@thet.soe.oo92: # ကာလီမယ်တော်ရဲ့ကြင်ယာတော်ဟာ ဘုရားရှင်ရှီဗားရဲ့မဟာကာလ်းအသွင်ဖြစ်တယ်။ ကာလီမယ်တော်အမည်ဟာ-ကာလ်း(ကာလ)အချိန်ကိုပိုင်စိုးသူ(အချိန်ကိုယ်တိုင်ဖြစ်တယ်)လို့အဓိပ္ပာယ်ရှိပါတယ်။ ကာလီမယ်တော်ရဲ့မျက်လုံးတော်၃ဆူဟာ ဖြစ်ခြင်း၊တည်ရှိခြင်း၊ပျက်ခြင်း နဲ့ အတိတ်၊ပစ္စုပ္ပါန်၊အနာဂါတ် စတဲ့မတည်မြဲခြင်းနဲ့ကာလ၃ပါးကိုကိုယ်စားပြုပါတယ်။ ကာလီမယ်တော်ဟာအချိန်ကာလကိုယ်တိုင်ဖြစ်ပြီးအရာရာအားလုံးဟာအချိန်ကာလရဲ့စိုးမိုးထားခြင်း ခံရပါတယ်။ ကြောက်ရွံ့စရာအသွင်ဆောင်ယူထားတာဟာမိမိလောကသားသမီးများကိုကာကွယ်ဖို့အတွက်ဆောင်ယူထားတာဖြစ်တယ် ။မိခင်၁ဦးဟာဘယ်လိုရူပရှိရှိချစ်ဖို့ကောင်းနေတာပါပဲ။ ကာလီမယ်တော်ဟာသွေးအားသောက်သုံးခဲ့သလိုလျှာကြီးလဲထုတ်ထားပါတယ်ဘာကြောင့်လဲဆိုတာယခုသမိုင်းအားဖတ်ရှုကြည့်ပါ။ Kali mata(ကာလီမယ်တော်သမိုင်းကြောင်း) devimahatmyaကျမ်းစာအခန်း၈အားအစဥ်ပြေသလိုဘာသာပြန်တင်တာဖြစ်ပါတယ်။ ရက်တဘီးဂျ် လို့ခေါ်တဲ့အသူရာဟာဗဘရ်မာကြီးထံကနေမိမိသွေးတစ်စက်မြေပေါ်ကျရင်အသူအရာ၁ယောက်တိုးလာမဲ့ဆုကိုတောင်းခံထားသူဖြစ်တယ်။ ဒီ ရက်တဘီးဂျ်မိစ္ဆာကို ဘုရားရှင်များမယ်တော်ဘုရားများကသုတ်သင်တိုင်း၁ယောက်စီတိုးနေတော့အခက်တွေ့လာကြပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ကာလီမာသားအနေနဲ့စစ်ပွဲအတွင်းပေါ်ထွန်းလာပါတော့တယ် မာသားဟာခက်ထန်ကာ မယ်တော့ကိုမြင်ရုံနဲ့မိစ္ဆာစစ်တပ်ကြီးသာမက နတ်သိကြားများပင်တုန်လှုပ်ခြောက်ခြားကုန်ရပါတယ် ။ ကာလီမာသားဟာ ရက်တဘီးဂျ်မိစ္ဆာ၁ယောက်ချင်းစီအားမိမိဓားကောက်နဲ့ဖြတ်တောင်နှိမ်နင်းလိုက်ပါတယ် ဦးခေါင်းများအားပန်းကုံးသဖွယ်ဆင်မြန်းလိုက်ပါတယ်။ နောက်ဆုံးမူလ ရက်တဘီးဂျ်ကိုတော့ဥဦးခေါင်းဖြတ်တောက်သုတ်သင်ပြီးသွေးမြေပေါ်မကျစေဖို့မိမိပါးစပ်အတွင်းသောက်သုံးတော်မူလိုက်ပါတော့တယ် ဤသို့သွေးအားသောက်သုံးနေတဲ့အသွင်ကို Raktheshwari_ရက်သေးရွှရီဟုလဲခေါ်ပါတယ်။ မိစ္ဆာကျရှုံးပြီးသည့်တိုင်မယ်တော်ဘုရားကဒေါသပြင်းထန်လွန်းလို့စက်ြာဝဋာပင်ပျက်ဆီးစေလာနိုင်ပါတယ် ထိုအရာကိုတားဖို့ရှီဗား ဘုရားရှင်ဟာကာလီမယ်တော်ခြေတော်အောက်ဝင်လျောင်းတော်မူကာ ထိန်းချုပ်​ဒေါသပြေစေတော်မူလိုက်ပါတော့တယ်။ ကာလီမယ်တော်ဟာစွမ်းအင်သာဖြစ်ပါတယ်အထက်လမ်းအောက်လမ်းဘာမှနဲ့မဆိုင်ပါ။ကာလီမယ်တော်ဟာဘုရားရှင်များပင်ဦးညွတ်ပင့်ဖိတ်ရတဲ့ဘုရားရှင်၁ဆူဖြစ်တာမို့အောက်လမ်းနဲ့လဲမဆိုင် ဝင်လဲဝင်မပူးတတ်ပါ။ ကာလီမယ်တော်ဝင်ပူးတယ်ဆိုပြီးလိမ်လည်နေသူတွေဟာလဲမိမိတို့အပစ်မိမိတို့သာခံကြရမှာဖြစ်တယ်။အခြေနေအရသာလောကကိုကယ်တင်ဖို့သွေးအားသောက်သုံးတော်မူတာပါ ။ နောက်ပြီးကာလီမယ်တော်လျှာထုတ်ပြီးသွားနဲ့ကိုက်ထားတာဟာအလကားမဟုတ်ပါဘူး မိမိတို့အာရုံတွေကိုချုပ်တီးပယ်ဖြတ်ပြီးငါ့ဘုရားရှင်ထံခိုဝင်လော့ဟု ဆိုလိုတာဖြစ်တယ်။ ကာလီမယ်တော်ဟာလောကအလုံးစုံရဲ့မိခင်ဘုရားမြတ်ဖြစ်ပြီး နတ်လဲမဟုတ် ပါ။ဝင်လဲမပူးပါကာလီမယ်တော်သာဒေါသထွက်ခဲ့ရင်အနန္တစင်္ကြဝဋာပင်ချက်ချင်းအမှုန်ဖြစ်သွားနိုင်ပါတယ် #မဟာကာလီ #၃၇မင်းအကျိုးတော်ဆောင်နတ်ဆရာလေး ဆရာသက်စိုးဦး

