@yar.yar.771: ဖခင်များနေ့ဒေသနာ ဖခင်ဆိုတာ သားသမီးတွေရဲ့ ချစ်ခြင်းကို မိခင်တွေလောက် မရရှိပါဘူး။ တစ်ချို့ဖခင်ကို မိခင်ထက်ပိုချစ်တဲ့ သူတွေရှိနိုင်ပေမဲ့ ရာခိုင်နှုန်းအရဆိုရင် မိခင်ကိုပိုတဲ့သူတွေ များပါတယ်။ ဘာကြောင့်လဲဆိုရင် ဖခင်တွေက သားသမီးတွေနဲ့ နီးနီးကပ်ကပ် နေလေ့မရှိဘဲ မိခင်တွေကသာ သားသမီးတွေနဲ့ပိုပြီး နီးကပ်နေကြလို့ပါပဲ။ ဒါကြောင့်သီချင်းဖွဲ့နွဲ့သီဆိုမှုတွေမှာဆိုရင် မိခင်မေတ္တာဖွဲ့သီချင်းတွေက ပိုများနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စာလေးတပုဒ်မှာ ဘာဖော်ပြထားလဲဆိုရင် သားသမီးတွေဟာ အိမ်ကို ဖုန်းဆက်တဲ့အခါ ဖခင်နဲ့ ဖုန်းပြောလေ့မရှိပါဘူးတဲ့။ ပြောရင်လည်း အမေ့ကို ခေါ်ပေးလို့ပဲ ပြောတတ်ကြပါတယ်တဲ့။ အသင်းတော်တွေမှာဆိုရင် အမေများနေ့ဂုဏ်ပြုတဲ့အခါ ပိုခမ်းနားကြီးကျယ်စွာ လုပ်ကြပြီး ဖခင်များနေ့ကျ သိပ်ပြီး အလေးမထားတာမျိုးလည်း ရှိတတ်ပါတယ်။ အမှန်တကယ်ကတော့ ဖခင်နဲ့ မိခင်ဆိုတာလည်း တစ်တန်းထဲထား ဂုဏ်ပြုကာ ချစ်နေပေးဖို့ အရမ်းအရေးကြီးပါတယ်။ ယနေ့ ဖခင်များနေ့မှာ ဖခင်များရဲ့ ကျေးဇူးကို ပြန်လည်အမှတ်ရဖို့ ဖခင်များကို အကောင်းဆုံးဂုဏ်ပြုဖို့ရန် အချက်( ၃)ချက်အား ဖြင့် တိုက်တွန်းလိုပါတယ်။ ၁။ ဖခင်များသည် ဂုဏ်ပြုခံထိုက်သူများ ဖြစ်ပါသည်။ -------------------- ဖခင်တွေဟာ သားသမီတွေကို မိခင်များချစ်သလို ချစ်ကြပါတယ်။ ချစ်ပုံချစ်နည်းမတူညီသောကြောင့်သာ မိခင်က ပိုချစ်သလို သားသမီးတွေက ခံစားနေရတာ ဖြစ်ပါတယ်။ ကမ္ဘာဦးကျမ်း ၂၇း ၂၈. ၂၉မှာ ယာကုပ်ဟာ သူ့သားကို ကောင်ကြီးပေးတဲ့ အကြောင်းဖော်ပြထားပါတယ်။ ကောင်းကြီးပေးတဲ့အခါမှာလည်း ဖြစ်သလိုကောင်းကြီးမပေးပါဘူး ဖခင်တွေဟာ သူတို့သားသမီးကို သူတို့ထက်သာစေချင်၊ တော်စေချင်ပါတယ်။ သားသမီးတွေ ဆင်းရဲမှာ မကြည့်ချင်သလို အမြဲတမ်းစိတ်ချမ်းသာစေချင်ပါတယ် ဖခင်တွေဟာ အပြောအဆိုအပြုအမူနဲ့ ချစ်ပြတာထက် လက်တွေ့ဘဝကို ရင်းပြီး ချစ်ပေးနေသူများဖြစ်ပါတယ်။ဒါကြောင့်ဖခင်များဟာ မိခင်များနဲ့ တန်းတူ ဂုဏ်ပြုထိုက်သူများ ဖြစ်ပါတယ်။ သင့်ဖခင်ကို သင်စိတ်ဆိုးနေလား။ သင့်ဖခင်ကသင့်ကို မချစ်ဖူးလို့ သံသယဝင်နေလား။ အရမ်းချုပ်ချယ်တယ်လို့ ခံစားနေရပါသလား။ ဒီလိုအတွေးတွေရှိရင် မောင်းထုတ်လိုက်ပါ။ သင့်ဖခင်က သင့်ကို အန္တရာယ်ကင်းကင်းနဲ့ သင့်ကို သူ့ထက်သာစေချင်ပါတယ်။ သင့်ဖခင်ကို ဂုဏ်ပြုပေးလိုက်ပါ။ လက်ဆောင်ပစ္စည်းနဲ့ ဂုဏ်မပြုနိုင်ရင် ဖခင်စကားနားထောင်ခြင်း၊ ဖခင်ကို ချစ်ခြင်း၊ မိသားစုတာဝန်ကို မျှထမ်းပေးခြင်ဖြင့် ဖခင်များကို ဂုဏ်ပြုလိုက်ပါ။ ၂။ ဖခင်များသည် ကြီးမြတ်သော နှလုံးသား ပိုင်ရှင်များ ဖြစ်သည်။ ဖခင်များရဲ့နှလုံးသားဟာ ကြီးမြတ်ပါတယ်။ အဝတ်အစားစုတ်ချင်စုတ်မယ်။ ဖိနပ်အစုတ်စီးချင်စီးမယ်။ ရုပ်ရည်ကြမ်းချင်ကြမ်းမယ်။ အပြောအဆိုနူးညံ့ချင်မှ နူးညံ့မယ်။ သူတို့ရဲ့နှလုံးသားကတော့ သားသမီးတွေနဲ့ ပက်သက်ရင် အင်မတန် ကြီးမြတ်သူများ ဖြစ်ပါတယ်။ ၂ရာ ၁၈ မှာ ပြန်ကြည့်ရင် ဒါဝိဒ်မင်းကြီးနဲ့ သူ့သား အဗရှလုံအကြောင်းတွေ့ရပါတယ်။ အဗရှလုံဟာ ဖခင်ဒါဝိဒ်ကို ပုန်ကန်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဝိဒ်ဟာ သူ့သားကို အမြဲခွင့်လွှတ်ပေးပါတယ်။ သူ့သားနဲ့တိုက်ခိုက်ရတဲ့အခါ သူ့သားကို သက်ညှာပေးဖို့ သူ့လူတွေကို မှာကြားပါတယ်။ စစ်ပွဲထဲမှာ သူ့သားဆုံးတဲ့သတင်းကို ကြားတဲ့အခါမှာလည်း သူ့သားအစား သူသာသေလိုက်ချင်တယ်ဆိုပြီး ငိုကြွေးခဲ့ပါတယ်။ ဒါဝိဒ်လိုစိတ်မျိုး ဖခင်တိုင်းမှာ ရှိပါတယ်။ သားသမီးတွေက ဖခင်ကို ဘယ်လောက်ပဲအမှားလုပ်ပါစေ။ သူ့ထက် မိခင်ကိုပိုချစ်တယ်ဆိုတာသိပေမဲ့လည်း အမြဲခွင့်လွှတ်ပေးပါတယ်။ ကျွန်တော်ပုသိမ်မှာ ဆေးရုံတတ်စဥ်ကလည်း ကျွန်တော့်အဖေဟာ ကျွန်တော်ခံစားရတဲ့ ဝေဒနာကို သူသာခံလိုက်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သားသမီးတွေပို မနာကျင်စေချင်၊ မခံစားစေချင်တာ ဖခင်တိုင်းရဲ့ နှလုံးသား ဖြစ်ပါတယ်။ ၃။ ဖခင်များသည် သားသမီးများကို ကောင်းကြီးပေးနိုင်သူများ ဖြစ်သည်။ ဖခင်များဟာ သားသမီးတွေကို ကောင်းပြီးပေးနိုင်ပါတယ်။ ဒါကြောင့် သားသမီးတွေကို ဆဲတာ၊ ကျိန်တာ၊ ကြမ်းတမ်းတဲ့ စကားတွေ မပြောဘဲ ကောင်းကြီးပေးတဲ့ စကားတွေကို ပြောဖို့ အရေးကြီးပါတယ်။ ဘုရားသခင်ဟာ မျိုးရိုးစဥ်ဆက်ကောင်းကြီးပေးတဲ့ ဘုရားဖြစ်တာကြောင့် အိမ်ထောင်ဦးစီးဖခင်ကနေ ကောင်းကြီးမဂ်လာကို သားစဥ်မြေးဆက် စီးဆင်းသွားရမှာပါ။ ဓမ္မဟောင်းကျမ်းထဲမှာ ပြန်ကြည့်ရင် မောရှေလက်မြောက်ကောင်းကြီးပေးတဲ့အခါ ဣသရေလူမျိုးတွေဟာ စစ်ပွဲနိုင်ပြီး မောရှေလက်ချလိုက်ရင် ရှုံးနိမ့်တယ်လို့ ဖော်ပြထားပါတယ်။ အိမ်ထောင်မှာ ဖခင်တွေဟာ ဘုရားနဲ့သွားလာနေမယ်။ ကောင်းကြီးပေးမယ်ဆိုရင် အိမ်ထောင်ဟာ ကောင်းကြီး ရနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဖခင်တွေဟာလ​ည်း မိမိတို့အပေါ်ဘုရားပေးထားတဲ့ တာဝန်ကို မမေ့ဖို့အရေးကြီးပါတယ်။ ငါတို့ဟာ မိသားစုကို ကောင်းကြီးပေးနိုင်တဲ့ သူတွေ ဖြစ်တယ်ဆိုတာသိပြီး သတိပြု အသက်ရှင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တိုင်းဟာ ဂုဏ်ပြုခံထိုက်သူတွေဖြစ်ပါတယ်။ ဖခင်များကို ဂုဏ်ပြုပါ။ ကြီးမြတ်တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ပါတယ်။ လေးစားပါ။ ကောင်းကြီးပေးနိုင်သော သူများ ဖြစ်ပါတယ်။ တန်ဖိုးထားပါ။ #crd_to_owner_with_respect🙏

