@thatlwinaung0: #အဖေဆုံးသွားတဲ့နေ့ မင်းအဖေ ဆုံးသွားပြီ နင့်အဖေ ဆုံးသွားပြီဆိုတဲ့ အသံမျိုးကို အဖေ ဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့ စကားလည်းဖြစ်သလို မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ ။ အဲဒီအချိန်အခိုက်တန့်လေးမှာ ခံစားရတဲ့ခံစားချက်က ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်။ အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ ။ ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ် ။ ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့ အသံတစ်သံထွက်ကျလာခဲ့တယ်လေ အဲဒါက " အဖေ " ဆိုတဲ့စကားတစ်ခွန်းပေါ့ ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။ အကြောက်တရားတွေလည်းကင်းနေပြီ ။ အဖေ့ကို ဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက နောက်နေ့တွေကစတင်ပြီး လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ငါဟာ အဖေလို့ခေါ်ခွင့်မရှိတော့တဲ့ သူလို့ . . . ။ အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့ ထမင်းတစ်လုတ်လောက်တော့ အဖေ့ကိုကျွေးချင်မွေးချင်ခဲ့တယ် . . . ဒါပေမယ့် အဖေက ဘေးနားမှာရှိမနေတော့ဘူးလေ။ သူများသားသမီးတွေ အဖေ အဖေလို့ခေါ်တဲ့အသံကို ကြားရတိုင်း အခုဆိုရင် အဖေဘယ်ဘဝများ ရောက်နေသလဲ ၊ အဖေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အဖေ လို့တမ်းခဲ့တယ်။ " ရှာရင်လည်းတွေ့ . . . ကြာရင်လည်းမေ့ဆိုတဲ့ " ဒီစကားထဲမှာ အဖေတွေတော့ မပါလောက်ဘူး ထင်ပါရဲ့နော် ။ ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ် ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ မမေ့ပါရစေနဲ့ ။ လက်တွေ့မှာ အဖေ မရှိပေမယ့် ရင်ထဲမှာတော့ အဖေ့ကိုဖက်တွယ်ထားပါရစေ။ အဖေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့် စိတ်ထဲကအလိုရှိတဲ့အခါ တမ်းတပါရစေ။ ပြန်မဆုံနိုင်တော့တာသိပါလျက်နဲ့ အဖေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း အဖေ့ကိုလေ ရူးမိုက်စွာနဲ့ပဲ မျှော်နေတတ်ကြတယ်ဆိုတာပါဘဲ.... { credit to original with respect }#လူငယ်များအတွက်ဗဟုသုတစာပေများ #စာပေဗဟုသုတများ #ဘဝစာပေနှင့်အသိပညာဗဟုတုတများ #ဘဝအတွက်စာပေ #စာအုပ်စာပေလူ့မိတ်ဆွေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသ
K ʜᴏɴɴ.✓
Region: MM
Sunday 15 June 2025 09:05:31 GMT
Music
Download
Comments
✨𝑂𝑙𝑖𝑣𝑖𝑎✨ :
စာသားလေးcopyလိုချင်လို့ပါပေးပါလားဟင်ဒီနေ့မနက်ပဲအဖေ့ကိုဆုံးရှုံးလိုက်ရလို့ပါ😭😭😭
2026-10-08 04:30:21
0
Đàw Khàm🍁 :
စာသားလေးပြန်တင်ချင်လို့ပါ
2026-08-08 02:36:37
1
🌻နေကြာပန်းလေး🌻🌻🌻 :
စာသားလေးပြန်သုံးမယ်နော်
2026-10-02 16:54:30
1
moesan :
အဖေဆုံးတုန် ကိုယ်က သုံးနှစ်သမီးလေးဘဲရှိသေးတယ်ဆိုတော့ အဖေဆုံးတာဘယ်နေ့လဲဆိုတာမသိခဲ့ဘူ🥺
2026-08-09 21:20:58
1
dawmyintmyintsan715 :
စားသားလေးပြန်တင်ချင်လို့ပါ❣️
2026-07-18 23:51:47
1
🍀ကံကုန်းသူ🍀🌻🇲🇲🇹🇭 :
စာသားလေးကြိုက်လို့copy😊
2026-09-13 14:26:20
1
ATun...*(mommy)* :
စာသားလေးပို့ပေးပါလား
2026-07-22 14:33:40
1
Su Mon :
Copy ပါရစေ
2026-09-09 14:51:55
1
Ah Thay lay :
21 1 026😭😭လွမ်းတယ်အဖေရယ်
2026-08-26 16:23:52
1
Nora nora :
စာသားလေးပြန်ယူသုံးပါရစေ
2026-09-05 16:16:32
1
Thae Thae :
စာသားလေးချပေးပါလားရှင့်
2026-08-31 12:49:48
1
M ^ _ ^💞 :
စာသားလေးပို့ပေးပါလား အဖေမရှိတဲ့ဘဝမို့ပါ ကျေးဇူးပြု၍ 😔
2026-03-01 03:32:54
2
Nant Tha Zin Myint :
စာသားလေးပြန်တင်ချင်လို့🙏
2025-11-23 08:28:46
1
🍀May🍀 :
စာသားချပေးပါလားဟင်
2026-08-19 14:05:46
1
khinmyatnooe :
repost လုပ်ခွင့်ပြုပါရှင်
2026-06-19 12:01:15
1
Zin Zin Fashion &Design 😍😍😍 :
စာသားလေးကြိုက်လို့copy🥰🥰
2026-06-23 08:18:17
1
Keenie 29 :
စာသားလေးပို့ပေးပါလား
2026-07-26 11:39:36
1
Elena :
မူရင်းရေးသူ သိချင်ပါတယ်
စာအုပ်နမည်လေးပြောပြပေးပါလား😔😔
2026-02-14 15:53:22
1
Nant Hnin Yu Swe :
စာသားလေးပေးပါ့လား မနေ့ကပဲအပါးကိုဆုံးရှုံးလိုက်ရပြီ😌😭😭😭
2026-10-12 07:20:21
1
khaing Nann zabu👫🐷🐷🐷 :
စာလေးချပေးပါလား.အဖေသတိရလို့တင်ချင်လို့ပါ
2026-08-23 15:23:56
1
🍒 :
သကြန် အကြိုနေ့ပေါ့ အဖေနှုတ်ဆက်သွားတယ်💔🥀
2026-10-17 01:35:43
0
🌸Daw Thu Zar Hein🌸 :
စားသားလေးလိုချင်ပါတယ်၃၀ရက်နေ့ဆိုအဖေဆုံးတာ၅နှစ်ပြည့်ဟုလို့ပါ
2026-04-28 13:24:52
0
C :
စာသားလေးပြန်ယူချင်လို့ပ့ဗျ
2026-05-07 11:29:50
1
Thin Thin🇹🇭🇹🇭👩🏼🇲🇲🇲🇲 :
စာသားလေးပြန်တင်ခွင့်ပြုပါရှင် 🙏🙏
2026-10-10 13:40:10
1
🐰 :
15.7.2026🕊️🥺🙏
2026-10-14 14:09:21
1
To see more videos from user @thatlwinaung0, please go to the Tikwm
homepage.