Thet Soe Oo
Thet Soe Oo
Open In TikTok:
Region: MM
Sunday 01 June 2025 08:12:49 GMT
16695
464
8
27

Music

Download

Comments

mgnaynay6
😘🏳️‍🌈ရွှေလရောင်🏳️‍🌈😘 :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏အမားအားသားနမောမဟာကာလီ🙏🙏🙏
2025-06-01 08:15:36
1
mweikhaunghom
mwei :
🥰
2026-01-03 13:42:45
1
thetsusoe
得素 :
😳
2025-11-15 13:38:02
1
mg.chit.man.ian
ချစ်စရာလေးကိုကို🕉️🕉️🕉️ :
🙏🙏🙏
2025-10-24 12:05:29
1
.mdy3710
ကန္နားစီး မေလှိုင်မိုး ( Mdy ) :
🙏🙏🙏
2025-06-01 09:49:37
1
yoonyoon9118
YoonYoon :
🙏🙏🙏🙏🙏🙏🙏🙏
2025-06-01 13:13:37
0
warwar19860
🐷 :
😞
2026-04-04 07:19:46
0
warwar19860
🐷 :
🥰
2026-04-04 07:19:49
0
To see more videos from user @thet.soe.oo92, please go to the Tikwm homepage.

Other Videos


About