Yar Yar 771
Yar Yar 771
Open In TikTok:
Region: MM
Saturday 14 June 2025 15:40:43 GMT
18069
909
21
115

Music

Download

Comments

user123736839
Babylay :
ချစ်တယ်အဖေ🥰
2025-06-15 09:30:57
1
nanchanmay
✝️Nan🥰🌹💜♈ :
Happy Father Day 🥰🥰🥰
2025-06-15 08:17:28
1
moepapasi7
နေခြည်မိုးသဲ :
သက်ရှိဖေဖေများ ကျန်းမာပျော်ရွှင်ပါစေ🙏🙏🙏🙏🙏🙏🙏🙏
2025-06-15 14:17:26
1
dasydasydasydasy0
dasydasydasydasy0 :
ဖခင်တိုင်း ဘုရားကောင်းကြီးပေးပါစေ
2025-06-15 02:22:59
1
user7509771496628
user 💒☝KJO🤴ခ👸👫💗💓💝💞 :
ကျေးဇူးတင်ပါတယ်အဖေ🙏🙏🙏
2025-06-15 05:12:45
1
sengtumaran305
Seng Tu Maran305 :
AMEN
2025-06-15 06:17:26
1
shine66670
ခင်မို့မို့အေး :
@အာမင်🥰🥰🥰🥰🥰
2025-06-14 18:16:54
1
happyday3907
Happy Day :
Happyfatherday🥰🥰🥰🥰🥰🥰🥰🥰
2025-06-15 10:28:09
1
user7619923668397
user7619923668397 :
🥰🥰🥰
2025-06-16 00:47:27
1
esther7470
Esther နိုနို့ :
🥰🥰🥰
2025-06-15 11:24:23
1
la.hu7302
la.hu7302 :
🥰🥰🥰
2025-06-15 12:25:16
1
yeyint1455557
လူရွှင်တော်လန်ဒန် :
🥰🥰🥰
2025-06-15 13:07:19
1
maykhit1988
May khit🤍🤎🇲🇲🇹🇭 :
🥰🥰🥰
2025-06-15 14:17:52
1
isbalshwe
ZinZin :
🥰🥰🥰🥰
2025-06-15 07:06:39
1
ezyoulove
Xxxi 2002 🇱🇹 loveTai✝✝⭐⭐😍😍 :
🙏
2025-06-15 08:05:27
1
user181656705811
user181656705811 :
😭😭🌹🌹🌹🌹🌹🌹💙💞💙💞💙
2025-06-15 09:09:02
1
daw.thin.thin.aye31
Daw Thin Thin Aye :
🥰🥰🥰
2025-06-15 09:49:52
1
lapyaepyae7
🍇La pyae ✝️😊 :
🥰🥰🥰
2025-06-14 16:28:18
2
lethlethwin
Jasmine :
❤️❤️❤️
2026-02-18 16:59:51
0
lahuma6819
lahuma6819 :
🥰🥰🥰
2026-06-15 02:49:16
0
mamal5428
❤️Su Mon❤️ :
အ ေဖကိုအရမ်းသတိရတယ်
2025-08-26 16:18:47
0
To see more videos from user @yar.yar.771, please go to the Tikwm homepage.

Other Videos


About