကြမ်းဖက်စစ်တပ်လက်ထက်မှာ ဒီကျွဲဂိမ်းတွေကို လူထုကို အာရုံလွှဲဖို့၊ စီးပွားရေးအရ ကြပ်တည်းနေချိန်မှာ မျှော်လင့်ချက်မဲ့နေတဲ့ ပြည်သူတွေအတွက် ထွက်ပေါက်အတုအယောင်တစ်ခုအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ သမိုင်းကြောင်းအရ ၁၉၈၈ အာဏာသိမ်းပြီးမကြာမီ စီးပွားရေး ကျပ်တည်းချိန်မှာ မြန်မာနိုင်ငံအတွင်းကို ချဲထီဂဏန်းတွေ ဝင်ရောက်လာခဲ့စဉ်က ဖြစ်စဉ်မျိုးနဲ့ အလွန်တရာ တိုက်ဆိုင်နေပါတယ်။ ဘယ်သူတွေက တားမြစ်ပိုင်ခွင့်ရှိသလဲလို့ မေးရင် အနီးစပ်ဆုံးနဲ့ အဓိကကျဆုံး တာဝန်ရှိသူတွေဟာ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုပေးနေသူတွေပဲ ဖြစ်ပါတယ်။ KBZPay၊ WavePay အစရှိတဲ့ မိုဘိုင်းငွေကြေးလွှဲပြောင်းမှု လမ်းကြောင်းတွေ ဆက်လက် ရပ်တည်ခွင့်ပေးနေသမျှ ကာလပတ်လုံး ဒီဂိမ်းတွေကို လူထုက ဆော့ကစားနေကြဦးမှာပါပဲ။ ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ "ကျွဲစလော့" ဂိမ်းပြဿနာဟာ အပျော်တမ်း ကစားကြတဲ့ ပွဲတစ်ပွဲ မဟုတ်ပါဘူး။ ဒါဟာ စီးပွားရေး၊ လူမှုရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အတွင်းကနေ ပုပ်ဆွေးစေနေပြီး၊ နိုင်ငံသားတွေရဲ့ ဘဝတွေကို စုတ်ပြတ်သတ်စေနေတဲ့ အန္တရာယ်အကြီးမားဆုံး ဒစ်ဂျစ်တယ် အဆိပ်အတောက်ပင် ဖြစ်တော့တယ်။

About